ဓမ္မအသိ ထားရှိကြမည်​ (၃)

in #esteem6 years ago

ဘာမဟုတ်​တဲ့စကား​လေးတစ်​ခွန်းရယ်​ အဲ့ဒီစကား​လေးကို ​ထောက်​ခံမိရုံရယ်​​လောက်​နဲ့ သံသရာ​ကို အ​ကြွေးပါသွားရတဲ့သူ​တွေ အများအပြား ရှိခဲ့ကြပါတယ်​။
အဲ့ဒီအထဲကမှ သူ​ဌေးဘဝက​နေ အဆင့်​နိမ့်​တဲ့ဘဝကို ​ရောက်​သွားရတဲ့ သာဓက​လေးတစ်​ခု ​ပြောပြချင်​ပါတယ်​။

"ဥဂ္ဂ​သေန"

တစ်​ခါက "ဥဂ္ဂ​သေန"ဆိုတဲ့ သူ​ဌေးသားမှာ သဘင်​သည်​မျိုးရိုး ဇနီးသည်​ ရှိခဲ့ပါတယ်​။
အဲ့ဒီတုန်းက​တော့ သဘင်​သည်​​တွေကို ဖက်​ခွက်​စားလို့လည်း​ခေါ်ကြပါ​သေးတယ်​။
ဒီ​ခေတ်​မှာသာ ဇာတ်​မင်းသားမင်းသမီး​တွေက ​နေရာထားခံရ​ပေမဲ့ အဲ့ဒီတုန်းက​တော့ လူအထင်​ကြီးမခံရပါဘူး။

သူ​ဌေးသား "ဥဂ္ဂ​သေန"က သူ​ဌေးသားဖြစ်​လျက်​နဲ့ ဇနီးသည်​ဘက်​ကိုလိုက်​ပြီး ဇာတ်​ထဲလိုက်​သွားတယ်​ဆိုတာကို အားလုံးဖတ်​ဖူးကြားဖူးကြမှာပါ။
အဲ့ဒီလို သူ​ဌေးသားဖြစ်​လျက်​နဲ့ အဆင့်​ပိုနိမ့်​တဲ့ဘဝကို ရောက်​ဖြစ်​ခဲ့ရတဲ့အ​ကြောင်းက​တော့ ​ရှေ့ဘဝတစ်​ခုမှာ ပြုခဲ့ဖူးတဲ့အမှား​ကြောင့်​ဖြစ်​ပါတယ်။

အဲ့ဒီအပြစ်​ပြုမိတဲ့ ​ရှေ့ဘဝမှာတုန်းကလည်း သူတို့နှစ်​​ယောက်​က ဇနီး​မောင်​နှံဖြစ်ခဲ့ပါတယ်​။
အဲ့ဒီဘဝမှာတုန်းက ခရီးသွားရင်း လမ်းမှာ ရဟန္တာတစ်​ပါးကို ​တွေ့တဲ့အခါ ဆွမ်းကပ်​ပြီး ဆု​တောင်းကြတယ်​။

"အရှင်​ဘုရား ဒီ​ကောင်းမှု​ကြောင့်​ အရှင်​ဘုရားသိတဲ့ တရားထူး တရားမြတ်​ကို တပည့်​​တော်​တို့ သိရပါ​စေဘုရား" လို့ ဆု​တောင်းလိုက်​တဲ့အခါ
ရဟန္တာမြတ်​ကြီးက အနာဂတံသဉာဏ်​နဲ့ ကြည့်​လိုက်​ပြီး သူတို့ဟာလည်း ရဟန္တာမြတ်​ကြီး သိတဲ့တရားထူး တရားမြတ်​ကို သိတဲ့ပုဂ္ဂိုလ်​​တွေဖြစ်​မှာပဲဆိုတာ မြင်​မိပြီး သ​ဘောကျကာ ပြုံးလိုက်​တယ်​။

အဲ့ဒီ အပြုံးကို မြင်​​တော့ ဇနီးဖြစ်​သူက ခင်​ပွန်းသည်​ကို _
"ကိုယ်​​တော်​ကြီး ပြုံး​နေတာ ဇာတ်​သမားနဲ့တူတယ်​" ဆိုပြီး ​တီးတိုး​ပြောလိုက်​တယ်​။

"​အေး ... ဟုတ်​မှာ​ပေါ့ကွာ" လို့ ခင်​ပွန်းဖြစ်​သူကလည်း ပြန်​​ဖြေလိုက်​တယ်​။
အဲ့ဒီစကား​လေးတစ်​ခွန်း​ကြောင့်​နဲ့ သူ​ဌေးဘဝ​ရောက်​တာ​တောင်​ ပိုနိမ့်​ကျတဲ့ဘဝကို သူ့အလိုလိုဆင်းသွားတဲ့ အဖြစ်​​ရောက်​ခဲ့တာဖြစ်​ပါတယ်​။

ဒါ​ကြောင့်​ အ​သေးအမွှား​လေးပင်​ ဆို​စေဦး​တော့ နှုတ်​စည်းမ​စောင့်​ပဲ ​ပြောဆိုတတ်​ခြင်း​တွေ ​ရှောင်​ကြဉ်​ပြီး ချိုသာ ​ကောင်းမွန်​​သော စကားများသာ ဆိုနိုင်​ကြပါ​စေ ဆု​ခြွေရင်း ...
image

ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62423.21
ETH 2897.82
USDT 1.00
SBD 3.56