Bad smell

in #esteem6 years ago

ပရိသတ်ကြီးရေ အစားအစာတွေက ကိုယ်ခန္ဓာကိုအာဟာရတစ်ခု အနေနဲ့ ဖြည့်ဆည်းပေးရံုသာမကဘဲ အခြားအထောက်အကူပြုတာတွေလည်းရှိပါတယ်။
တချို့အစားအစာတွေက ခန္ဓာကိုယ်အတွက် အနံ့ဆိုးတွေထွက်တဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးနိုင်ပြီး အချို့ကတော့ ကောင်းတဲ့ကိုယ်သင်းနံံ့ကို ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေ ခန္ဓာကိုယ်က အန့ံဆိုးတွေ ထွက်နေတာကိုကြံုဖူးကြမှာပါ။

ဘယ်လိုအစားအစာတွေက အနံံ့ကောင်းစေပြီး ဘယ်လိုအစားအစာတွေက အန့ံဆိုးစေလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

(၁) ရေနဲ့ဘီယာ

ရေများများသောက်ခြင်းက အနံ့ဆိုးကြောင့် အဆိပ်အတောက်တွေ ထွက်ခြင်းကသက်သာစေပါတယ်။ ဘီယာသောက်ခြင်းက စိတ်အပန်းဖြေစေနိုင်ပေမယ့်လည်း အယ်လ်ကိုဟောတွေ ချွေးပေါက်ထဲက ပြန်ထွက်တာကြောင့် မကောင်းတဲ့ကိုယ်နံ့တွေကို ပိုပြီးထွက်စေနိုင်ပါတယ်။

(၂) ဒိန်ချဥ်နဲ့နွားနို့

ဒိန်ချဥ်မှာပါဝင်တဲ့ဓာတ်တစ်မျိုးကတော့ ကိုယ်န့ံကောင်းစေနိုင်ပြီး ဗီတာမင်ဒီပါဝင်တာကြောင့် ခံတွင်းထဲက ဘတ်တီးရီးယားပိုးတွေကို တိုက်ပေးနိုင်ပြီး အနံ့ဆိုးတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နွားနို့မှာပါဝင်တဲ့ Choline ဓာတ်က မကောင်းတဲ့ ကိုယ်နံံ့ကိုထွက်စေနိုင်ပါတယ်။

(၃) ဆေးဖက်ဝင်လက်ဖက်ရည်နဲ့ကော်ဖီ

ဆေးဖက်ဝင်တဲ့ လက်ဖက်ရည်မှာဆိုရင် Antioxidant ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အ တောက်နည်း စေပြီး ကို်ယ်န့ံကောင်းစေပါတယ်။ ကော်ဖီနဲ့အခြား ကဖင်းဓာတ်ပါတဲ့ဖျော်ရည်အမျိုးမျိုးက ကိုယ်အနံ့ဆိုးတွေ ထွက်စေနို်င်ပါတယ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60719.63
ETH 2911.16
USDT 1.00
SBD 3.59