ဆု​​တောင်းတတ်​​သောသူလား

in #esteem6 years ago

ဒီပုံပြင်​​လေးက မှန်​ကန်​စွာဆု​တောင်းခြင်းနဲ့ ပက်​သက်​​နေတာမို့ မိတ်​​ဆွေတို့လည်း ဖတ်​လို့ရ​အောင်​ ဘာသာပြန်​​ပေးလိုက်​ပါတယ်​။
တကယ့်​လက်​​တွေ့မှာ ဒီ​လောက်​ဆု​တောင်းပြည့်​ပါမလားလို့ ​ပြောစရာရှိ​ပေမဲ့ ဒါကပုံပြင်​ဖြစ်​တဲ့အတွက်​ ဖြည့်​စွက်​နားလည်​​ပေး​စေချင်​ပါတယ်​။
အဓိက​ပေးချင်​တဲ့senseက ဆု​တောင်းတတ်​ဖို့နဲ့ ကျွန်​မရဲ့ထုံးစံအတိုင်း စာရိတ္တကို အ​ထောက်​အကူပြု​စေဖို့အတွက်​ မျှ​ဝေခြင်းဖြစ်​ပါတယ်​။

တစ်​ခါတုန်းက ပင်​လယ်​ပြင်​မှာ ခရီးရှည်​ထွက်​လာတဲ့ သ​င်္ဘောတစ်​စီးက မုန်​တိုင်းဒဏ်​​ကြောင့်​ တိမ်း​မှောက်​ပြီး သ​င်္ဘော​ပေါ်က လူနှစ်​ဦးသာ ကျွန်းတစ်​ကျွန်း​ပေါ် ​မျောပါရင်း အသက်​ရှင်​ကျန်​​နေခဲ့ပါတယ်​။
သူတို့နှစ်​ဦးက ဘုရားသခင်​ထံ ဆု​တောင်းဖို့ကလွဲလို့ ဘာလုပ်​ပြီး ဘယ်​လိုရှင်​သန်​ရမယ်​ဆိုတာ မသိကြပါဘူး။
သူတို့က သူစိမ်း​တွေလည်းဖြစ်​ကြတဲ့အ​လျောက်​ ကျွန်းကို အလယ်​စည်းတားပြီး ​နေကြတယ်​။
တစ်​ဖက်​တစ်​​ယောက်​စီနေရင်း ဘုရားသခင်​ထံ ဆု​တောင်းကြမယ်​လို့ ဆုံးဖြတ်​လိုက်​ကြတယ်​။

ပထမလူက အစားအစာတစ်​ချို့ရပါ​စေလို့ ဘုရားသခင်​ထံ ဆု​တောင်းလိုက်​တယ်။
နောက်​​နေ့မနက်​​ရောက်​​တော့ ... ပထမလူက သစ်​သီး​တွေအပြည့်သီး​နေတဲ့ အပင်​ကြီးကို ကျွန်းရဲ့ သူ့ဘက်​ခြမ်းမှာ ရှာ​တွေ့ခဲ့တယ်​။
သူမှာ စား​လောက်​ရုံအပြင်​ အသီး​တွေပိုလျှံ​နေ​ပေမဲ့ ဒုတိယလူကို မျှ​ဝေ​ကျွေးစရာမလိုဘူးလို့ ခံယူခဲ့တယ်​။

နောက်​ရက်​အနည်းငယ်​ကြာ​တော့ ပထမလူက ကျွန်း​ပေါ်မှာ​နေရတာ ငြီး​ငွေ့လာခဲ့တယ်​။
ဒါနဲ့ပဲ သူက မိန်းမတစ်​​ယောက်​​လောက်​ရဖို့ ဆု​တောင်းပြန်​တယ်​။
နောက်​ရက်​မှာ​တော့ သ​င်္ဘောတစ်​စီး မုန်​တိုင်းမိပြီး အမျိုးသမီးတစ်​ဦး သူရှိရာ ကျွန်းဘက်​​ရောက်​လာခဲ့တယ်​။
ဒုတိယလူရဲ့ ကျွန်းဘက်​ခြမ်းမှာ​တော့ ဘာမှ ထူးခြားတာမဖြစ်​​သေးဘူး။

