၁၈+ သင်္ကြန်

in #esteem6 years ago (edited)

image

မ​နေ့မနက်​က အငယ်​​ကောင်​ကို တီးဆိုင်​တစ်​ဆိုင်​​ရှေ့က အုန်းလက်​မဏ္ဍပ်​​လေးတစ်​ခုကို​ရေပက်​ဖို့ လိုက်​ပို့တယ်​။
ကားလမ်း​ပေါ်တက်​မပက်​ဖို့ ​ဝေး​ဝေးကပက်​ဖို့ သူ့ကို​စောင့်​ကြည့်​​ပြော​နေတုန်း တီးဆိုင်​ကအစ်​မက ​ရေခဲဝယ်​​ပေးဖို့အကူအညီ​တောင်းတာနဲ့ သွားဝယ်​​ပေး​ရော။
ဝယ်​တာက​တော့ ​ရေခဲ ၁၀၀၀ ဖိုးပဲ။ရေခဲဆိုင်​ကလဲ ကိုယ်​နဲ့ခင်​​နေ​တော့ ​ပေးလိုက်​တဲ့​ရေခဲတုံးဆိုတာ နဲတာကြီးမဟုတ်​ဘူး။
ဆိုင်​ကယ်​​နောက်​ကတင်​ဖို့ တုပ်​ကြိုးလဲပါမလာ​တော့ ဆိုင်​ကယ်​​ရှေ့ခွကြားထဲတင်​စီးလာ​မိတယ်​။

အ​အေးဓာတ်​က ​ပေါင်​တစ်​ခုလုံးကို​အေးလာတယ်​။
နောက်​ ခန္ဒာကိုယ်​​အောက်​ပိုင်း။
တီးဆိုင်​​ရောက်​​တော့ အစ်​မက​ပြေးလာတယ်​ သူ့​ယောင်္ကျားကလဲ​ရေခဲတုံးကြီး လာ မ.တယ်​။

"....မြန်​မြန်​ယူပါဗျ ဒီမှာ​ပျောက်​​တော့မယ်​...... "

ငှယ်​ ဘာတုန်းဟ ​မောင်​​နေရ... တဲ့ ။
ရီ​ရော... ။

ဒီ​နေ့မနက်​ မုန့်​လုံး​ရေ​ပေါ်လုံးပြီး မိတ်​​ဆွေ​တွေကိုလိုက်​​ဝေကြတယ်​။
ဒိုင်​ခံလုံးတာက မဧဝနဲ့သမီးကြီး။
ဆိုင်​ကယ်​တစ်​စီးနဲ့လိုက်​​ဝေတာက ကျွန်​​တော်​။

အဲ့ဒီ့မှာ မရီးဖြစ်​တဲ့အစ်​မ​တော်​က မုန့်​ကြာစိစားချင်​ပါသတဲ့။

သူ့အတွက်​သီးသန့်​ မုန့်​ကြာစိလုပ်​​ပေးရတယ်​။

၁၂ မထိုးခင်​ပို့ရမှာဆို​တော့ မုန့်​လုံး​ရေ​ပေါ်ချိုင့်​​တွေအဆင်​သင့်​လုပ်
အစ်​မအတွက်​မုန့်​ကြာစိတစ်​ချိုင့်​အဆင်​သင့်​ထည့်​ထား​ပေါ့။

ထန်းညက်​​ရေကျို​နေတုန်း မနက်​စာ​လေးကမန်းကတန်းစား။
စားပြီး​တော့ မုန့်​ကြာစိချိုင့်​ထဲထညက်​​ရေဆမ်းထည့်​။
နောက်​ဆုံးမှပို့ရမယ့်​အိမ်​ဆို​တော့ ထန်းညက်​ရည်​ဆမ်းထားတဲ့မုန့်​ကြာစိချိုင့်​က ​အောက်​ဆုံးမှာ။

ငါးဆင့်​ချိုင့်​ကြီးနဲ့ ဆွဲလို့ ဆိုင်​ကယ်​တစ်​စီးနဲ့ထွက်​ခဲ့​ရော။
စဉ်းစားကြည့်​။
ဒီ​လောက်​ရှုပ်​ရှက်​ခတ်​​နေတဲ့ သင်္ကြန်​လည်​ဆိုင်​ကယ်​​တွေကြားချိုင့်​ကြိးကိုလက်​တစ်​ဖက်​ကကိုင်​ တစ်​ဖက်​ကို ဆိုင်​ကယ်​လက်​ကိုင်​ကိုင်​...။
ဘယ်​လိုမှ မဖြစ်​ဘူး။
အဲ့ကျ ဘယ်​လိုစီးရသလဲဆို​တော့ ချိုင့်​ကို ဆိုင်​ကယ်​ခွကြားထဲထားရပြန်​​ရော....။
ဆိုင်​ကယ်​လက်​ကိုင်​ကို လက်​နှစ်​ဖက်​ကကိုင်​မှဖြစ်​မှာကိုး....။

ချိုင့်​ကို ခွကြားထဲထားပြန်​​တော့ ​အောက်​ဆုံးအဆင့်​က ထညက်​ရည်​အပူဒါဏ်​က..............????

အိမ်း

မ​နေ့ကအ​အေးဒါဏ်
ဒီက​နေ့ အပူဒါဏ်

ပြောပါတယ်​.....
ဒီနှစ်​သင်္ကြန်​ဟာ လခွမ်းသင်္ကြန်​ပါဆို​နေ..... 😃😃

....
Ngwe la min
Monywa

Sort:  

This post has received a 20.00 % upvote from @sureshot thanks to: @min2thant.

@sureshot is part of the @fivestargroup movement in collaboration with @block-buster Witness.

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61451.22
ETH 2929.56
USDT 1.00
SBD 3.65