အလှအပ​တောင်​တန်း

in #esteem6 years ago

ပင်​လယ်​တစ်​ခုလုံးကို သိမ်းပိုက်​ထားဖို့အထိ အိမ်​မက်​ခဲ့တဲ့ ကျ​နော်
တောင်​တန်း​တွေဆီမှာ ​ခြေဆန့်​ဖို့ အိမ်​မက်​ခဲ့တဲ့ကျ​နော်​...
စကားကြီးစကားကျယ်​​တွေ​ပြောသူ အဖြစ်​နဲ့ အ​ပေါင်းအသင်း​တွေကြားမှာ မဲ့ပြခံခဲ့ရတဲ့ကျ​နော်​..။

ကျ​နော့ရဲ့ အသဲကွဲပုံပြင်​ထဲမှာ​တော့ ကျကျနနလှလှပပ ကျရှုံးသွားခဲ့တဲ့ ကျ​နော့ရဲ့ ရှုံးနိမ့်​ခြင်း ဒိုင်​ယာရီ.. ဒါမှ မဟုတ်​..အလွမ်း​တေးသွားတစ်​ပုဒ်​..

ကျ​နော့ရဲ့ ဘဝမှာ ဘယ်​​တော့မှ မရှုံးနိုင်​ရ​အောင်​ အနိုင်​ယူပြမယ်​လို့ ​ကျ​နော်​ ​ကြွေး​ကြော်​ခဲ့ဖူးတယ်​။ သူငယ်​ချင်း​တွေက​တော့ မင်းစကားလုံး​တွေ ပါးစပ်နဲ့​မဆံ့​တော့ဘူးတဲ့ ။
ကျ​နော်​မမှုပါဘူး။

ကျ​နော့်​ရဲ့အိမ်​မက်​ကိုသာ ကျ​နော်​ယုံကြည်​တယ်​။ ကျ​နော်​ယုံကြည်​မှုထဲမှာ ကျ​နော်​ ​ပျော်​ခဲ့တယ်​။ ဘယ်​သူ့ကိုမှ မမှု​ကြေး..။

ပြောရရင်​ ​လောကတစ်​ခုလုံးထဲမှာ​တောင်​ ကျ​နော့ကိုယ်​ ကျ​နော်​ ကံအ​ကောင်းဆုံးလူရယ်​လို့ သတ်​မှတ်​ထားခဲ့သူ။ ဟုတ်​​တယ်​​လေ ။ ရှိတဲ့ ညီအစ်​ကို​လေး နှစ်​​ယောက်​မှာမှ မိဘ​တွေက ကျ​နော့ကိုမှ ပိုချစ်​ခဲ့ကြတယ်​။ ပိုပြီး အလိုလိုက်​ခဲ့ကြတာကိုး..။
စာ ဆိုတာလည်း ​ကျောင်းစ​နေကတည်းက အတန်းထဲ ​ခေါင်း​မော်​ရ​လောက်​​အောင်​ ​တော်​ခဲ့တဲ့ ကျ​နော်​။အတန်းသား​တွေထဲမှာလည်း ​ကောင်း​ပေ့ ညွှန့်​​ပေ့​တွေကိုမှ သုံးစွဲခဲ့တဲ့ကျ​နော်​ဟာ အ​ဖေတို့အ​မေတို့ကို ဘယ်​​တော့မှ မျက်​နှာမငယ်​​စေခဲ့သူ​လေ။

အဲ့ဒီ​တော့ ကျ​နော့မှာ ​ပြောအားရှိတာ​ပေါ့။ ကျ​နော့အ​ပြော​တွေကို မကြည်​လင်​ကြ​ပေမဲ့ ရက်​​ရောတဲ့ ကျ​နော့အ​ပါးက​နေ ဘယ်​အ​ပေါင်းအသင်းမှ ခွာမသွားခဲ့ကြဘူး။ ကျ​နော်​ သိပ်​ကံ​ကောင်းလွန်းခဲ့တယ်​ ။

ပထမဆုံးအကြိမ်​အဖြစ်​ တက္ကသိုလ်​​မြေမှာ ​ခြေချမိ​တော့လည်း တက္ကသိုလ်​ ပါ​မောက္ခ အ​မေ့​ကြောင့်​ ကျ​နော်​ဟာ နာမည်​ရပြီးသား ဖြစ်​​နေခဲ့ပြန်​​လေရဲ့။ ကျ​နော့ ဘဝ​ပေးက ဘယ်​​လောက်​များ ​ပျော်​စရာ ​ကောင်းခဲ့သလဲ။ သူငယ်​ချင်း​တွေနဲ့ ​ပျော်​ရင်းပါးရင်း ကျ​နော့ဘဝက မျက်​နှာ ညှိုးခွင့်​မရတဲ့ လို တ ရ ဖြစ်​ခဲ့​လေရဲ့။

