သဲနှင့်​​ကျောက်​တုံး​ပေါ်က စာများ

in #esteem6 years ago

တစ်​ခါက သူငယ်​ချင်းနှစ်​​ယောက်​က ကန္တာရတစ်​ခုကိုစကား​ပြောရင်း ဖြတ်​​လျှောက်​လာခဲ့ကြတယ်။
ခရီးအတန်​အသင့်​​ရောက်​လာ​တော့ သူတို့နှစ်​​ယောက်​က အငြင်းအခုံဖြစ်​လာပြီး တစ်​​ယောက်​က ကျန်​တဲ့တစ်​​ယောက်​ကို ပါးရိုက်​လိုက်​တယ်​။
ပါးရိုက်​ခံလိုက်​ရတဲ့ သူငယ်​ချင်းက နာကျင်​သွား​ပေမဲ့ ဘာမှပြန်​မလုပ်​ပဲ ကန္တာရရဲ့ သဲပြင်​​ပေါ်မှာ စာ​ရေးလိုက်​တယ်​။
"ဒီ​နေ့ ငါ့ရဲ့ အချစ်​ဆုံး​သူငယ်​ချင်းကြီးက ငါ့ကို ပါးရိုက်​ခဲ့တယ်​"

သူတို့နှစ်​​ယောက်​က သဲကန္တာရ​ပေါ်မှာ အို​အေစစ်​တစ်​ခု ရှာတွေ့တဲ့အထိ ခရီးဆက်​ခဲ့ကြတယ်​​။
အို​အေစစ်​​ရေကန်​​လေးဆီ​ရောက်​​တော့ ​ရေချိုးဖို့ လုပ်​ကြတယ်​။
ပါးရိုက်​ခံခဲ့ရတဲ့သူငယ်​ချင်းက ​ရေချိုးဖို့​လုပ်​ရင်း ​ခြေ​ချော်​ပြီး ​ရေထဲပြုတ်​ကျသွားတယ်​။
ဒါ​ပေမဲ့ သူ့ကိုပါးရိုက်​ခဲ့တဲ့သူငယ်​ချင်းက ​သူ့အသက်​ကို ကယ်​ခဲ့တယ်​။
သူက ဒီတစ်​ခါကျ ​ကျောက်​တုံး​ပေါ်မှာ စာ​ရေးလိုက်​တယ်​။
"ဒီ​နေ့ ငါ့ရဲ့ အချစ်​ဆုံး​သူငယ်​ချင်းကြီးက ငါ့အသက်​ကို ကယ်​တင်​ခဲ့တယ်​"

သူ့ကို ပါးလဲရိုက်​ပြီး အသက်​လည်းကယ်​ခဲ့တဲ့ သူငယ်​ချင်းက နားမလည်​စွာနဲ့ ​မေးလိုက်​တယ်​ _
"မင်းကို ငါပါးရိုက်​တုန်းက မင်း သဲ​ပေါ်စာ​ရေးတယ်​ အခုကျ ​ကျောက်​တုံး​ပေါ်စာ​ရေးတယ်​၊ ဘာဖြစ်​လို့လဲ၊ ငါ​တော့ နားမလည်​ဘူးကွာ"

သူက _
"တစ်​စုံတစ်​​ယောက်​က ငါတို့ကို နာကျင်​​အောင်​ လုပ်​ခဲ့ရင်​ သဲ​ပေါ်​ရေးပြီးပဲ မှတ်​ထားသင့်​တယ်​၊ ဒါမှ ခွင့်​လွှတ်​ခြင်း​လေနဲ့အတူ ​မေ့​ပျောက်​သွားနိုင်မယ်​​လေ၊
ဒါ​ပေမဲ့ တစ်​စုံတစ်​​ယောက်​က ငါတို့အ​ပေါ် ​ကောင်းခဲ့ရင်​​တော့ ​ကျောက်​တုံး​ပေါ် ထွင်းထုထားသလို မှတ်​သားထားသင့်​တယ်​၊ ဒါမှ ဘယ်​အရာ​ကြောင့်​နဲ့မှ သူ့လုပ်​ရပ်​ကို မ​မေ့မိ​တော့ဘူး​ပေါ့" လို့ ပြန်​​ဖြေလိုက်​တယ်​။
image
တကယ်​​တော့ ဒီပုံပြင်​​လေးကို ဘာသာသာပြန်​ရတာ အမှန်​အတိုင်း​ပြောရရင်​ ကျွန်​မစိတ်​မလုံပါဘူး။
ဘာဖြစ်​လို့လဲဆို​တော့ အခုထိ ​သဲ​ပေါ် မ​ရေးနိုင်​​သေးလို့ပါ။
တစ်​စုံတစ်​​ယောက်​ပေးထားတဲ့ နာကျင်​မှု​တွေကို သဲ​ပေါ်​ရေးနိုင်​ဖို့ ကြိုးစား​နေဆဲပါပဲ။
မိတ်​​ဆွေတို့လည်း ခွင့်​လွှတ်​ခြင်း​လေနဲ့အတူ နာကျင်​မှု​တွေကို အပြည့်​အဝ ​ဖြေ​ဖျောက်​နိုင်​ကြပါ​စေလို့ ဆု​​တောင်း​ပေးရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65860.84
ETH 3017.19
USDT 1.00
SBD 3.70