Myanmar Traditional Novitiation Ceremony Part(3)

in #esteem6 years ago (edited)

King Asoka of India had made meritorious deeds by digging 84,000 water reservoirs. But he did not consider as a recipient of Buddha Sasana. One who initiate his own son or other's son into Buddhist order can be considered as a recipient of Buddha Sasana. Myanmar Buddhists, therefore, must do the novitiation. If a Myanmar family has no son for novitiation, they have to find a boy from other family for that meritorious deed. So, every family ardently wishes to have a son. As man can become novice as well as monk, man is considered to be more noble than woman among Myanmar Buddhists.
image
အိန္ဒိယနိုင်​ငံတွင်​ အာ​သောကမင်းကြီးသည်​ ​ရေတွင်း​ပေါင်း ရှစ်​​သောင်း​လေး​ထောင်​၊ ​ရေကန်​​ပေါင်း ရှစ်​​သောင်း​လေး​ထောင်​၊ လှူဒါန်းခဲ့သည်​။ သို့​သော်​ သာသနဒါယကာ မခံရ။ သာသနာ့ အ​မွေကို မခံရ။ မိမိ၏ရင်​မှ ဖြစ်​​သောသားဖြစ်​​စေ၊ တစ်​ပါးသူ၏ သားဖြစ်​​စေ ရှင်​ပြု​ပေးမှသာလျှင်​ သာသနာ့ အ​မွေခံထိုက်​သည်​။ ဗုဒ္ဓ၏ အ​မွေကို ခံထိုက်​သူဖြစ်​သည်​။ ထို​ကြောင့်​ မြန်​မာ ဗုဒ္ဓဘာသာတို့သည်​ ​ယောကျာ်း​လေး​မွေးပါက မလွဲမ​သွေ ရှင်​ပြုကြရမည်​။ မြန်​မာတို့သည်​ မိမိတို့မိသားစုတွင်​ ရှင်​ပြုရန်​ ​ယောကျာ်း​လေး မပါဝင်​ပါက အခြားက​လေးတစ်​ဦးဦးအား ရှင်​ပြု​ပေးကာ ဗုဒ္ဓ အ​မွေကို ခံယူကြသည်​။ ထို​ကြောင့်​ မိမိတို့ မိသားစုထဲတွင်​ ရှင်​ပြုခွင့်​ရ​စေရန်​ ​ယောကျာ်း​လေးတစ်​ဦး ပါဝင်​​မွေးဖွား​စေလို​သောဆန္ဒပြင်းစွာ ရှိကြသည်​။ ​ယောကျာ်း​လေးများသည်​ ဗုဒ္ဓ အ​မွေကို ခံနိုင်​ရန်​ ကိုရင်​ ရဟန်းပြုလုပ်​နိုင်​​သော​ကြောင့်​လည်း မိန်းက​လေးများထက်​ ပို၍မြတ်​သည်​ဟူ​သော အယူအဆ ရှိခြင်းဖြစ်​၏။
Lord Buddha urged his laymen to do the novitiation in simple scale, but Myanmar extravagantly donate in such deeds. They give away their all, till the surplus boiled rice water runs as a stream.
ဗုဒ္ဓမြတ်​စွာဘုရားသည်​ ကိုရင်​ဝတ်​ခြင်းကို ရိုးသား​အေးချမ်းစွာ ပြုလုပ်​ရန်​ အဆုံးအမရှိ​သော်​လည်း မြန်​မာတို့သည်​ သားသမီးများ၏ ရှင်​ပြုနားထွင်းမင်္ဂလာများတွင်​ ရှိသမျှ အကုန်​လှူပစ်​တတ်​၏။ ထမင်း​ရေ​ချောင်းစီး လှူသည်​ဟု ဆိုကြသည်​။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62875.98
ETH 2948.16
USDT 1.00
SBD 3.55