Shwe Lett Nyo Than Gyat

in #esteem6 years ago (edited)

ရွှေလက်​ညှိုးသံချပ်
Shwe Lett Nyo Than Gyat
image

မိုး မိုး မိုးလား ​မောင်​တို့
(​လေ ​လေ ​လေလား ​မောင်​တို့)
မိုးနဲ့​လေနဲ့ နှစ်​ပါးပြိုင်
(ဒီမိုစတိုင်​ ​ဆိုရမှာပဲ)
ဒီမို​ခေတ်​မို့ အရူးပြိုင်
(ထိပ်​ဆုံးထိုင်​တာ သူတို့ချည်းပဲ)
ဆိုး​ရေးရှိလို့ ဆိုလိုက်​မည်
(​ခြောက်​​ခြောက်​ ​စောက်​​စောက်
အ​ရေး မလုပ်​ဘူး)
ရွှေလက်​ညိုး ​ရွှေလက်​ညိုး
(တည့်​တည့်​ထိုးမယ့်​ ​ရွှေလက်​ညိုး)
ရွှေလက်​ညိုးက ဆားပက်​မှာ
(တီ​ကောင်​​တွေ​တော့ စပ်​ကြမှာပဲ)
အမြင်​အရှိ​ပြော​နေတာ
(ကိုယ်​မှားတာ ကိုယ်​သာ သိ)
အမှားသိလို့ အမှန်​ပြင်
(၄၀ ​ကျော်​ဟာ ဘ၀ စ တုန်း)
(ကဲ ​ဘော်​​ဘော်​တို့​ရေ အချိန်​မဖြုန်းနဲ့
အမုန်းသာ ​လှော်​​တော့)
အပြစ်​​ပြောပြိုင်​တဲ့ တို့​မေ​မေ
(​ဝေ​လေ​လေဆို အိမ်​ပြန်​အိပ်​​တော့)
စီးပွား​ရေး​တွေ ယုတ်​လျာ့လာ
(သူတို့​ကြောင့်​ သူတို့​ကြောင့်​)
တောင်​သူထွက်​ကုန်​ ​ဈေး​လျော့လာ
(သူတို့​ကြောင့်​ သူတို့​ကြောင့်​)
ကုန်​​ဈေးနှုန်း​တွေ ကြီးမြင့်​လာ
(သူတို့​ကြောင့်​ သူတို့​ကြောင့်​)
ဈေးမ​ရောင်းရ အ အား​နေ
(သန်းရှာ​နေ​ဟေ့ သန်းရှာ​နေ)
ကုန်း​ဈေးနှုန်း​တွေ ကျ​စေ​ရေး
(ဟင်းတခွက်​နဲ့ ​လွေး)
သဘာဝ​ဘေးဟာ သဘာဝပါ
(ကျုပ်​တို့နဲ့မှ မဆိုင်​တာ)
မကြုံချင်​ရင်​​နေရာ​ပြောင်း
(အခုချက်​ခြင်း ​ဂျောင်း)
ပုစွန်​​ဖောက်​လို့ ဆည်​ကြိုးသကို
(သံ​ချေးကိုက်​လို့ တံတားပြို)
ဝန်​ကြီး ၀န်​ချုပ်​ အပြိုင်​ရူး
(မြန်​မာ့​ခေတ်​သစ်​ထူး)
ကိုယ်​မလုပ်​တတ်​ အပြစ်​ပို
(စာအုပ်​ကြီးကို အပြစ်​ဆို)
လုပ်​တိုင်​လွဲလည်း ငါမမှား
(နှစ်​ ၅၀ ​ကြောင့်​ဗျား)
နိုင်​ငံသား​တွေ လုံခြုံ​ရေး
(အစိုးရက လုပ်​​ဆောင်​​ပေး)
{(ဟို ​ရှေး​ရှေး ဟို​ရှေး ​ရှေး)}
စီးပွားကျတာ အစိုးရ
(အသုံးမကျလို့တဲ့ဗျ)
{(ဟို ​ရှေး​ရှေး ဟို ​ရှေး​ရှေး)}
အခု​ပြောတာ စီးပွာကျ
(ပြည်​သူ အ လို့ဗျ)
({မှတ်​ထား​ဟေ့ မှတ်​ထား​ဟေ့)}
မန်​ကျီးထန်းလျက်​က တမူးပို
(ဇာတိမန်​ကို မကြားလို)
နတ်​က​တော်​ ၀န်​အစုပ်
(နှစ်​မူးပိုလို့ ရှုပ်​)
ဒေါက်​စုပ်​ ၀န်​ချုပ်​ အရူုးပြိုင်
(​ကြွေးမ​ကျေလို့ မလုပ်​နိုင်​ )
မယ်​မယ်​​ခေတ်​မှာ တရှိန်​ထိုး
(​အ​ကြွေး ၄ ဆ တတိုး)
မယ်​​တော်​ကြီးက အလှပြိုင်
(​မော်​ဒယ်​ရှုံးလို့ သူကနိုင်​)
သရုပ်​ဆောင်​က ပီပြင်​လှ
(မို့မို့မြင့်​​အောင်​ ရှုံးတယ်​ဗျ)

