ကြွေလွင့်​ရွက်​လွှာ အပိုင်း(၈)

in #esteem6 years ago

ကြွေလွင့်​ရွက်​လွှာ အပိုင်း(၈)

တီ..တီ..တီ´´.....ငြိမ်​သက်​​နေ​သော..အိပ်​ခန်း​လေးအတွင်း..နာရီနိုးစက်​​လေးက.စတင်ပြီး​အသက်​သွင်း​ပေးလိုက်​၏...။...တစ်​ဖက်​ခန်းက..​ဒေါ်မြင့်​​မေတစ်​​ယောက်​..အံ့သြ​နေမိသည်​...သူ့မ သားအ​ကြောင်း သူမအသိဆုံး.နိုးစက်နာရီ​ကိုသူမဝယ်​​ပေးထား​ပေမယ့်​ ဘယ်​​သောအခါမှမသုံး....။သူမက..​စော​စောထဖို့နိုးစက်​​ပေးခိုင်းလျှင်​လည်း..ကိုယ့်​အသိစိတ်​နှင့်​ ကိုယ်​ထမည်​ဟု..ဆင်​​ခြေအမြဲ​ပေး​နေကြ...နိုး​နေ လျှင်လည်းမထ အိပ်ရာ​ပေါ်ဝယ်​ဇိမ်​ယူပြီးအိပ်​​နေမြဲပင်​ သူ​​မကိုယ်​တိုင်​သွားနိုးမှထ​နေကျ..။အခု​တော့....ထူးခြား​​နေပါလား...။အဝတ်​လဲ​နေရင်း...တစ်​ဖက်​ခန်းရဲ့ အသံကိုသူမ နားစွင့်​​နေမိသည်​...။ ​ဟော.....​ရေသံ​တွေကြား​​နေရတယ်​ ...​ရေချိုး​နေပုံပဲ....သူမလဲအဝတ်​လဲပြီး..အခန်းထဲမှထွက်​ကာ...​အောက်​ထပ်​ဆင်းပြီး..မနက်​စာပြင်​​နေ​လိုက်​၏..။နာရီဝက်​​လောက်​ကြာ​သောအခါ....​​လှေကားမှ​ခြေသံကိုကြားလိုက်ရ​..သည်​.။...သူမ...အိမ်​​ရှေ့သို့ထွက်​လိုက်​ပြီး...ဘယ်​လဲသား...´´...​အ​မေ....သားတို့ ဒီ​နေ့ ပရဟိတ ကွင်းဆင်း​လေ့လာ​ရေးရှိတယ်​...​နေ့လည်​ကျရင်​​တော့​ကျောင်းကိုသွားမယ်​...​အ​မေ ဘာခိုင်းအူးမလဲ...´´...မခိုင်းပါဘူးကွယ်​ ငါ့သားကိုအ​မေဒီ​နေ့မနိုးရပါလား..နှိုးစက်​သံလဲအ​မေကြားမိလို့.....´´...အဖွဲ့တူတူလုပ်ရမယ့်​​​ကောင်မေ​လးတေစ်​​ယောက်​နဲ့ချိန်းထားလို့အ​မေ စသိသိချင်းကိုယ့်​ဘက်​က​နောက်​ကျ​နေမှာဆိုးလို့​..´´ ဘွတ်​ဖိနပ်​ကြိုး​ချည်​ ရင်း...သူ့အ​မေ ကိုရှင်းပြ​နေ​လေသည်​..။...နာရီကိုလှမ်းကြည့်​​တော့..ခုနစ်​နာရီခွဲ....ချိန်းထားတာက ရှစ်​ခွဲ....​နောက်​ကျ​တော့မယ်​...ဝသန်​တစ်​​ယောက်​တည်းသူ့ကို​စောင့်​​နေ​ပေလိမ့်​မည်​..​​။...အ​မေ..မနက်​စာကို..အပြင်​မှာပဲစား​တော့မယ်​..´´ဟု​ပြောပြီး.......ခြံထဲမှအ​ပြေးတစ်​ပိုင်းထွက်​သွား​သောသားရဲ့...​ကျောပြင်​ကိုကြည့်​ကာ...အံ့သြ​နေဆဲ..လင်း​ရောင်​ဆိုတာက...ဘယ်​အရာမှသူ့သ​ဘောနှင့်​​သူဆောင်​ရွက်​ခဲသည် ယခုပရဟိတကလည်းသူမနားချထားလို့ပင်..လင်း​​ရောင်က​..တိုက်​တွန်းမှ..လုပ်​​လေ့ရှိ​သောသူ...ဆူးခက်​နှင့်​​တွေ့ဖို့သွားတိုင်း ယခု​လောက်​မတက်​ကြွ....သူမက​ဘေးက..တွန်း​နေရသည်​...​နောက်​ကျလည်းအ​ရေးမလုပ်​....ထို့​ကြောင့်​လည်းဆူးခက်​နှင့်​မတည့်​...။ခု​တော့ လင်း​ရောင်​မဟုတ်​သည့်​အတိုင်း...​တက်​ကြွ​နေလိုက်​တာ..... ..။

ဆက်​ရန်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60648.94
ETH 2906.35
USDT 1.00
SBD 3.60