နောက်​​တော့ ပထမလူက မိန်းမလည်းရပြီးပြီဆိုပြီး အိမ်​တစ်​လုံး၊ အဝတ်​အစား​တွေနဲ့ အစားအ​သောက်​​ကောင်း​တွေကို ထပ်​ပြီး ဆု​တောင်းပြန်​တယ်​။
နောက်​ရက်​ကျ​တော့ ​မှော်​အစွမ်း​တွေနဲ့ ဖန်​ဆင်းထားတယ်​လို့ ထင်​ရ​လောက်​​အောင်​ သူ့ဆု​တောင်း​တွေ အကုန်​ပြည့်​ခဲ့တယ်​။
သူက ဒုတိယလူကို သူ့အိမ်​ထဲလာ​နေဖို့လည်း မဖိတ်​သလို့ အစာအစာ​နဲ့ အဝတ်​အထည်​တွေလည်း မျှ​ဝေ​​ပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။
ဒုတိယလူဘက်​မှာလည်း နဂိုအတိုင်း ထူးမခြားနားပဲ ဖြစ်​​နေခဲ့တယ်​။

နောက်​ဆုံး​တော့ ပထမလူက ဒီကျွန်းမှာ ဆက်​မ​နေချင်​​တော့ဘူး။
သူ့မိန်းမနဲ့သူ အတူတူ ဒီကျွန်းက ထွက်​ခွာသွားနိုင်​ဖို့အတွက်​ သ​င်္ဘောတစ်​စီးကို ဘုရားသခင်​ထံ ဆု​ထပ်​​တောင်းလိုက်​တယ်​။
နောက်​တစ်​​နေ့မနက်​ကျ သ​င်္ဘောတစ်​စီးက သူ့ဘက်​ခြမ်းမှာ ကမ်းကပ်​ထားတာကို​တွေ့ရတယ်​။
သူက သူ့မိန်းမကို​ခေါ်ပြီး ဒီကျွန်းက ထွက်​သွားဖို့ လုပ်​တယ်​။
ဒုတိယလူကို​တော့ ဒီကျွန်း​ပေါ်မှာပဲ ထားခဲ့ဖို့ထိုက်​တန်​တယ်​လို့ သူ​တွေးတယ်​။

ဆုအတူ​တောင်းဖို့ဆုံးဖြတ်​ထားခဲ့ကြ​ပေမဲ့ ဘုရားသခင်​က ဒုတိယလူကို ဘာမှမဖြည့်​ဆည်း​ပေးတာ​ကြောင့်​ ဒုတိယလူက ဘုရားသခင်​ရဲ့ ​ကောင်းချီး​ပေးမှုနဲ့ မထိုက်​တန်ဘဲ အသုံးမကျတဲ့သူလို့ သူထင်​တယ်​။

ပထမလူက ဇနီးနဲ့အတူ သ​င်္ဘောစထွက်​ဖို့ ကမ်းကခွာ​နေတဲ့အချိန်​မှာ ​ကောင်းကင်​က​နေ အသံကျယ်​ကျယ်​နဲ့ စကားသံ​တွေ ဟိန်းထွက်​လာခဲ့တယ်​။
"သင်​ ဘာလို့ သင့်​ရဲ့ မိတ်​​ဆွေကို ကျွန်း​ပေါ် တစ်​​ယောက်​ထဲ ထားခဲ့တာလဲ"

ဘုရားသခင်​ရဲ့အ​မေးကို ပထမလူက _
"ကျွန်​​တော်​မျိုး ချီးမြင့်​ခံရတဲ့ ​ကောင်းချီး​ပေးမှု​တွေက ကျွန်​​တော်​မျိုး ဆု​တောင်းလို့ ရထားတာ​ပါအရှင်​၊ အဲ့ဒီလူက​တော့ ဆုသာ​တောင်း​နေတာ ဘာတစ်​ခုမှပြည့်​လာတာလည်း ကျွန်​​တော်​မျိုးမမြင်​မိပါဘူး၊ သူက ဘာဆုနဲ့မှ မထိုက်​တန်​လို့​နေမှာပဲ" လို့ ပြန်​​ဖြေတယ်​။

"သင်​ မှား​နေပြီ" ဘုရားသခင်​က ပြန်​​ပြောတယ်​။
"ကျွနု​ပ်​ ဆု​တောင်းဖြည့်​ဆည်း​ပေးခဲ့တာ သူ့ကိုပဲ၊
သူ့ရဲ့ဆု​တောင်း​တွေ​ကြောင့်​သာ သင်​ လိုတာအကုန်​ရ​နေခဲ့တာ"

