ဘဝလှိုင်း

in #esteem6 years ago

လူတိုင်းမှာ ကံတက်တဲ့အချိန် ကံနိမ့်တဲ့ အချိန်ဆိုတာရှိကြတယ် ။

တကယ်တော့ ကံဆိုတာ ရေလှိုင်းတွေလိုပါပဲ ။
လှေစီးခရီးဆက်နေကြတဲ့ ကိုယ်တွေကို ရိုက်ပုတ်ပေးနေတာပါ ။
တစ်ခါတစ်လေ ရေငြိမ်တယ် ။
တစ်ခါတစ်လေ လှိုင်းထန်တယ်။
ဒီရေလှိုင်းတွေ ရိုက်ခတ်မှုကြောင့် လှေကိုသေချာဖက်တွယ် ကိုင်ထားနိုင်တဲ့အခါ ရှေ့ပိုပိုရောက်နိုင်ကြတာတွေ ရှိသလို တစ်ချို့တွေကတော့ ရေလှိုင်းဒဏ်မခံနိုင်လို့ လှေပေါ်က ပြုတ်ကျနောက်ကျကျန်ခဲ့ရတယ် ။

ရေလှိုင်းဆိုတာ လူတိုင်းကို ရိုက်ခတ်နေတာပါပဲ ။
ကိုယ်က လက်မြဲမြဲကိုင်ထားနိုင်လား ဒါမှမဟုတ် ပြုတ်ကျခဲ့ရင် ပြန်ဖက်တွယ်ပြီး လှေပေါ်ပြန်တက်နိုင်လားပဲ ကွာကြတယ် ။

ကိုယ်ဆို ပြုတ်ကျခဲ့တာ အကြိမ်ကြိမ်
လှေပေါ်ပြန်မတက်သလို အသက်ရှင်ဖို့တောင် ရေဆက်မကူးချင်တော့တဲ့ အခိုက်တန့်တွေရှိခဲ့တယ် ။
ဒါပေမယ့်လည်း ဒီတစ်ခါတော့ ကြိုးစားလိုက်ဦးမှဆိုပြီး အတင်းကူးခတ်တော့လည်း ကိုယ့်လှေလေးပြန်တွေ့ပြီး ခရီးတစ်ခုကို ပြန်ဆက်နိုင်သွားတာပါပဲလေ ။

အားလုံးဟာ ဘဝခရီးသည်တွေချည်းပါပဲ ...
သူဟာရေလှိုင်းရိုက်ခတ်မှုနဲ့ ရေထဲပြုတ်ကျခဲ့ရင် ဆွဲတင်လို့ရရင် ဆွဲတင်လိုက် သူပြုတ်ကျအောင်တော့ ရည်ရွယ်ချက်နဲ့ ကိုယ်စီးနေတဲ့ လှေနဲ့ လိုက်မတိုက်မိစေနဲ့
image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 63088.03
ETH 2952.86
USDT 1.00
SBD 3.55