နိုင်ငံရေး

in #esteem6 years ago

အဲဒါနိုင်​ငံ​ရေး

photo credit: google image
image

စီးပွား​ရေးသမားကအာဏာရှိတဲ့လူကို​မွေးတာ​ခေတ်
အဆက်​ဆက်​ဘဲ။
အာဏာရှိသူကလည်းစီးပွား​ရေးသမား​နောက်​မသိမသာ​ရောသိသိသာသာ​ရောလိုက်​တာ​ခေတ်​အဆက်​ဆက်​ဘဲ။
အခုဘယ်​သူအာဏာရလာမလဲအသံထွက်​ကြည့်​အဲဒီလူကိုဝယ်​ဖို့ကြိုးစားတာ​လဲဖော်​မြူလာဘဲ။
ကိုယ်​နဲ့ကိုယ့်​အသိုင်းအဝိုင်းကို​ကျေးဇူးပြန်​ပြုမဲ့လူကိုဝိုင်းထမ်းတင်​ကြတာ​လဲ​ဖော်​မြူလာဘဲ။
တော်​ရုံလူ​က​တော့ဒီပညာကိုလိုက်​မီဖို့မလွယ်​ပါဘူး။
အာဏာရှိတယ်​ထင်​ရင်​လဲလိုက်​ဝယ်​တယ်​၊
မသိမသာဝင်​လုံးရာက လက်​ခံသွားရင်​ အိမ်​​ရေထွက်​​တော့တာပဲ။
ကိုယ်​တိုင်​ဝင်​မရရင်​လူငှါး​နဲ့၊ပွဲစားနဲ့ဝင်​တယ်​၊ဒီနည်းလုပ်​တဲ့စီးပွား​ရေသမားကပိုများပြီးပိုပြီးထိ​ရောက်​တယ်​။
ဒီလိုဝင်​လို့မရရင်​မိန်းမကိုဝင်​မယ်​၊သားသမီးကိုဝင်​မယ်​။သားသမီးဝင်​ရတာအလွယ်​ဆုံးပဲ။
အများစုကသားသမီးကိုမက်​လုံးတစ်​ခုနဲ့စည်းရုံးပြီး အ​မေကိုဆက်​ဝင်​တယ်​၊အ​မေကိုဝင်​လိုက်​တာနဲ့မကြာမီအ​ဖေကလည်းပါသွားပါ​လေ​ရော။
စီးပွား​ရေးသမားဝင်​ပုံဝင်​နည်းကသိတ်​နုးညံ​တော့ ဒူတဲ့လူ​တွေ၊
အ​တွေ့အကြုံမရှိသူ​တွေ၊​ လောဘကြီးသူ​တွေခံနိုင်​ရည်​ရှိဘို့သိတ်​မလွယ်​ဘူး။
ပါသွားလို့ပါသွားမှန်း​တောင်​သူသိမှာမဟုတ်​ဘူး၊
ငါလူမှန်​ဘဲလို့ထင်​​နေဆဲဘဲ။
ဘာနဲ့မှဝင်​မရ​လောက်​ဘူးဆိုရင်​အမှားထိုင်​​စောင့်​မယ်​။
အဝယ်ံခံရင်​ ဆက်​ဝယ်​မယ်​ ၊အဝယ်​မခံရင်​ကုတ်​နဲ့ဝိုင်း​ကော်​ပြီးတွန်းချမယ်​။
အဝယ်​ခံပြန်​​တော့လည်းအတွယ်​ခံရဘို့များတယ်​။
အဝယ်​မခံပြန်​​တော့လဲအားနဲချက်​တခုခု​တွေ့ပြီဆိုတာနဲ့ ​စော​စောကပုဂ္ဂိုလ်​တွေအုံနဲ့ကျင်းနဲ့ဝိုင်းသမကြမှာဘဲ။ဘယ်​ဘက်​ကမှမလွတ်​ဘူး။
အဲဒါနိုင်​ငံ​ရေးတဲ့။

ကံမ​ကောင်းရင်​အကတိလိုက်​တာမလိုက်​တာ​အသာထား၊လုပ်​မှားကိုင်​မှားနဲ့တင်​​ထောင်​ကျနိုင်​တယ်​။
အဲဒါနိုင်​ငံ​ရေးတဲ့။

ပြောရဲပါတယ်​ဂျပန်​ ၊​တောင်​ကိုရီးယား Standard ​ပေတန်​နဲ့သာတိုင်းရင်လူမကျန်​​စေရဘူးအာမခံတယ်​။
အဲဒါနိုင်​ငံ​ရေးတဲ့။

