လူကိုဖျက်​​တော့ အပိုင်း (၁၈)

in #esteem6 years ago

လူကိုဖျက်​​တော့ အပိုင်း (၁၈)

သည်လိုနှင့်​ရက်​မှလ၊ လမှနှစ်​သို့ပင်
အခါခါ ​ပြောင်းခဲ့သည်​။
ပတ်​ဝန်းကျင်​မှ သားအဖနှစ်​​ယောက်​ဒုက္ခကို နားလည်​ခံစားလာသဖြင့်​ ​နောက်​ထပ်​အိမ်​​ထောင်​ပြုရန်​ တိုက်​တွန်းကြသည်​။

သို့​သော်​ ​မောင်​ငြိမ်းက လက်​မခံ။

သမီး​လေး မိဖြူကိုလည်း မိ​ဒွေးလက်​သို့ မအပ်​လို​ပေ။
အထူးသဖြင့်​ မိဘကိုပစ်​၍မိဘစွန့်​ပယ်​ခြင်းကို ခံယူ၍ မိမိကိုချစ်​ခဲ့ မိမိ​နောက်​သို့လိုက်​ခဲ့ အနစ်​နာခံခဲ့​သော မိနွယ်​၏ ​နေရာကို မည်​သူ့ကိုမျှ မ​ပေးလို​။
အစားလည်း မထိုးလို​ပေ။

အချိန်​ရှိသ၍ မိနွယ်​ကိုသာ လွမ်းဆွတ်​​နေမိသည်​​။
မိနွယ်​ကို လွမ်းဆွတ်​တမ်းတမိ​လေ မိနွယ်​နှင့်​တူ​သော အ​မေတူသမီး​လေး မိဖြူကိုလည်း တွယ်​တာ​လေဖြစ်​သည်​။

ဆရာတင့်​လူ၏ ပညာ​ပေးဇာတ်​လမ်းတိုများ စုစည်းခြင်း
image

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.031
BTC 61553.99
ETH 2881.27
USDT 1.00
SBD 3.54