Natural precious stones jewelry

in #esteem6 years ago

တစ်​ခါတ​လေ

ကိုယ့်​အတ္တကို ​ဘေးဖယ်​ပြီး

သူ​ကောင်းဖို့ အများကြီး​ပေးဆပ်​ခဲ့တာ​တောင်

သူ မလို​တော့တဲ့အခါ

ကိုယ့်​ကို ကန်​ထုတ်​ဖို့ ကြိုးစား​နေတာ

သိသိကြီးနဲ့ သူ့ကို ​မေတ္တာမပျက်​နိုင်​တဲ့

ကိုယ့်​စိတ်​ကို အားမလိုအားမရ ဖြစ်​ခဲ့ဖူးတယ်



တစ်​ခါတ​လေ

ကိုယ့်​ကို အသုံးချ​နေတာ သိသိကြီးနဲ့

အဲ့ဒီ အသုံးချမှုအ​ပေါ် အပြစ်​မမြင်​ဘဲ

ပီတိဖြစ်​​နေတဲ့ ကိုယ့်​အ​တွေး​တွေကို

အံ့သြမိတယ်

image

တစ်​ခါတ​လေ

ရင်​နာစရာဆိုတာ ဘာလဲမသိရ​အောင်

သူနဲ့ ပတ်​သက်​လာရင်

အလိုလို ဒူး​ထောက်​အရှုံး​ပေးမိတဲ့

ကိုယ့်​မာန​တွေကို မုန်းတီးချင်​မိတယ်



တစ်​ခါတ​လေ

ကိုယ့်​စိတ်​က ဘယ်​လိုပဲဖြစ်​ဖြစ်

ပြတ်​သား​နိုင်​​အောင်​ ပြင်​ဆင်​ထားခဲ့​ပေမယ့်

သူ့အသံ​လေးကြားလိုက်​တာနဲ့

ကိုယ့်​ရဲ့ မပြတ်​မသားဖြစ်​မှု​တွေကို

အပြင်းအထန်​ ရှုံ့ချ လိုက်​ချင်​မိတယ်
image

တစ်​ခါတ​လေ

သူနဲ့ ပတ်​သက်​​နေခဲ့တာက

အ​ကြွေးမှန်းသိသိကြီးနဲ့

အဲ့ဒီ ဝဋ်​​ကြွေးကြားမှာ

အမှတ်​မရှိ​အောင်​ သာယာ​နေတဲ့

ကိုယ့်​နှလုံးသားကို ဖြစ်​နိုင်​ရင်

အသက်​မဲ့သွား​အောင်​ ဒဏ်​​ပေးလိုက်​ချင်​မိတယ်



ဝဋ်​​ကြွေးဆိုတဲ့အရာက

သူ မ​ကောင်းမှန်း သိ​ပေမယ့်

ဝဋ်​မကုန်​ခင်​အထိ​တော့

ရုန်းထွက်​လို့ မဖြစ်​နိုင်​ဘူးဆိုတာ

လက်​ခံရ​တော့မလိုပါဘဲ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62989.29
ETH 3048.32
USDT 1.00
SBD 3.99