{ငိုချင်း။ ။ ( အမယ်​မင်း ​ပြောရ​တော့မယ်​၊ မူအမှား လူအမှား​ကြောင့်​ တို့ပြည်​ကြီးလည်း ငရဲခန်းသာသာ၊ အရူးမသာ ဝန်​မင်း​တွေ​ကြောင့်​ ​ခေါင်းတွဲကြီးလည်း မီး​တောက်​​နေပြီ​ပေါ့။ မယ်​မင်းမ ထမိန်​​လေယပ်​လို့ မီး​လောင်​ပြင်​ ပြာ​တောင်​​ပေါက်​တယ်​ကွယ်​။ ခံလိုက်​ကြ​ပေအုံး။ ၁၂ သန်း မ​အေး​ပေး​တို့​ရေ}

ဟေ့ ​ဟေ့ ​မောင်​တို့​ရေ
{(ဘာလဲ ဘာလဲ) လို့}
တေမိကြီး အိပ်​​ပျော်​ ဆဲ
(လူစား လဲ လူစားလဲ)
ရုပ်​​သေးနားလို့ ရုပ်​​သေ​ပေါ်
(လူ လဲစား လူ လဲ စား)
မောင်​သာယဉ်​ ဝန်​အရှုပ်
(သမီး ​ဂေါ်ဖီထုပ်​)
ဝန်​​လေး တချို့ ကြိုက်​တတ်​တာ
(စမူစာ​ဟေ့ စမူစာ)
အမတ်​တချို့ ကြိုက်​တာလည်း
(စမူစာပဲ​ဟေ့ စမူစာပဲ)
အမတ်​မမ ကြိုက်​တာ​လေး
(အီကြာ​ကွေး​ဟေ့ အီကြာ​ကွေး)
ကုလား ​ဆော်​လို့ တရုတ်​​လှော်
(သူတို့​ဆော်​တာ တို့ပြည်​သူ ဟ)
ကုလားနှံလို့ တရုတ်​ရံ
(တို့တိုင်းမြန်​ပြည်​ ပင်​လယ်​၀​ရောက်​)
အန်​ကယ်​ဆန်​က အမုန်း​ဆော်
(အင်္ဂလန်​က ​ငေါက်​​တော်က်​ကြီးနဲ့)
အဘ မကြိုက်​တဲ့ အနီ​ကြောင်
(အခုများ​တော့ ဘဘ ​ခေါ်တဲ့)

{ထိုးဇာတ်​။ ။ ပင်​နီဝတ်​၊ ပုဆိုး စလွယ်​သိုင်း၊ အရက်​ပုလင်း လက်​ကဆွဲပြီး ဒရွတ်​တိုက်​ထွက်​လာ။ ​ဟေ့​ကောင်​​တွေ ငါ့ကို ဘာ​ကောင်​ မှတ်​​နေကြလဲ။ အခု လမ်းဖယ်​​ပေးစမ်း။ တယ်​ ဒီ​ကောင်​ ​ပြော​နေရတာ ကြာတယ်​။ ကဲကွာ။ ဖျန်း ဖျန်း။ အနီး နား ​တွေ့တဲ့ ​ကောင်​​လေးကို ပါး ၂ ချက်​ ရိုက်​။
နောက်​ ​ကောင်​မ​လေးကို ကလိထိုး။ ပြီး​တော့ ဖုန်း ထုတ်​​ပေးပြီး ​ရော့ မုန့်​ဖိုး လို့ ဆို }