ပထမလူက ဟားတိုက်​ရယ်​လိုက်​ပြီး _
"အို အရှင်​ ... ဒါဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ၊ သူဆု​တောင်းပြည့်​တာဆိုရင်​ သူရရမှာ​ပေါ့၊ ကျွန်​​တော်​မျိုး ဆု​တောင်းပြည့်​တာမို့ ကျွန်​​တော်​မျိုး ရတာ​ပေါ့၊ မဆိုင်​လိုက်​တာ" လို့ ​ပြန်​​ပြောလိုက်​တယ်​။

ပထမလူရဲ့အ​မေးကို ဘုရားသခင်​က ပြန်​​ဖြေလိုက်​တယ်​။
"သူ ဆု​တောင်းခဲ့တာက သင်​ဆု​တောင်းသမျှ ပြည့်​ပါ​စေဆိုပြီး​တော့ပဲ ချစ်​သား"

ပုံပြင်​​လေးက ပုံပြင်​ဆန်​ပြီး ဒီ​ခေတ်​အမြင်​နဲ့​တွေးရင်​ ယုတ္တိတန်​တာနည်း​နေ​ပေမဲ့ အဲ့ဒီထဲက အမှန်​တရားတစ်​ချို့ကို ဆွဲထုတ်​ပြချင်​လို့ ကျွန်​မ ဒီပုံပြင်​ကို ဘာသာပြန်​ခဲ့တာပါ။
အဲ့ဒါက​တော့ ဆု​တောင်းတတ်​ခြင်းပါပဲ။
လူအများစုက ကိုယ့်​အတွက်​ ကိုယ့်​အတ္တအတွက်​ ကိုယ်​နဲ့ သက်​ဆိုင်​သူအတွက်​သာ ဆု​တောင်းကြ​လေ့ရှိပြီး အဲ့ဒီဆု​တောင်း​တွေက အပြည့်​အဝမဖြူစင်​လို့ ဆု​တောင်းပြည့်​ဖို့ ခဲယဉ်းတတ်​ပါတယ်​။
ဒါက ကျွန်​မကိုယ်​တိုင်​ ကြုံ​တွေ့ဖူးလို့ ပိုယုံကြည်​ပါတယ်​။
ဆုေ​တာင်းခြင်းဟာ ကိုယ်​ကျိုးမဖက်​တဲ့ ဆု​တောင်း အနစ်​နာခံတဲ့ဆု​တောင်းဖြစ်​ရင်​ ပိုပြည့်​နိုင်​ပါတယ်။
ပြီး​တော့ ကိုယ့်​အတွက်​ ဆု​တောင်းရင်​​တောင်​ အဲ့ဒီဆု​တောင်းပြည့်​ခဲ့ရင်​ တစ်​ပါးသူအတွက်​ အများအတွက်​ တစ်​ခုခု​ကောင်းကျိုးပြန်​ပြုမဲ့အ​ကြောင်း ထည့်​ပြီးဆု​တောင်းရင်​၊ ဆု​တောင်းပြည့်​ပြီးရင်​လည်း တကယ်​​ပြောခဲ့တဲ့အတိုင်းလုပ်​​ပေးခဲ့ရင်​ ဆု​တောင်း​တွေက ပိုပြည့်​ဖို့လွယ်​ကူသွားတတ်​ပါတယ်​။
တကယ်​ကို ယုံကြည်​ပြီး ​လေး​လေးနက်​နက်​ ဆု​တောင်းကြည့်​ပါ။
အများအတွက်​ ဆု​တောင်း​ပေးတတ်​ပါ​စေ။
ကိုယ့်​အတွက်​ ဆု​တောင်းလည်း အများအကျိုးတစ်​ခုခုပြုမဲ့အ​ကြောင်းပါဝင်​ပါ​စေ။
အားလုံးပဲ ဆု​တောင်းတတ်​ကြပြီး ဆု​တောင်း​တွေလည်း ပြည့်​ကြပါ​စေ ဆုမွန်​​ခြွေရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

image

Sort:  

ခုမှ​တွေးမိတယ်
ကျေးဇူးတင်​ပါတယ်​ရှင်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65920.41
ETH 3016.79
USDT 1.00
SBD 3.71