လြမ္းစရာအတိ

in #esteem6 years ago

တစ်သက်လုံးအတွက်မဟုတ်ရင် ...
ဟန်ဆောင်ပြီး တစ်ခဏတာတွေမပေးပါနဲ့ ...
ငါ တစ်ခဏတာတွေမှာ မသာယာပါဘူး ...
နင့်ရဲ့ ' တစ်သက်တာလုံး ' အတွက် ...
တစ်ယောက်တည်းလို့ ...
စိတ်အေးချမ်းပါရစေ ...

#မယ်
#lovenotesနင် ဖောက်ပြန်မယ်ဆိုဖောက်ပြန်ပါ.
အများကြီးမဟုတ် ...
တစ်ခုလေးတော့ ငါ့ကိုတောင်းဆိုခွင့်ပြုပါ ...
ငါ့ နေရာမှာနင်သာဆိုရင်လို့ ...
အမြဲတွေး ခံစားပေးပါ ...
ပြီးပြန်စဉ်းစားပါ ...
နင်ဖောက်ပြန်ချင်သေးရဲ့လားလို့.

နင် လိမ်ညာမယ်ဆိုလိမ်ညာပါ.
အများကြီးမဟုတ် ...
တစ်ခုလေးတော့ ငါ့ကိုတောင်းဆိုခွင့်ပြုပါ ...
ငါ့ နေရာမှာနင်သာဆိုရင်လို့ ...
အမြဲတွေး ခံစားပေးပါ ...
ပြီးပြန်စဉ်းစားပါ ...
နင်လိမ်ညာချင်သေးရဲ့လားလို့.

နင် ငါ့ကိုနာကျင်စေမယ်ဆို နာကျင်အောင်လုပ်ပါ.
အများကြီးမဟုတ် ...
တစ်ခုလေးတော့ ငါ့ကိုတောင်းဆိုခွင့်ပြုပါ ...
ငါ့ နေရာမှာနင်သာဆိုရင်လို့ ...
အမြဲတွေး ခံစားပေးပါ ...
ပြီးပြန်စဉ်းစားပါ ...
နင်ငါ့ကိုနာကျင်စေချင်သလားလို့.

အများကြီးမတောင်းဆိုပါဘူးဟာ ...
' ငါ့ နေရာမှာ နင်သာဆိုရင် ' လို့ ...
နင် တစ်ခုခုမလုပ်ခင် အရင်စဉ်းစားပေးနော် .

#မယ်


လိုသုံးတဲ့ ... 
စကားလုံးကြားတာနဲ့တင် နာကျင်စရာဆို ... 
တကယ်လိုသုံးလုပ်ခံရသူ ဘယ်လောက်နာကျင်ရမလဲနော်. 

တစ်သက်လုံး သတိတရမရှိဘဲ ... 
အကူအညီလိုမှ ... 
လိုအပ်မှ ... 
လိုချင်မှုတွေရှိမှ ဆက်သွယ် သတိတရဖြစ်ခံရခြင်းကြုံဖူးသလား ... ![image](https://img.esteem.ws/pxjaajg2i7.jpg)

လိုရင်သုံး ... 
မလိုရင်အဖက်မလုပ် ... 
(တစ်ခါတစ်ခါ ... ကိုယ့်အကူအညီယူပြီး သူတို့မလိုရင် ကိုယ်ကဘဲလူဆိုးလို လုပ်ကြံအပြောခံရသေးတာ) ... 

သူများအကျိုးဆောင် ကိုယ့်အကျိုးအောင် တဲ့.
ချစ်သူဖြစ်ဖြစ် ... 
ဘဝလက်တွဲဖော်ဖြစ်ဖြစ် ... 
ဆွေမျိုးသားချင်းဖြစ်ဖြစ် ... 
ကိုယ့်နားကအပေါင်းအသင်းဆိုတာ ... 
ကိုယ့်အပေါ် ကောင်းကျိုးတွေ ပေါင်း (+) ပေါင်းပေးတာရှိသလို ... 
ကိုယ့်ဆီက သူ့ကောင်းကျိုးအတွက် အပေါင်းတွေယူယူသွားတာလည်းရှိတာပေါ့ ... ![image](https://img.esteem.ws/xbr9nx8zml.jpg)

သူ့ကောင်းရာကောင်းကျိုးအတွက် ... 
ကိုယ့်ကိုအသုံးချ အကျိုးအမြတ်ထုတ်ခံရလည်း ခွင့်လွှတ်လိုက်ပါ ... 
သူ့အကျိုးပြည့်အောင် ဖြည့်ဆည်းပေးရမှာပေါ့. 

ကံ ကံ၏အကျိုးမို့ ... 
ယုံကြည်ပါ ... ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ် ... 
ကောင်းတာလုပ်ပြီး ကောင်းတာမဖြစ်သေးလည်း ... သံသရာအတွက် ကောင်းကျိုးချမ်းသာရိက္ခာတွေမို့ ... 
ကောင်းတဲ့စိတ်နှလုံးသား ... 
ဘာအကြောင်းကြောင့်မှ မညစ်နွမ်းအောင်ထား ... 
တစ်ဘဝစာမဟုတ် ... 
ကျင်လည်ရမယ့် သံသရာအတွက် ဦးတည်ချက်ထားရမှာပေါ့. 

ညည်းခံခြင်းပါရမီဆိုတာ ... 
လူ့မှုဘောင်လောကမှာ နေရာတိုင်း ထားမရပေမယ့် ... 
ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပေမယ့် ... 
ထိုက်သင့်လျောက်ကာကွယ်ပြီး ... 
ကိုယ်ပေးနိုင်သမျှပေးရမှာပေါ့ ... 
ပေးကမ်းစွန့်ကြဲသူ စိတ်နှလုံးသား ကောင်းကျိုးချမ်းသာက စောင့်ရှောက်မှာပါ ... ![image](https://img.esteem.ws/2szolxm7y7.jpg)

တစ်ဘဝစာအတွက် ရှင်သန်နေကြရတာမှ မဟုတ်တာလေနော်. 
သံသရာဝဋ်ဆင်းရဲမှ မကျွတ်သေးသမျှ ဘဝတွေအတွက် ... 
တစ်ဘဝစာ ကောင်းစားရေး ဘာလို့များ လုပ်ဦးမလဲ ... 

ပေးသောလက်များ ... 
စွန့်လွှတ်နိုင်တဲ့ စိတ်နှလုံးသားများနဲ့ ... 
သံသရာကောင်းဖို့တွက်လေ. 

တစ်ပါးသူရဲ့ ' လိုသုံး ' ဆိုလည်း သုံးကြပါစေ ... 
သူစေတနာကံ သူ့အကြောင်းတရားပေါ့ ... 
ကိုယ့်စိတ်စေတနာကံ ကိုယ့်ကံဖြစ်လာမှာမို့ ... 
ဘယ်တော့မှ တစ်ပါးသူကို ကိုယ့်လိုအင်အတွက် ' လိုသုံး ' အဖြစ် အသုံးမချမိအောင်ကြိုးစားကြမယ်လေနော်. 

#မယ်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62772.18
ETH 3032.07
USDT 1.00
SBD 3.67