အဲ့ဒါ​ကြောင့်​ထင်​တယ်​။ ကျ​နော်​ အသဲကွဲ​ဝေဒနာကို မသိဘူး။ ​ငွေ​ကြေးရဲ့ဒဏ်​နဲ့ ကျဉ်း​မြောင်းတဲ့ ​လောကဓံကို နားမလည်​ဘူး။ ကျ​နော်​ ဖြစ်​ချင်​တဲ့အရာမှန်​သမျှ ဖြစ်​​နေခဲ့လို့ ကျ​နော်​ ဖြစ်​​နေတာမှန်​သမျှကို ​ကျေနပ်​တယ်​။ ကျ​နော့ အတ္တ ဆိုပါ​တော့....။

ပထမဆုံးအကြိမ်​ မင်းခန့်​ဆီက အသဲကွဲညည်းသံကို ကြားရ​တော့ ကျ​နော်​ ​အော်​ရယ်​ပစ်​ခဲ့တယ်​။ငွေ​ကြေး​ကြောင့်​ ​ဝေးကြရတယ်​လို့ သူ​ပြော​တော့ ကျ​နော်​ အ​တော်​ကြီး အံ့သြမိခဲ့ပါ​သေးတယ်​။ ​ငွေ​ကြေးဟာ အခက်​အခဲလား။ ​ငွေ​ကြောင့်​ ဘာလို့ ​ဝေးတာလဲ ဆိုတာကို ကျ​နော်​ အံ့သြ​နေမိခဲ့တယ်​။
ပြီး​တော့ ကျ​နော်​ ​ခေါင်းရှုပ်​မခံခဲ့ဘူး။ ကျ​နော့ အိမ်​မက်​​တွေထဲမှာပဲ ကျ​နော့်​ ဘာသာ ​နေ​ပျော်​မိခဲ့တယ်​​လေ။

ပထမဆုံးအကြိမ်​ ရင်​ခုန်​မိစက သူမက အလှပကြီး မဟုတ်​ခဲ့ဘူး။ ဖြီးလိမ်းပြင်​ဆင်​​နေတတ်​သူ​တွေကြားမှာ သာမန်​မိန်းက​လေးအ​နေနဲ့ ကျ​နော်​ စတင်​သတိထားမိခဲ့တာသာ ဖြစ်​တယ်​။ဟိတ်​ဟန်​မရှိ ပကတိရိုးသားခြင်းနဲ့ ရိုးရှင်း​နေတတ်​တဲ့သူမမှာ မာန​တော့ရှိတယ်​။ မာန်​​တော့ ရှိတယ်​။ ကျ​နော်​တို့ ထူးမခြားစွာနဲ့ ကျ​နော့သူငယ်​ချင်းအုပ်​စုထဲက ​ဝေယံရဲ့ သူငယ်​ချင်းအဖြစ်​ သူမနဲ့ စတင်​ သိကျွမ်းခွင့်​ရခဲ့တယ်​။

သူမရဲ့ သာမန်​ဟန်​​တွေထဲမှာ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုအပြည့်​ရှိတာ ကျ​နော်​ သ​ဘောကျမိတယ်​။ ကျ​နော့ကို ကပ်​ဖား​နေသူ​တွေထဲမှာ သူမသာကျ​နော်​အ​ပေါ် ခပ်​မှန်​မှန်​ ဆက်​ဆံခဲ့သူ။
သူမရဲ့အိမ်​မက်​က ကျ​နော့ထက်​​တော့ စနစ်​ကျ​တယ်​။ နိုင်​ငံရပ်​ခြားအထိ ပညာ​တော်​သင်​ပြီး သူမယူ​နေတဲ့ ဘာသာရပ်​မှာ ​ဒေါက်​တာဘွဲ့ရအထိ ဖြစ်​ချင်​သူတဲ့။ ကျ​နော်​ ​လှောင်​မရယ်​ခဲ့မိဘူး။ ကျ​နော်​သူမကို စိတ်​ဝင်​စားတဲ့အ​ကြောင်း ​ပြောမိ​တော့ ပုံမှန်​ပဲ ပြုံးရှာတယ်​။ ပြီး​တော့ ကျ​နော်​ နားမလည်​တဲ့ ဘဝ စကားလုံး​တွေနဲ့ ​ပြောပြတယ်​။

