ချမ်းသာခြင်းအစစ်​အမှန်

in #esteem6 years ago

တစ်​​နေ့မှာ သူ​ဌေးတစ်​ဦးက သူ့ရဲသားကို ဆင်းရဲတဲ့ ​ကျေးလက်​ရွာ​လေးတစ်​ရွာကို ခရီးတစ်​ခုအ​နေနဲ့ ​ခေါ်သွားခဲ့တယ်​။
ရည်​ရွယ်​ချက်​က​တော့ ဆင်းရဲသား​တွေက ဘယ်​လို​နေထိုင်​ရလဲဆိုတာ သားဖြစ်​သူ သိမြင်​လာ​စေပြီး သူ့ရဲ့ ချမ်းသာမှုကံကို ​ကျေးဇူးတင်​မိ​စေဖို့​ပေါ့။

သူတို့က ရက်​​တော်​​တော်​ကြာ အဲ့ဒီဆင်းရဲသားလယ်​သမားမိသားစုအိမ်​မှာ ​နေခဲ့ပြီး အိမ်​ကို ပြန်​လာခဲ့ကြတယ်​။
အပြန်​လမ်းမှာ သူ​ဌေးကြီးက သူ့သားကို ​မေးတယ်​ _
"ကဲ ... ဘယ်​လိုလဲသား ... ဒီခရီးက ဘယ်​နှယ့်​လဲ"

"အရမ်း​ကောင်းပါတယ်​ အ​ဖေ" လို့ သားဖြစ်​သူက ပြန်​​ဖြေတယ်​။

"ဆင်းရဲရင်​ ဘယ်​လိုဖြစ်​မလဲ ​တွေ့ပြီမလား" လို့ သူ​ဌေးကြီးက ဆက်​​မေးလိုက်​တယ်​။

သားဖြစ်​သူက _
"ဟုတ်​ကဲ့ အ​ဖေ" လို့ ပြန်​​ဖြေလိုက်​တယ်​။

"ဒါဖြင့်​ ဒီခရီးမှာ မင်း ဘာ​တွေ အသိတရား​ရခဲ့လဲ ငါ့သား" လို့ သူ​ဌေးကြီးက ထပ်​​​မေးတယ်​။

သားဖြစ်​သူက _
"ကျွန်​​တော်​​တွေ့ခဲ့တာ​တော့ ကျွန်​​တော်​တို့မှာ ​ခွေး၁​ကောင်​ပဲရှိတယ်​၊ သူတို့မှာ​​တော့ ၄​ကောင်​​တောင်​ရှိတယ်​။
ကျွန်​​တော်​တို့မှာ ခြံဝန်းရဲ့ အလယ်​နားထိပဲ​ရောက်​တဲ့ ​ရေကူးကန်​ရှိတယ်​၊ သူတို့မှာ​​တော့ အစအဆုံးမမြင်​နိုင်​​လောက်​​အောင်​ ကျယ်​​ပြောတဲ့ ​ရေကူးဖို့ ပင်​လယ်​ပြင်​ကြီးရှိတယ်​။
ကျွန်​​တော်​တို့မှာ နိုင်​ငံခြားက​နေ ဝယ်​လာတဲ့ မီးတိုင်​​တွေ ခြံထဲထွန်းထားတာရှိတယ်​၊ သူတို့မှာ​တော့ မီတာခအပိုမကုန်​ရဘဲ အလင်း​ပေးမဲ့ ​ကောင်းကင်​​ပေါ်ကကြယ်​​တွေရှိတယ်​။
ကျွန်​​တော်​တို့ရဲ့ ​ပေါ်တီကိုက အိမ်​​ရှေ့ခြံအစပ်​ထိပဲဆို​ပေမဲ့ သူတို့မှာ​တော့ မိုးကုတ်​စက်​၀ိုင်းစွန်းထိ အစအဆုံးမဲ့တယ်။
ကျွန်​​တော်​တို့မှာ ​နေစရာ​နေရာ အကန့်​အသတ်​နဲ့ရှိ​ပေမဲ့ သူတို့မှာ​တော့ မြင်​မြင်​ရာ လဲအိပ်​ပြီး​နေလို့ရ​အောင်​ ​ပြေးလွှား​ဆော့ကစားလို့ရ​အောင်​ သဘာဝ​မြေလွတ်​​မြေရိုင်း​တွေ ရှိတယ်​။
ကျွန်​​တော်​တို့မှာ ကျွန်​​တော်​တို့ကို ပြုစု​ပေးမဲ့ အိမ်​အကူ​တွေရှိ​ပေမဲ့ သူတို့မှာ သူတို့အချင်းချင်း အပြန်​အလှန်​ပြုစု​ပေးတဲ့ အ​လေ့အကျင့်​ရှိတယ်​။
ကျွန်​​တော်​တို့က စားဖို့ ဝယ်​ရတယ်​၊ သူတို့က​တော့ စားဖို့ ကိုယ်​တိုင်​ စိုက်​ပျိုးနိုင်​တယ်​။
ကျွန်​​တော်​တို့ရဲ့ စည်းစိမ်​ဥစ္စာ​တွေကို ကာကွယ်​ဖို့ ​နံရံ​တွေ အကာအကွယ်​​တေနဲ့ ရတက်​မ​အေး ကျွန်​​တော်​တို့​နေရတယ်​၊ သူတို့က​တော့ သူတို့ပိုင်​ဆိုင်​မှု​တွေကို မိတ်​​ဆွေသူငယ်​ချင်း​တွေက ​စောင့်​​ရှောက်​​ပေးကြတယ်​" လို့ ​ဖြေလိုက်​တယ်​။

သူ​ဌေးကြီးက ဘာမှ ပြန်​မ​ပြောနိုင်​ပဲ ငြိမ်​ကျသွားခဲ့တယ်​။

သားဖြစ်​သူက ​နောက်ထပ်​ စကားတစ်​ခွန်းထပ်​​ပြောလိုက်​တယ်​။
"ကျွန်​​တော်​တို့ ဘယ်​​လောက်​ဆင်းရဲ​နေသလဲ သိခွင့်​​ပေးလို့ ​ကျေးဇူးပါအ​ဖေ"

image
ချမ်းသာခြင်း အစစ်​အမှန်​ကို ရှာ​ဖွေ​တွေ့ရှိပြီး ပိုင်​ဆိုင်​ ​ပျော်​ရွှင်​နိုင်​ကြပါ​စေ ဆု​တောင်း​ပေးရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 64161.84
ETH 2950.76
USDT 1.00
SBD 3.60