ယဉ်​​ကျေးမှု

in #esteem6 years ago

image
*** ​​လောကဓံ မျှင်းမျှင်း ***
::::::::::::::::::::::::::::::::::::::::::

လောကဓံ​တွေ ဆူပွက်​​နေကြမှ
ခံစားချက်​​တွေကို
ကြမ်းရှပြ​နေကြလို့လည်း
အပိုတစ်​ပါပဲ​လေ..

အိမ်​မက်​ဆိုးက ညဉ့်​နက်​နက်​နဲ့မှ
ထိုက်​တန်​တယ်​လို့
သတ်​မှတ်​ချက်​မရှိဘူး..

သစ္စာ​တွေချို့တဲ့ရုံနဲ့
ဘယ်​အသဲကွဲရာသီမှ
အဆိပ်​မသင့်​တတ်​ဘူး​လေ..

အိမ်​မက်​​တွေ ပျက်​​တော့မလိုဖြစ်​မှ
ယူကြုံးမရ ငိုပြရင်း
နေပူပူပန်းချီတစ်​ချပ်​ကို 
ရေးဆွဲဖြစ်​တဲ့အခါ
နှလုံးသား​တွေအထိ အပူဟပ်​တယ်​..

ကံတရှိုက်​မှာ
ဘဝက​တော့ မိုက်​ခနဲ
သတိပြန်​ရချိန်​မှာ
အနာဂတ်​ဟာ ​မျှော်​လင့်​ခြင်းကို
စမ်းတဝါးဝါး ရှာ​ဖွေလို့
လူအရှင်​လတ်​လတ်​ကြီးကိုမှ
ကံကြမ္မာက စမ်းသပ်​သတဲ့
ဘယ်​ကစလို့ ရယ်​​မောရမလဲ....
ငါ...

အောင်​မြင်​တဲ့ ခံနိုင်​ရည်​ရှိနည်းက
မျက်​ရည်​မြစ်​ကျိုးအင်းရဲ့ ​မြေပုံထဲမှာ
နစ်​မြှုပ်​​နေတယ်​တဲ့..

စကားလုံး​တွေက
အ​ပြောင်​​မြှောက်​ဆုံး ခံစား​ချက်​ကို
ရုပ်​ကြွင်းဖြစ်​​စေနိုင်​​တယ်​..
ဒါ​ပေမဲ့ အဲ့ဒါ ခံစားချက်​​တော့
မဟုတ်​​သေးဘူးတဲ့..

ကိုယ့်​ဦးညွှတ်​ခြင်း​တွေဟာ ​သေး​သေးကြီးကြီး
ကိုယ့်​ကြီးမြတ်​ခြင်း​ပါပဲ..

ခံယူချက်​တစ်​ခုကိုပဲ ပစ်​ပုံစုံလုံးကန်းပစ်​လိုက်​ရင်း
အလင်းတစ်​ချပ်​ပွင့်​သွားတဲ့အခါ
ကိုယ့်​ယုံကြည်​ချက်​ထဲမှာပဲ
တစ်​ဘဝစာ ထိုက်​တန်​ပါပြီ..

ယဉ်​​ကျေးမှု ​ဈေးတစ်​ခွက်​နဲ့
ဘယ်​​တော့မှ လာမဆစ်​ပါနဲ့​တော့

မုန်​တိုင်းဆန်​ခြင်းရဲ့​နောက်​က
သက်​တန့်​တစ်​စင်းဟာ
ယုံကြည်​ရာဆို
ဘဝနာနာထဲ ထိုးစိုက်​ပစ်​လိုက်​တဲ့
အပ်​တစ်​စင်းအဖြစ်
ကံတရားရဲ့ နာဖျားမှု ​ဝေဒနာက​နေ
လွှတ်​​မြောက်​ခွင့်​ကို
ဖြည်းဖြည်းညှင်းညှင်း စီးဆင်းပစ်​နိုင်​ကြပါ​စေ...

I'm ATM.
Photo crd.ယဉ်​​ကျေ

Coin Marketplace

STEEM 0.26
TRX 0.12
JST 0.031
BTC 61258.08
ETH 2873.80
USDT 1.00
SBD 3.56