သူမ​ပြောတာ​တွေထဲမှာ ကျ​နော်​ နားလည်​လိုက်​တာ သူမမှာ အ​ဖေအ​မေမရှိ ​ငွေမရှိ ​လို့ ​ဆွေမျိုး​တွေဆီ လိုက်​​နေရတဲ့အ​ကြောင်းရယ်​။ စာ​တော်​တဲ့သူမကို သူတို့ ​ဆွေရိပ်​မျိုးရိပ်​ မကင်းတဲ့ ဘုန်းကြီး တစ်​ပါးက ​ကျောင်းထား​ပေးတဲ့အ​ကြောင်းရယ်​ပဲ သိတယ်​။ဒါ​ပေမဲ့ သူမမှာ ဦးတည်​ချက်​ရှိတဲ့အ​ကြောင်းလည်း မျက်​လုံး​တွေအ​ရောင်​​တောက်​ပ​နေတဲ့ကြားက ခိုင်​မာတဲ့စကားအဖြစ်​ပြောတာကို သိ​နေတယ်​။ အဲ့ဒီအထဲမှာမှ ကျ​နော်​ သူမကို သနားစိတ်​ဝင်​​နေမိတာ ဘာ​ကြောင့်​ဆိုတာ မ​ပြောတတ်​မိဘူး။ ကျ​နော်​ရဲ့ မုန့်​ဖိုး​ရတဲ့အထဲက သူမကို ​ပေးချင်​​နေမိတာ​တွေကို နားမလည်​နိုင်​ခဲ့ဘူး။

သူ ကျ​နော့ကို ​ပြောတာက​တော့ ကိုယ့်​မိဘကို ဂရုစို​က်​ဖို့..။ မိဘဆိုတာ ဘုရားနဲ့နှိုင်းထားတဲ့ ကိုယ့်​ရဲ့​ကျေးဇူးရှင်​တဲ့။ တခြားသူ​ပြောတာဆိုရင်​ ကျ​နော်​ ရယ်​ပစ်​လိုက်​မိမှာ ဖြစ်​​ပေမဲ့ ကျ​နော်​ မရယ်​ဖြစ်​ခဲ့ဘူး။

ခြေလှမ်း​တွေ တည်​ငြိမ်​သွားပြီး တိတ်​ဆိတ်​သွားတဲ့ ကျ​နော့ကို အအ​ပေါင်းအသင်း​တွေက ​မေး​ငေါ့ကြတာ ကျ​နော်​ သိ​ပေမဲ့ ဂရုမစိုက်​အားခဲ့ဘူး။ အချိန်​တိုင်း သူမစကားလုံး​တွေကိုပဲ ကြား​ယောင်​​နေမိခဲ့တယ်​။
ကျ​နော့ရဲ့ တက္ကသိုလ်​တက်​ချိန်​ဟာ ​သူမနဲ့​တွေ့ပြီး​နောက်​မှာ အ​ပျော်​အပါးနည်းခဲ့တယ်​။ သူမဆီက ချစ်​တယ်​ဆိုတဲ့ စကားကိုပဲ ငံ့လင့်​ရင်း ​ကျောင်းထဲက ကျ​နော့ရဲ့ တီးတိုး သတင်း​တွေဟာ ကျ​နော်​ မကြားမိနိုင်​​အောင်​ ဖြစ်​ခဲ့တယ်​။
အဲ့ဒါအားလုံးသူမ​ကြောင့်​ဆိုတာ မှန်​​ပေမဲ့ သူမက ကျ​နော့ကို ညှို့ယူခဲ့တာ​တော့ မဟုတ်​ပြန်​ဘူး။ ကျ​နော့ကိုယ်​ ကျ​နော်​သာ သူမဆီမှာ ငြိတွယ်​ခဲ့တာ ဟုတ်​တယ်​။

သူမရဲ့ အ​ပြော​တွေကြားက​နေပဲ ကျ​နော်​ အ​မေ့ကို ချစ်​တတ်​လာတယ်​.. အ​ဖေ့ကို ဂရုစိုက်​တတ်​လာတယ်​။ လူသား​တွေကို လူသားလို့ မြင်​တဲ့ ကိုယ်​ချင်းစာစိတ်​​လေး​တွေ ဖြစ်​လာခဲ့​လေရဲ့။

သူမက ကျ​နော့ကို ​ပြောခဲ့တယ်​..သူမရဲ့ပင်​ကိုယ်​ဟန်​အတိုင်း ပြတ်​သားတဲ့​လေသံနဲ့​ပေါ့။

တကယ်​​တော့ မင်းက ငါ့ကို ချစ်​တာမဟုတ်​ပါဘူး။ ငါ့စိတ်​နဲ့ ငါ့ခံယူချက်​ကို သ​ဘောကျ​နေတာပါ။ငါ့ဆီက စကားလုံး​တွေနဲ့ မင်းကိုယ်​မင်းပြုပြင်​ရင်း မင်းကိုမင်း ချစ်​​နေတာပါတဲ့။တစ်​​နေ့ မင်းတကယ်​ချစ်​တဲ့သူ​တွေ့လာမှာပါတဲ့။ အထူးသဖြင့်​ မင်းက သိပ်​မာနကြီးတဲ့ ဘဝကိုနားမလည်​တဲ့သူတစ်​​ယောက်​အ​နေနဲ့ မင်းထက်​ ပိုပြီးမာ​ကျောတဲ့ ငါ့ဆီကမင်းခံစားချက်​နဲ့ထပ်​တူကျတဲ့ စကား​တွေကြားရလို့ မင်း ​ကျေနပ်​​နေတာပါ။တဲ့။

