မြေဆွေးမြေဩဇာပြုလုပ်ရာတွင်အရေးပါသောကာဗွန်နိုက်ထရိုဂျင်အချိုးအကြောင်း

in #esteem5 years ago

မြေဆွေးမြေဩဇာပြုလုပ်ရာတွင်အရေးပါသောကာဗွန်နိုက်ထရိုဂျင်အချိုးအကြောင်း
image

ကျွန်တော်တို့ပတ်ဝန်းကျင်မှရရှိသောစွန့်ပစ်ပစ္စည်းများ၊ပေါင်းမြက်များ၊နွားချေး၊ကြက်ချေးစသည့်အရာများကို
အသုံးပြုပြီးသဘာဝမြေဩဇာကိုပြုလုပ်သုံးစွဲနိုင်ပါသည်။ထိုသို့ပြုလုပ်ရာတွင်ရလဒ်ကောင်းတစ်ခုထွက်ပေါ်လာရန်အရေးကြီးသောအချက်တစ်ခုရှိသည်။၎င်းမှာအသုံးပြုမည့်ပစ္စည်းများတွင်ပါဝင်သောကာဗွန်နှင့်နိုက်ထရိုဂျင်အချိုးကိုအကြမ်းဖျင်းနားလည်ရန်လိုအပ်သည်။ပေါင်းစပ်ပြုလုပ်ထားသောမြေဆွေးပုံတွင်ရှိသင့်သောကာဗွန်နိုက်ထရိုဂျင်အချိုးကျရှိသင့်ပါသည်။
မိမိအသုံးပြုမည့်ကုန်ကြမ်းပမာဏကိုချိန်ဆနိုင်ပြီးအရည်သွေးပြည့်ဝသောမြေဩဇာကောင်းတစ်ခုကိုရရှိနိုင်ပေလိမ့်မည်။ကာဗွန်နှင့်နိုက်ထရိုဂျင်အချိုးကိုအတိုကောက်အားဖြင့်
CN ratio C:N ကာဗွန် နိုက်ထရိုဂျင်အချိုးဟုခေါ်သည်။
ရှေ့က C မှာ ကာဗွန်ဖြစ်ပြီး နောက်က N မှာ နိုက်ထရိုဂျင် ဖြစ်ပါသည်။ဥပမာမိမိအသုံးပြုမည့်ပစ္ပည်းတစ်ခုသည်ကာဗွန်နိုက်ထရိုဂျင်အချိုး cn ratio 30:1 ဟုဆိုလျှင် ကာဗွန် 30 ဆနှင့် နိုက်ထရိုဂျင် 1ဆပါဝင်သည်ဟုသိရမည်။

image
မြေဆွေးပြုလုပ်ရာတွင်
အညိုပစ္စည်း
အစိမ်းပစ္စည်းဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။
အညိုပစ္စည်းမှာ ကာဗွန် C ဖြစ်ပြီး၊အစိမ်းပစ္စည်းမှာ နိုက်ထရိုဂျင် N ဖြစ်ပါသည်။
အညိုပစ္စည်းဆိုသည်မှာစပါးခွံ၊လွှစာ၊ကောက်ရိုး၊မြေပဲခွံ၊သစ်ရွက်ခြောက်စသည့် အခြောက်ပစ္စည်းများကိုဆိုလိုသည်။
အစိမ်းပစ္စည်းဆိုသည်မှာ မြက်၊သစ်ရွက်စို၊ဟင်းသီးဟင်းရွက်စသည် တို့ကို ဆိုလိုပါသည်။
တခုသတိထားရမည်မှာ အစိမ်းရောင်ပစ္စည်းများသည် နိုက်ထရိုဂျင်ပါဝင်မှုပိုများ၍ အစိမ်းနိုက်ထ
ရိုဂျင်ဟုလည်းကောင်း၊ခြောက်သွေ့သောပစ္စည်းများမှာကာဗွန်ပါဝင်မှုပိုများ၍အညို ကာဗွန်ဟု သတ်မှတ်ထားသော်လည်း အစိမ်း အညို နှစ်မျိုးစလုံးတွင် ကာဗွန်ရော နိုက်ထရိုဂျင် ပါ ပါဝင်ပါသည်။
ကာဗွန်နိုက်ထရိုဂျင် ပါဝင်မှုအရ အညို အစိမ်းသတ်မှတ်ရာတွင်
*ကာဗွန်နိုက်ထရိုဂျင် အချိုး cn ratio 30:1 အောက်နိမ့်လျှင် အစိမ်းပစ္စည်း
*cn ratio 30:1 ထက်မြင့်လျှင် အညို ပစ္စည်း အဖြစ် သတ်မှတ်ပါတယ်။
image

မြေဆွေးပြုလုပ်ရာတွင်အဏုဇီဝပိုးမွှားများသည်အရေးကြီးသောအခန်းမှပါဝင်ပါသည်။၎င်းတို့ကခြေဖျက်ခြင်းဖြင့်ဆွေ့မြေ့သောမြေဆွေးဖြစ်လာပါသည်။ကာဗွန်က ၎င်းတို့အတွက် စွမ်းအင်ရရှိပြီး နိုက်ထရိုဂျင်က ပရိုတိန်းကို ပေးပါသည်။ကာဗွန်ပမာဏ30ခန့်ကိုခြေဖျက်ရန်အတွက်နိုက်ထရိုဂျင်ပမာဏ1ခန့်လိုအပ်ပါသည်။ထို့ကြောင့်အကောင်းဆုံး CN အချိုးမှာ 30:1 ဖြစ်ပါသည်။အကယ်၍နိုက်ထရိုဂျင်ပမာဏအရမ်းများနေလျှင်ကုန်အောင်မသုံးနိုင်ဘဲ အမိုးနီးယားဖြစ်ပေါ်ပြီး နိုက်ထရိုဂျင်ဆုံးရှုံးမှု 60 ရာခိုင်နှုန်းကျော်အထိဖြစ်နိုင်ပါတယ်။

