Balances

in #esteem6 years ago

သူ့ဖက်​ကိုယ့်​ဖက်​ နှစ်​ဖက်​မျှကြည့်​ပါ။

အတ္တစိတ်​​တွေ လွှမ်းမိုးအားကြီးတဲ့သူ​တွေက ဘယ်​​သူ​တွေဘယ်​လိုအ​ခြေ​နေ​ရောက်​​ရောက်​ ကိုယ်​အဆင်​​ပြေရင်​ ပြီး​ရော လက်​လွတ်​စပယ်​ ပြုမူ​ပြောဆို​လေ့ရှိကြတယ်​။

ကိုယ့်​အတွက်​ဘာမှမဟုတ်​ဘူးလို့ထင်​ပြီး လက်​လွတ်​စပယ်​ ​ပြောဆိုပြုမူလိုက်​တဲ့ ကိစ္စတစ်​ခုက အပြုခံရသူအတွက်​ အရမ်းနာကျင်​ခံစားသွားရတာ​တွေရှိတယ်​။

ကိုယ့်​​နေရာကသာကြည့်​ပြီး ​တဖက်​သားရဲ့ အခက်​ခဲဒုက္ခအ​ခြေ​နေ​တွေကို ထည့်​မစဉ်းစားတတ်​တဲ့အခါ ကိုယ့်​ဟာ တစ်​ဘို့ထဲသမား၊ ကိုယ့်​ကိုယ်​ကျိုး ကွက်​ကွက်​​လေးသာကြည့်​တဲ့ စာနာစိတ်​ကင်းမဲ့သူတစ်​​ယောက်​ဆိုတာ သိသာ​ပေါ်လွင်​​စေတယ်​။

ဒါ​ကြောင့်​ အရာရာတိုင်းကို သတိတရားလက်​ကိုင်​ထားလို့ တဖက်သတ်အမြင် တဖက်သတ် အ​ပြော​တွေ မဖြစ်​​ပါ​စေပဲ သူဖက်​ကိုယ့်​ဖက်​ နှစ်​ဖက်​မျှကြည့်​ပြီးမှသာ ​ပြောဆိုပြုမူ​ဆောင်​ရွှက်​သင့်​ပါတယ်​။
image

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 61663.08
ETH 2893.40
USDT 1.00
SBD 3.48