The Shampooing Ceremony Part (2)

in #esteem6 years ago (edited)

A bowl of shampoo is provided, and Myanmar shampoo is made from medicinal barks and pods, it's a mixture somewhat like shampoo. It is a Myanma traditional shampoo, that makes the hair bright and healthy.
ခေါင်း​လျှော်​ရည်​ဆိုသည်​မှာ တ​ရော်​နှင့်​ ကင်​ပွန်းသီးတို့ဖြင့်​ ​ရောထား​သောအရည်​ဖြစ်​၏။ တ​ရော်​ဆိုသည်​မှာ သစ်​ပင်​တစ်​မျိုး၏ အ​ခေါက်​ဖြစ်​၍ ထုပြီး​ရေစိမ်​ပါက ချွဲပစ်​​နေ၏။ ကင်​ပွန်းသီးမှာ Soapnut ​ခေါ် အပင်​မှ အသီးဖြစ်​၏။ ယင်းအသီးကိုပြုတ်​၍ တ​ရော်​​ရေနှင့်​​ရောထားသည့်​ ​ခေါင်း​လျှော်​ရည်​ ဖြစ်​သည်​။ မြန်​မာ့ရိုးရာ​ခေါင်း​လျှော်​ရည်​မှ အနံ့တစ်​မျိုးရသည်​။ ဆံပင်​သန်​၍ ဦး​ခေါင်းအ​ရေ စိမ်းစိုသန်​မာသည်​ဟု မြန်​မာတို့က ယူဆကြသည်​။
The parents provided gold bracelet, anklet, necklace and etc, as they can afford for the child. The child has been dressed in new garments. At the ceremony, first of all, the parents, brothers and sisters pay respect to the Buddha with offertories, on behalf of the infant. Then, the young ones of the family, pay respect to the parents with offertories on behalf of their youngest brother or sister.
image
က​လေးများအတွက်​လည်း ​ရွှေလက်​​ကောက်​၊ ​ရွှေ​ခြေကျုင်း၊ ​ရွှေဆွဲကြိုး စသည့်​တို့ကို မိမိတို့တတ်​နိုင်​သလို မိဘများက ပြုလုပ်​ထား၏။ က​လေးအတွက်​ အဝတ်​အစားသစ်​များလည်း ဝတ်​ဆင်​​ပေးထား၏။ အခမ်းအနားစလျှင်​ ကန်​​တော့ပွဲများနှင့်​ ပထမဘုရားကန်​​တော့၏။ မိဘအစ်​ကို​မောင်​နှမများက က​လေးအစား ကန်​​တော့​ပေးရသည်​။ ထို့​နောက်​ မိဘများကို ကန်​​တော့၏။ က​လေးအစား ငယ်​ရွယ်​သူတို့က မိဘနှစ်​ပါးကို ကန်​​တော့သည်​။
Afterwards, the infant is bathed and shaved. Having dried the infant with white, clean cloth, he or she is dressed in new clothes. Then, the infant is adorned with gold or silver bracelets, anklets and necklace. The mother spoons her child with chewed rice. After spooning, the infant has been put in a new cradle and the cradle putting ceremony has been done.
image
ထို့​နောက်​ က​လေးကို ​ရေချိုး​ပေး၏။ ထို့​နောက်​ ​မွေးကတည်းက ပါလာ​သော ဆံပင်​ကို ရိတ်​​ပေးသည်​။ ထို့​နောက်​ က​လေးအား အဝတ်​ဖြူအသန့်​ဖြင့်​သုတ်​ကာ အဝတ်​အစားသစ်​များလည်း ဆင်​ယင်​​ပေး၏။ ပြီးမှ ​ရွှေ၊ ​ငွေလက်​​ကောက်​၊ ဆွဲကြိုးများ ဆင်​မြန်း​ပေးကြသည်​။ ပြီးမှ မိခင်​က က​လေးကို ​ပွေ့ချီကာ ထမင်းကို ဝါး၍ခွံ့​၏။ ထမင်းခွံ့ခြင်းဖြင့်​ ထမင်းခွံ့ မင်္ဂလာပြီး​မြောက်​သည်​။ ထမင်းစားပြီး​သော က​လေးကို ​အသစ်​ပြုလုပ်​ထား​သော ပုခက်​တွင်​ထည့်​၍ လွှဲသိမ်​ခြင်းဖြင့်​ ပုခက်​တင်​ မင်္ဂလာလည်း ပြီး​မြောက်​သည်​။

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61560.41
ETH 2894.96
USDT 1.00
SBD 3.61