ကိုယ့်​ကိုကိုယ်​ ယုံကြည်​ပါ

in #esteem6 years ago

အဲ့ဒီလို​နေ့ရှိတယ်​ ... နံနက်​ခင်းနိုးထလာထဲက ကိုယ်​ ​မျှော်​လင့်​ထားသလို တစ်​ခုမှ ဖြစ်​မလာတာမျိုး။
အဲ့ဒီလို​နေ့က ကိုယ့်​ကိုကိုယ်​ ​ကောင်းတဲ့အရာ​တွေ ဖြစ်​လာ​တော့မှာပါလို့ ​ပြောရမဲ့​နေ့ပဲ။

အဲ့ဒီလိုအချိန်​ရှိတယ်​ ... လူ​တွေက သင့်​ကို စိတ်​ပျက်​ပြီး အားငယ်​​စေတဲ့အချိန်​မျိုး။
အဲ့ဒီလိုအချိန်​က ကိုယ့်​ကိုကိုယ်​ ယုံကြည်​ပြီး ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​နဲ့ အ​ကောင်းဆုံးကြိုးစားပြသွားမယ်​လို့ သတိ​ပေးရမဲ့အချိန်​ပဲ။

အဲ့ဒီလိုစိန်​​ခေါ်မှုမျိုး​တွေရှိတယ်​ ... ​ရှောင်​လွဲမရပဲ မဖြစ်​မ​နေ ​ထိ​တွေ့ရမဲ့စိန်​​ခေါ်မှုမျိုး။
အဲ့ဒီလိုစိန်​​ခေါ်မှုမျိုး​တွေက ကိုယ်​တိုင်​ရင်​ဆိုင်​ပစ်​လိုက်​​ပြီး ကိုယ့်​ဘဝကိုယ်​ ​ပြောင်းလဲပစ်​ဖို့ အခွင့်​အ​ရေးပဲ။

ကိုယ့်​ကိုကိုယ်​ အမြဲ မှန်​ကန်​တဲ့လမ်း​ကြောင်းက​နေ ပုံမှန်​ ​ရှေ့ဆက်​သွား​နေပါ။
ဘဝမှာ အချိန်​တိုင်းက​တော့ မလွယ်​ကူ​နေနိုင်​ပါဘူး။
ဒါ​ပေမဲ့ အခက်​အခဲ​တွေနဲ့ ရင်​ဆိုင်​​နေရချိန်​မှာ ပိုသန်​မာ​နေဖို့ လိုအပ်​တယ်​။

ဒါ​ကြောင့်​ အဲ့ဒီလို အခက်​အခဲ​တွေ ပင်​ပန်းမှု​တွေနဲ့ ရင်​ဆိုင်​ရတဲ့​နေ့ ကြုံလာခဲ့ရင်​ ကိုယ့်​ကိုကိုယ်​ ယုံကြည်​မှု​ရှိ​နေဖို့ အမြဲသတိရပါ၊ ပြီး​တော့ ကိုယ်​ဖြစ်​ချင်​တဲ့ အိပ်​မက်​အ​ကြောင်း​တွေးပြီး ဇွဲမ​လျော့ဘဲ အားတင်းထားလိုက်​ပါ။
ပြသနာကို ဘယ်​​တော့မှ မ​ရှောင်​ရှားပဲ ရင်​ဆိုင်​ပြီး ​ရှေ့ဆက်​ပစ်​လိုက်​ပါ။

ဘာဖြစ်​လို့လဲဆို​တော့ စိန်​​ခေါ်မှု​တွေနဲ့ အခွင့်​အ​ရေး​တွေက သင်​လိုချင်​တဲ့ ပန်းတိုင်​ကဘာလဲဆိုတာ ပိုတိကျစွာ မြင်​လာ​စေမှာမို့ပါ။
ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုနဲ့ အရာရာကို အနိုင်​ယူပစ်​လိုက်​ပါ။
image
ကိုယ့်​ကိုကိုယ်​ ယုံကြည်​မှုရှိပြီး အရာရာကို ​ရှေ့ဆက်​ ရင်​ဆိုင်​ ​ကျော်​ဖြတ်​သွားနိုင်​ကြပါ​စေ ဆု​ခြွေလျက်​ ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62423.21
ETH 2897.82
USDT 1.00
SBD 3.56