သူမ​နောက်​ဆုံး နိုင်​ငံခြားမသွားခင်​​နေ့မှာ ကျ​နော့ကို ​ပြောသွားခဲ့ပါ​သေးတယ်​။
ဘာပဲဖြစ်​ဖြစ်​ အ​မေကိုချစ်​တတ်​သွားတဲ့ သားတစ်​​ယောက်​ကို ငါ ​တွေ့ခွင့်​ရတာ ဝမ်းသာပါတယ်​တဲ့။ အခုအချိန်​မှာ ငါတို့ ဘဝ​တွေကို မဆုံးဖြတ်​ချင်​​သေးဘူး တဲ့။ မင်းကိုယ်​မင်း ယူကြုံးမရ ဝမ်းနည်းရတဲ့ ​နေ့ကို ​ရောက်​တဲ့အခါ ငါ့ကို သတိရပါတဲ့။ မင်း ဝမ်းအနည်းရဆုံးသူဟာ မင်းအချစ်​ဆုံးသူ အတွက်​ပဲ ဆိုတာ မင်းသိလာမှာပါတဲ့။
ကျ​နော်​ သူမလက်​ကို ဆွဲထားပြီး ထွက်​မသွားပါနဲ့လို့ စိတ်​ထဲက အတန်​တန်​ ​အော်​ဟစ်​​နေခဲ့​ပေမဲ့ တကယ်​တမ်းကျ အဲ့လို မလုပ်​ဖြစ်​ခဲ့ဘူး။သူမရဲ့ ​ဟောကိန်းလို ကျ​နော်​ ရင်​ခုန်​​စေခဲ့သူက တကယ်​ ​တွေ့ခဲ့​ပေမဲ့ ကျ​နော့စိတ်​ကို သူမ​လောက်​ ဆွဲ​ဆောင်​နိုင်​တဲ့လူ​တော မဟုတ်​ခဲ့ဘူး...။

ဒါ​ပေမဲ့ တစ်​​နေ့မှာ​တော့ ကျ​တော့ ဘဝရဲ့ ဝမ်းအနည်းရဆုံး ကျရှုံးခန်းဟာ ထင်းထင်း ပြတ်​ပြတ်​ ​ပေါ်လာခဲ့ပါတယ်​။
အဲ့ဒီ​နေ့က ကျ​နော်​ သိပ်​ချစ်​တဲ့ ကျ​နော့အ​မေ ဆုံးသွားတဲ့​နေ့ပါပဲ။
ကျ​နော်​အ​မေ့ကို အဲ့​လောက်​အထိ ချစ်​​နေခဲ့မှန်း ကိုယ့်​ကိုယ်​ကိုယ်​​တောင်​မသိခဲ့ဘူး။ ကျ​နော့​ကောင်းကင်​တစ်​ခြမ်း ပြိုပျက်​သွားခဲ့သလို အ​မေကိုချစ်​တတ်​ဖို့ သင်​​ပေးခဲ့တဲ့ သူမကိုလည်း သတိရ​နေမိခဲ့တယ်​။ ​ကျေးဇူးလည်း အထပ်​ထပ်​တင်​​နေခဲ့မိတယ်​။

အဲ့ဒီအချိန်​ သူမက​တော့ ကျေ​နာ်​ နဲ့ ကမ္ဘာ တစ်​ဖက်​ခြမ်း ဆီမှာ...

အဲ့ဒီ​နေ့ ညမှာပဲ
ကျ​နော်​..
သူမဆီကို mail ပို့လိုက်​မိတယ်​။

( ငါ့အ​မေ ဒီ​နေ့ ဆုံးသွားတယ်​...).... လို့​ပေါ့...။

နောက်​တစ်​နာရီ အကြာမှာ သူမဆီက ပြန်​စာ​လေး ​ရောက်​လာခဲ့တယ်​။

( မင်း ဝမ်းနည်းရဆုံး အချိန်​ ဖြစ်​​နေတယ်​ မဟုတ်​လား..)တဲ့...။

ကျ​နော်​..သူမဆီက ပြန်​စာကို ဖတ်​​နေရင်း မျက်​ရည်​တစ်​စက်​ ကီးဘုတ်​​ပေါ်ကို ပြုတ်​ကျသွားခဲ့ တယ်​။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62441.36
ETH 2940.53
USDT 1.00
SBD 3.59