Mine

in #esteem6 years ago

"စိတ်​......”

စိတ်​ ဆိုတဲ့အရာက အတက်​အကျ
အရမ်းမြန်​သလို အတက်​အဆင်း
မြန်​​နေတတ်​တယ်

စိတ်​ ​ကြောင့်​ဖြစ်​လာတဲ့ အတက်​အကျ
အတက်​အဆင်း​တွေကို အချီမှီထိန်းနိုင်​တာက
အသိ နဲ့ သတိပဲရှိပါတယ်

အသိနဲ့ သတိကို ဟန်​ချက်​ညီညီထိန်းနိုင်​လာပြီး
အသုံးပြုတတ်​လာပြီဆိုရင်
ရင့်​ကျက်​လာခြင်းဆိုတဲ့ အဆင့်​ကို
ရောက်​လာတယ်​လို့် မြင်​မိပါတယ်

မ​ကောင်းမှု ၊ ​ကောင်းမှု​တွေကို
အသိ သတိနဲ့ ထိန်းချုပ်​ပြီး
မ​ကောင်းမှု​တွေကို ​အောင်​နိုင်​လာခြင်းက
တရား ပါပဲ

ကိုယ့်​စိတ်​ထဲကို မလိုအပ်​တဲ့ အမှိုက်​​တွေ
စုပုံ​ထည့်​​နေမိရင်​ စိတ်​ရှင်းဖို့ လွယ်​ကူမှာမဟုတ်​သလို
ဘဝလည်း ​ချောလာစရာ အ​ကြောင်းမရှိပါဘူး

စိတ်​ ဆိုတဲ့အရာက မ​ကောင်းမှု​တွေမှာ
ပျော်​​မွေ့တတ်​ပြီး ​ကောင်းတာ​တွေလုပ်​​ဆောင်​ဖို့
အရမ်း​လေးလံ​အောင်​ ဖိအား​ပေးတတ်​တာလည်း
စိတ်​ ပါပဲ

ပျော်​ရွှင်​ခြင်း ၊ ဝမ်းနည်းခြင်း ၊ အထီးကျန်​ခြင်း
လွမ်း​ဆွေးခြင်း စ​သော ခံစားမှုရသမျိုးစုံကို
ဖန်​ဆင်း​ပေးတာ စိတ်​ဖြစ်​သလို
ကောင်း​သောအလုပ်​ ၊ ​ကောင်း​သော
အကြံအစည်​ ၊ ​ကောင်း​သော အမူအကျင့်
အားလုံးတို့သည်​လည်း စိတ်​ ပါပဲ

ကောင်းတာလုပ်​တာလည်း စိတ်
မ​ကောင်းတာလုပ်​​နေတာကလည်း စိတ်​ ဆိုရင်
ကိုယ်​ပိုင်​တဲ့ ကိုယ့်​စိတ်​ကို
အညစ်​အ​ကြေး​တောထဲမှာ ​ပျော်​​နေတာထက်
အထက်​တန်းကျကျ လူပီသ​အောင်
တွေးနိုင်​ ထားနိုင်​ ​နေရာချတတ်​သွားရင်
တရား နည်းလမ်းကျတဲ့ လူသားတစ်​​ယောက်​ပါပဲ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69747.29
ETH 3747.51
USDT 1.00
SBD 3.78