Shouth Tin Lo Ya Lar

in #esteem6 years ago

ရှစ်သောင်းဝန်းကျင်ဆိုတော့
အမေရော အဖေရော ဆေးစစ်ပေးလို့ရပြီလေ။
image
အမေများနေ့အမှတ်တရ
ကျန်းမာရေးလက်ဆောင်ဆိုတော့
အကျိုးရှိမှာ သေချာတယ်။လူကြံရင် ထရံတောင် အီးခနောင်းတုတ်
ဖြစ်သေးတာ

အိန္ဒိယက ဗဟုဗာလီခဗျာ
မြီမာပြည်ရောက်ရော
ရေသန့်ထမ်းရရှာတာပဲ...

ဘာမှတ်ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတွေကို
ထဘီခြုံ ထဘီခြုံခေါ်ခဲ့သမျှ
လဒတွေ ခုမှဝဋ်လည်တာပဲ။

ထဘီခြုံလို့ လုံမှန်း
သူတို့ပါပါကြီးတွေတောင် နားလည်နေပြီကိုး။ လေးဂွတစ်လက်နဲ့
ဟိုပစ်ဒီပစ် လက်ဆော့နေတုန်းက အကောင်း
ရပ်ကွက်လူကြီးအခွက်မှန်မှ
အမေခိုင်းလို့ကွဆိုပြီး ခပ်တည်တည်လွှဲချဖို့ဆိုတာ
တော်ရုံစကေးလ်တော့ မဟုတ်ဘူး။
image
ရွာက တက်ပုအကြောင်း ပြောပါတယ်။

ဖီလင်- ခ်ခ်မြင်နေတွေ့နေတာ ကြာပါပြီ။
အားနာလို့ မပြောဖြစ်ခဲ့တာ...
အခုက ခံရသူတွေများများလာလို့ သတိပေးတာပါ။
မုန်းချင်လည်း မုန်းပါ...

MLMတွေ သိပ်ဆိုးလာတဲ့အခါ ကျွန်မတို့ Anti-MLM ဖြစ်ခဲ့ကြပါတယ်။
ကျွန်မတို့ပိုက်ဆံ တစ်ပြားမှ မပါဖူးဘူး။
ပါနေကြသူတွေအများစုဖြစ်လာတဲ့အခါ အမုန်းခံ မိတ်ပျက်ခံပြီး ပြောရပါတယ်။
အခု MLMထက်ဆိုးတဲ့ ကိစ္စတစ်ခုအကြောင်း ပြောပြပါမယ်။

ရှယ်ယာထည့်တယ်လို့ ခေါ်ကြပါတယ်။
တကယ့်ခိုင်မာတဲ့ကုမ္ပဏီကြီးက အများပိုင်ရှယ်ယာတွေ ထုတ်ရောင်းလို့ ရှယ်ယာဝယ်တာလားဆိုတော့ မဟုတ်ပါဘူး။
အထင်ကြီးအောင် ပြောဆိုနေထိုင်တတ်တာကလွဲရင်
ဘာမှမရှိတဲ့ လူပုဂ္ဂိုလ်တွေဆီမှာ ရှယ်ယာထည့်တယ်အမည်ခံပြီး ငွေတိုးချေးတာပါ။

တလောက သိန်းသောင်းချီပါသွားကြတဲ့ကိစ္စ သတင်းစာတွေ ဂျာနယ်တွေပေါ်မှာ အုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။
ထပ်မပါကြတော့ဘူးလားဆိုတော့ မဟုတ်ဘူး
အဲ့တစ်ယောက်နောက်ပိုင်းမှာတင် သောင်းချီထပ်မသွားတာ ကိုယ်သိသလောက်တင် သုံးယောက်ရှိပြီ။
အကောင့်သေ သုံးထောင်လောက်ရှိတဲ့ ကိုယ့်ဖရန့်လစ် သေးသေးလေးထဲမှာ ပါသွားသူချည်းပဲ လေးယောက်မက ရှိပါတယ်။
(ရေးရတာလည်း အားနာပါတယ်
အပြစ်တင်တာ မဟုတ်ပါ.. စေတနာကို နားလည်ပေးစေချင်ပါတယ်)

