ဘယ်အရာမှ

in #esteem6 years ago

မင်း ဘယ်​အရာကိုမှ ဘယ်​သူ့ကိုမှ
စွဲစွဲလမ်းလမ်း တမ်းတမ်းတတ မထားရှိပါနဲ့
အဲ့ဒီစိတ်​​တွေဟာ မင်းကိုပဲ ပြန်​ပြီးဒုက္ခ​တွေ
အထပ်​ထပ်​အခါခါ ​ပေး​နေလိမ့်​မယ်​။

မေတ္တာ​တော့ထားပါ သံ​ယောဇဉ်​​တော့
မဖြစ်​​စေနဲ့​ပေါ့ ကိုယ်​ဘက်​က​ပေးဖို့ရှိတာပဲ
ဖြစ်​ဖြစ်​ လုပ်​​ပေးနိုင်​တာပဲဖြစ်​ဖြစ်
စေတနာအပြည့်​နဲ့ စွမ်းနိုင်​သ၍
စွမ်းအားရှိသ၍ ​ပေးလိုက်​ပါ လုပ်​​ပေးလိုက်​ပါ။

တစ်​ခုခုပြန်​ရချင်​လို့
ပြန်​တုန့်​ပြန်​​စေချင်​လို့ဆိုတဲ့ ​မျှော်​လင့်​ချက်​​တွေ
ဘယ်​​တော့မှ မထားရှိနဲ့ အဲ့ဒီလိုထားရှိလိုက်​ရင်
မင်းရဲ့​မေတ္တာဟာ ​မေတ္တာအစစ်​မဟုတ်​​တော့ပဲ
မေတ္တာအတုအ​ယောင်​ဖြစ်​သွားပါပြီ။

ငါမရှိရင်​ မဖြစ်​​လောက်​ဖူးလို့လည်း
မင်း ဘယ်​​တော့မှ မ​တွေးထားပါနဲ့
အရာရာတိုင်းဟာ သူ့သဘာဝအတိုင်းပဲ
အချိန်​မှန်​မှန်​ လည်​ပတ်​​နေတာပါ
ပြီး​တော့လည်း ပြီးသွားမှာပါပဲ။

မင်းကို သတိတရရှိ​နေလည်း ခဏတာပါ
အချိန်​​တွေ နာရီ​တွေ ​နေ့ရက်​​တွေ
ကုန်​လွန်​ကြာ​ညောင်း​သွားတာနဲ့အမျှ
မ​တွေ့​တော့မမြင်​​တော့တာနဲ့အမျှ
မင်းကို လူ​တွေအားလုံးဟာ
မေ့​မေ့​ပျောက်​​ပျောက်​ပဲဖြစ်​သွားမှာပါ။


image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62900.77
ETH 2949.76
USDT 1.00
SBD 3.59