ကာဗွန်နိုက်ထရိုဂျင်အချိုး 30:1 ပတ်ဝန်းကျင်ရှိတဲ့မြေဆွေးပုံတစ်ပုံဟာကြာချိန်မြန်ပါတယ်။အပူချိန်က 140·F/60·C ခန့်ရှိပါတယ်။ 50:1 မှာဆိုရင် အနည်းငယ်ပိုကြာပါမယ်။အပူလည်းနည်းပါမယ်။ ကာဗွန်နိုက်ထရိုဂျင် အချိုး မြင့်လေ မြေဆွေးလုပ်တဲ့အချိန်ကပိုကြာလေဖြစ်ပါတယ်။
စပါးခွံတို့၊လွှစာတို့က CN အချိုးမြင့်ပါတယ်။အဲ့တာကြောင့်သူတို့ပါရင် အချိန်ပိုကြာတတ်ပါတယ်။
သင့်တင့်တဲ့ ကာဗွန်နိုက်ထရိုဂျင်အချိုး ရှိတဲ့မြေဆွေးလုပ်ထားတဲ့အပုံမှာ အဏုဇီဝပိုးတွေကောင်းစွာပေါက်ဖွားပြီးအလုပ်လုပ်ပါလိမ့်မယ်။
ဒီနေရာမှာအရေးကြီးတာက CN ratio 30:1 ဆိုတာ ဓာတုဖော်မြူလာတစ်ခုဖြစ်ပါတယ်။ ကာဗွန်ကိုအညို၊နိုက်ထရိုဂျင်ကို အစိမ်းလို့ သတ်မှတ်ထားပေမယ့် CN ratio 30:1 ကို အစိမ်းတစ်ဆကို အညို သုံးဆယ်ဆအဖြစ် မမှတ်ယူရပါဘူး။နားလည်မှုလွဲတတ်ပါတယ်။

မြေဆွေးမြေဩဇာလုပ်ရာမှာအညိုနဲ့အစိမ်းရောနှောမှုအနေနဲ့ အညို တစ်ဆ၊အစိမ်း နှစ်ဆ ဟာအသင့်တော်ဆုံးဖြစ်ပါတယ်။အဲလိုမျိုးရောပြီးလုပ်မယ်ဆိုရင် ကာဗွန် နိုက်ထရိုဂျင် အချိး 30:1 ကနေ 50:1 အတွင်းရပါမယ်။
အစိမ်းပစ္စည်းမလုံလောက်လို့လျှော့ချင်ရင် အညိုတစ်ဆ၊အစိမ်းတစ်ဆ ဆိုလည်းသင့်တော်ပါတယ်။
မြေဆွေးလုပ်မယ့်ပစ္စည်းတွေကို ကာဗွန် နိုက်ထရိုဂျင် CN အချိုး သိချင်ရင် အစိမ်းရောင်ပစ္စည်းတွေက ခန့်မှန်းခြေ 30:1 အနီးစပ်ဆုံးမှတ်ယူနိုင်ပါတယ်။သုံးလေးမျိုးပေါင်းလုပ်ရင်တော့ ပျမ်းမျှပြန်ယူရပါတယ်။ဥပမာ ကာဗွန်ဆိုဒ် 15 17 60 ရှိတဲ့ပစ္စည်းသုံးမျိုးအတွက်ဆိုရင် သုံးခုပေါင်းရလဒ် 92 ကို သုံးနဲ့စား လိုက်ရင် 31:1 ဝန်းကျင်ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာ အဲလိုတွက်ယူပြီးလုပ်တဲ့အခါ တခါတလေအံဝင်ခွင်ကျ မဖြစ်ပါဘူး။ဒါကြောင့် လက်တွေ့လုပ်ကြည့်ပြီး ကိုယ်နဲ့သင့်တော်မယ့်အချိုးကို မှတ်သားပြီးလုပ်တာအကောင်းဆုံးပါ။အညို ပစ္စည်းများလွန်းတာ၊အစိမ်းပစ္စည်းများလွန်းတာမဖြစ်အောင်ဂရုစိုက်ပြီးလုပ်ရင်အဆင်ပြေပါတယ်။

ပြုလုပ်ပြီးရရှိလာတဲ့မြေဆွေးမြေဩဇာမှာဆိုရင် 50 ရာခိုင်းနှုန်းက ကာဗွန်၊ 5 ရာခိုင်နှုန်းက နိုက်ထရိုဂျင် ဖြစ်ပါတယ်။ကာဗွန် နိုက်ထရိုဂျင် CN အချိုးအနေနဲ့ကတော့ 10:1 ရှိပါတယ်။

အသုံးပြုချင်တဲ့ပစ္စည်းတစ်ခုချင်းစီမှာ ကာဗွန်နိုက်ထရိုဂျင် cn အချိုး ဘယ်လောက်ရှိသလည်းဆိုတာ သိချင်ရင် အင်တာနက်မှာ အလွယ်တကူရှာလို့ရပါတယ်။

image

Sort:  

@yethihakyaw, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62184.89
ETH 2995.49
USDT 1.00
SBD 3.97