ပါသွားတဲ့ ငွေအမောင့်ဟာလည်း ကြောက်စရာကောင်းပါတယ်။
ရာဂဏန်းနီးနီးတွေ ရာကျော်တွေပါ။
အားလုံးပေါင်းလိုက်ရင် သိန်းသောင်းနဲ့ချီပါတယ်။
မိုနိုပိုလီပိုက်ဆံတွေမှ မဟုတ်တာ... ကိုယ်ချင်းစာပါတယ်။
image
အခုခေတ်မှာ မှန်မှန်ကန်ကန် အလုပ်လုပ်စားနေသူတစ်ယောက်ဟာ နှစ်ကျပ်တိုး သုံးကျပ်တိုးအပြင် အတိုးပိုမပေးနိုင်ပါဘူး။ လုံးဝမကိုက်လို့ပါ။
ငါးကျပ်တိုးပေးရင်တောင် အတော်လိုနေလို့ပါ။
တစ်ဆယ်တိုးဆိုတာ မပြေလည်လွန်းလို့ မရရတာဆွဲရသူတွေ ပေးတာပါ။
ပြန်ရချင်လည်း ရမယ်။ ရချင်မှလည်း ရပါမယ်။
ရင်တုန်စရာကောင်းပါတယ်။

နှစ်ဆယ်တိုးတဲ့။ သုံးဆယ်တိုးတဲ့။
(သူတို့ကတော့ အတိုးလို့ မသုံးပါဘူး။
နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း အမြတ်ပေးတယ်လို့ သုံးပါတယ်)
ဗေဒင်မမေးပါနဲ့... ဆန်ကုန်တယ်
သေချာပေါက် လိမ်မှာပါ။
မြေကြီးကို လက်နဲ့ပုတ်ရင်တောင် လွဲရင်လွဲမယ်။
လိမ်မှာဆိုတာ မလွဲပါဘူး။

ရေးသာရေးရတာ.. ပါးတွေယားလိုက်တာ။
မတော် ကိုယ့်လာ ပါးရိုက်နေမှဖြင့်။ 😖

သဘောတရားသည် MLM ပါပဲ။
MLMကမှ ဓါတ်စာပစ္စည်း Product ပါပါသေးတယ်။
အခုဟာက ဘာမှကို မပါဘဲ MLMလုပ်တာပါ။
နောက်ကဝင်လာတဲ့ ပိုက်ဆံနဲ့ ရှေ့ကလူတွေကို နှစ်ဆယ်တိုးသုံးဆယ်တိုးတွေ ရှင်းပေးတယ်။
မတန်တဆအတိုးတွေရလာတဲ့အခါ ဆယ်သိန်းထည့်သူက သိန်းငါးဆယ် ထည့်ဖြစ်လာတယ်။
သိန်းငါးဆယ်သမားက သိန်းတစ်ရာထည့်ဖြစ်လာတယ်။ ဘေးကလူတွေပါ ထည့်ချင်လာအောင် ဆွယ်မိမှန်းမသိ ဆွယ်မိလာတယ်။
နောက်ဆုံး ငွေအမောင့်များများ ဘဝနဲ့ရင်းပစ်လောက်တဲ့ ပမာဏမျိုးကျ လစ်သွားတယ်။