အာဏာရှိတုန်းလဲအန္တရာယ်​ရိသလိုအာဏာမရှိ​တော့တဲ့အချိန်​လဲအိပ်​​ရေးဝဝမအိပ်​ရဘူးတဲ။
ဒါလဲလုပ်​တဲ့လူချည်းအပြစ်​တင်​လို့လဲမရဘူး ၊တာဝန်​ခံပြီးလုပ်​မဲ့လူကိုမူဝဒတိတိကျကျ​ပေးထားမှ၊ှူဝါဒ​နောက်​မှာလည်း မဟာဗျူဟာစီမံချက်​ကရှိအုံးမှ။
ဒါ​တွေရှိ​နေရင်​​တောင်​ဥပ​ဒေ နည်းဥပ​ဒေကပြည့်​စုံဦးမှ။တကယ်​အ​ကောင်​အထည်​​ဖော်​​ပေးရမဲ့လူကိုထင်​ရာစိုင်းနိုင်​​လောက်​တဲ့အထိလွှတ်​​ပေးထားတာမျိုးမဖြစ်​​အောင်​အ​ပေါ်ကလည်းအထိုက်​အ​လျှောက်​​တော့ ဘာသာရပ်​အလိုက်​တီး​ခေါက်​မိတဲ့အရည်​အချင်းလည်းရှိဦးမှ။ အားလုံးပြည့်​ပြည့်​စုံစုံနဲ့အလုပ်​လုပ်​​နေရတာမဟုတ်​တဲ့ကာလ​တွေမှာတ​ယောက်​ပြီးတ​ယောက်​ ခန့်​လိုက်​၊ဖယ်​လိုက်​လုပ်​​နေရမှာဘဲ။အချို့ကစာသမား၊အချို့ကလက်​​တွေ့သမား၊အများစုာတတ်​ပုဂ္ဂိုလ်​အချို့ကို
ပညာတတ်​လို့ထင်​ပြီးတာဝန်​​ပေးမိတယ်​၊။
ဒါ​ပေမဲ့မယ်​မယ်​ရရဘာမှတာဝန်​ခံပြီးလုပ်​ရတဲ့ဘဝကိုမဖြတ်​သန်းခဲ့ဘူးသူ​တွေဆိုတာကိုထည့်​မတွက်​မိဘူး။
မကြာခင်​အ​ကြောင်းသိသွား​ပေမဲ့
ဖယ်​ရ​တော့မယ်​ဆိုတာကိုသိ​သွားတယ်​။
ဒါ​ပေမဲ့​အ​ကြောင်း​ကြောင်း​ကြောင့်​ အချိန်​​တွေဆွဲ​​နေရတာလည်းရှိမှာဘဲ။
အဲဒါလည်းနိုင်​ငံ​ရေးတဲ့။

အာဏာရှိအသိုင်းအဝိုင်းထဲ​ရောက်​တာနဲ့ဘာမှားမလဲ
စောင့်​ကြည့်​ခံ​နေရပြီသာမှတ်​။
ဒါ​ကြောင့်​အချို့ကလုပ်​နိုင်​သ​လောက်​လုပ်​ပြီး
ဘယ်​အုပ်​စု ဘယ်​ပုဂ္ဂိုလ်​နဲ့မှရန်​မများ​အောင်​ ​နေတယ်​။
ဖောက်​ထွက်​ပြီးကိုယ့်​အစွမ်းအစပြဘို့လက်​တွန့်​ကြတယ်​။
လူအမုန်းခံရမဲ့အလုပ်​မလုပ်​ဘူး။
အထက်​ကမမြင်​နိုင်​​လောက်​တဲ့အတွင်းကျပြုပြင်​​ပြောင်းလည်းယူရမဲ့ကိစ္စ​တွေ၊အထက်​ကမ​ပြောဘဲကိုယ်​တိုင်​​ဖောက်​ထွက်​ပြီးလုပ်​ရမဲ့ကိစ္စ​တွေကိုလည်းမသိမသာ​ ရှောင်​​နေကြတယ်​။
ဆရာ​တွေသွန်​သင်​ဆုံးမတာကြားဘူးတယ်​၊အထက်​ကကြီးကြပ်​မှုအနည်းဆုံးနဲ့ ကိုယ်​တိုင်​မှန်​မှန်​ကန်​ကန်​ လုပ်​တန်​ကိုင်​တတ်​ ​ဖောက်​ထွက်​တတ်​တဲ့တပည့်​ဖြစ်​​အောင်​ကြိုးစားပါတဲ။
ဒါကလည်းပါးစပ်​ကသာ​ပြောတာ တကယ်​​ဖောက်​ထွက်​ပြီးတကယ်​တွန်းတွန်းတိုက်​တိုက်​လုပ်​လိုက်​လို့ အ​ပေါ်ကဒီအ​ပေါ်မှာတစ်​ခုခုအထင်​လွဲတာမျိုးလည်းရှိတတ်​တယ်​။
အများအကျိုးအတွက်​လုပ်​တာပဲ ကိုယ်​ကျိုးလည်းမပါဘူးလို့ဆိုနိုင်​​ပေမဲ့ ၊အ​ပေါ်နဲ့​အောက်​အသိချင်းမတူရင်​ ကွဲပြဲသွားတတ်​တယ်​။
ဒါ​ကြောင့်​တာဝန်​ယူတထားသူအများစုဟာ
တစ်​စုံတ​ယောက်​ တစ်​စုတစ်​ဖွဲ့နဲ့ထိပ်​တိုက်​​တွေ့ပြီး
ကုလားထိုင်​ကိုထိခိုက်​မှာစိုးလို့ပါးပါးနပ်​နပ်​​နေ ​နေကြတယ်​။
ဒါကိုလည်းအ​ပေါ်ဆုံးကမရိတ်​မိ​အောင်​လုပ်​တတ်​ကိုင်​တတ်​ကြတယ်​။
ဘော်​လုံးမထိ​ပေမဲ့ကွင်းထဲ​လျောက်​​ပြေး​နေတတ်​ကြသူ​တွေလည်​ယ်း​ရောပါ​နေတတ်​တယ်​။
အဲဒါနိုင်​ငံ​ရေးတဲ့။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69746.86
ETH 3747.17
USDT 1.00
SBD 3.80