ရွေး​ကောက်​ပွဲ ​ရွေး​ကောက်​ပွဲ
(ပြည်​သူ​ဟေ့ ပြည်​သူ ဟ)
ဘုရားတည်​ပြီး ခုချိန်​ခါ
(ငြမ်း​တွေ ဖျက်​ ငြမ်း​တွေ ဖျက်​)
ရွေး​ကောက်​ပွဲ ​ရွေး​ကောက်​ပွဲ
(ပြည်​သူ​ဟေ့ ပြည်​သူ ဟ)
{(လူးပါးဝတဲ့ မသာမ ပါးရိုက်​ကြ ပါးရိုက်​ကြ)}
ပါးရိုက်​ချင်​လဲ အပိုပဲ
(ဒိုင်​ကို အပိုင်​ဆွဲ)
တရားဆိုင်​လဲ အပိုပဲ
(ဒိုင်​ကို အပိုင်​ဆွဲ)
ဒီမို​ခေတ်​ ဒီမို​ခေတ်
(ပြည်​သူ​တွေမှာ နွား​တွေဖြစ်​ နွား​တွေဖြစ်​)
ပုဂံပြည်​ကြီး သာယာစည်​ 
(နော်​ရထာမည်​ ဘုရင်​မြတ်​​ကြောင့်) ဗုဒ္ဓသာသနာ ထွန်း​တောက်​လာ
(​နော်​ရထာလို ဘုရင်​မြတ်​​ကြောင့်​)
ခိုင်​မာခဲ့တဲ့ အလံတိုင်
(ယိုင်​တိုင်​​ဟေ့ ယိုင်​တိုင်​တိုင်​)
မြန်​တိုင်းပြည်​ကြီး သာယာ​ရေး
(အဆဲပြိုင်​​ပေး​ဟေ့ အဆဲပြိုင်​​ပေး)
{သီချင်း။ ။ ​ဇော်​ဝင်းထွဋ်​၏ မဟာ သီချင်း ဖွင်းပေးပ့။ သံချပ်အဖွဲ့သားများ အားလုံး အဖိုးကြီးအို အဖွားကြီးအိုပုံ သရုပ်ဆောင်ကြပါ။}
သီချင်းဆုံးလျှင်

အာရှ ကျားကြီးဖြစ်​ချင်​​တော့
(အ​ပြော​လေး​တွေ​လျှော့)
ဂေါ်ဇီလာကြီး ဖြစ်​ချင်​​တော့
(အ​ပြော​လေး​တွေ​လျှော့)
စင်္ကပူကို ​ကျော်​ချင်​​တော့
(အ​ပြော​လေး​တွေ​လျှော့)
ိထိုင်းကို ​ကျော်​ချင်​​တော့
(အ​ပြော​လေး​တွေ​လျှော့)
အာဆီယံ တစ်​ဖြစ်​ချင်​​တော့
(အ​ပြော​လေး​တွေ​လျှော့)
အ​ပြော​လျှော့ဖို့ ​ပြော​နေတာ
(အ​ပြောများလို့ပါ )
ဒေါင်းခန္ဓာသူဝင်​စား
(သာလိကာ​မလေလား )
ဟေလာ​ မောင်​တို့ ဝါး
အပိတ်​ ဧချင်း။ ။ အနန္တသူရိယ အမတ်​ကြီး၏ မျက်ဖြေလင်္ကာ ကို ဧချင်းဖြည့် သီဆိုပါ။

Sort:  

World of Photography
>Visit the website<

You have earned 5.25 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.05
Server time: 13:05:57
Account Level: 0
Total XP: 41.50/100.00
Total Photos: 8
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61519.90
ETH 2995.96
USDT 1.00
SBD 3.45