ထောင်ကျကောင်း ကျပါလိမ့်မယ်။
လိမ်ထားတဲ့ပိုက်ဆံ တစ်ရာပုံတစ်ပုံလောက်နဲ့ ရှေ့နေကောင်းကောင်းငှားပါလိမ့်မယ်။
ထောင်ထဲမှာ ငွေလမ်းခင်းပြီး ဆီဦးထောပတ်စား ငြိမ့်နေပါလိမ့်မယ်။
ထောင်ကထွက်လာတဲ့အခါ အဲ့ပိုက်ဆံတွေနဲ့ သူဌေးဖြစ်သွားပါပြီ။
သိန်းတစ်သောင်းဆုပေါက်ဖို့ မလွယ်တဲ့အခါ
သိန်းသုံးသောင်းဆု သိန်းခြောက်သောင်းဆုတွေ ဖန်တီးယူသွားကြတာမျိုးကြီးပါ။

ဘာနဲ့ သဘောတရားတူလဲဆိုတော့ ပါဆယ်ဂိမ်းကစားတာနဲ့ တူပါတယ်။
ရပ်ချင်တဲ့အချိန် ရုတ်တရက် ရပ်တန့်သွားမယ့် သီချင်းသံကြားမှာ နောက်ဆုံးအထုတ်ကြီးပိုက်ပြီး ရပ်သွားတဲ့လူတွေ ခံရမှာပါပဲ။

လူဆိုတာ လောဘသားတွေပါ။
ကိုယ်လည်း လောဘရှိပါတယ်... လိုချင်ပါတယ်။
သိန်းတစ်ရာပေးထားလို့ တစ်လကို သိန်းနှစ်ဆယ် သုံးဆယ်ရမှာမျိုးကြီး ကိုယ်လည်း လိုချင်ပါတယ်။
အဲ့တော့ နားလည်ပေးလို့ရပါတယ်။
ဒါပေမယ့် လောဘကို အသိလေးနဲ့ ထိန်းဖို့လိုပါတယ်။
အရင်ဆုံးတွေးရမှာက ကိုယ်ကရမှာ နောက်မှပါ
ရချင်မှလည်း ရပါမယ်.. အရင်ဆုံး ကိုယ်ကပေးရတာပါ။
စွန့်စားမှ အကျိုးအမြတ်ရှိတာဆိုပြီး စွန့်စားချင်သပဆိုလည်း ဇွတ်ကြီးမတားပါဘူး။

ကြိုတော့ တွေးထားပါ။
ဘယ်နေ့ ဖင်ပေါင်ရမလဲဆိုတာကိုပေါ့။

ပြောမိပြန်ပါပြီ ကိုယ့်ကိုယ်ကိုယ် အားကိုးတာ ကောင်းပါတယ်။
ဒါပေမယ့်
တစ်ခါတရံလည်း မကောင်းပြန်ဘူး။

ကိုယ့်အနီးနားကလူတွေက ကိုယ့်ကို
ယုံကြည်မှုရှိလာတဲ့အခါ၊ ယုံကြည်လွန်းလာတဲ့အခါ
အရာရာကို ကိုယ်ဖြေရှင်းနိုင်တယ်
ကျော်ဖြတ်နိုင်တယ် ထင်လာတယ်။
သူတို့ အကူအညီ မလိုအပ်ဘူး ထင်လာတယ်။

တစ်ခါတရံတော့ အရမ်းကူကယ်ရာမဲ့လွန်းတယ်။
ဘုရားရေ... ကျွန်မကို တစ်ယောက်ယောက်ကယ်ပါလို့
တွေးမိလာတိုင်း အဲ့တစ်ယောက်ယောက်ကို
ကိုယ့်ရင်ထဲ ရှာဖွေမရတော့ဘူး။

တစ်ခါတရံများ
ကိုယ့်ကို အဆင်ပြေရဲ့လားလို့
တစ်ယောက်ယောက်က မေးမြန်းကြည့်ကြပါလားကွယ်။

ခြေကန်တင်းမာထားတဲ့ မျက်ဝန်းတွေထဲက
အမှောင်ထဲက အားငယ်နာကျင်မှုတွေအကြောင်း
တစ်နေ့တော့ ကိုယ်ပြောပြဖြစ်ဦးမှာပါ။

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 61769.55
ETH 2910.04
USDT 1.00
SBD 3.64