တွေ့သမျှကူးချ.၂၃.

in #esteem6 years ago (edited)

အခန်း.၃.၄.
ကုန်လွန်ခဲ့ပီးသော အတိတ်ကာလလေးများကို အပိုင်းအ
ကန့်  ခွဲ၍သာ စိစစ်မည်ဆိုလျှင် လင်းလင်းနှင့် ရန်တို့ ဘဝ
၌ ဤအပိုင်းအကန့်လေးသည်ပျော်စရာလည်းအကောင်း
ဆုံးနှင့် စိတ်ထိခိုက်စရာလည်း အကောင်းဆုံး ကာလဟု
ပြောနိုင်သည်...
ဤအပိုင်းဆိုသည်မှာ ဆယ်တန်းကျောင်းတက်စဉ်ကာလ
နှင့်ဆယ်တန်းအောင်ပီး တက္ကသိုလ်မတက်ခင် ကာလ ထို့နောက် တက္ကသိုလ်တွင် ပထမနှစ်နှင့် ပထမနှစ်စာမေးပွဲ
ဖြေပီး ဒုတိယနှစ်မတက်ခင် ကာလတို့ ကို ဆိုလိုခြင်းဖြစ်
သည်...
ဤအပိုင်းအကန့် လေးသာ မရှိခဲ့ပါက ဤဘဝ တခုလုံး
သည် ဘာမျှ မက်မောတွယ်တာစရာလည်း ရှိတော့မည်
မဟုတ်ပေ..တစ်ဦးနှင့်တစ်ဦး နောင်သောအခါ တမ်းတ
ကြေကွဲရင်းနှင့် လွမ်းဆွတ်စရာလည်း ရှိတော့မည်မဟုတ်
လောကတွင် ထာဝရ တိကျစွာနှင့် တရားမျှတစွာ ဆောင်
ရွက်တတ်သော ကံကြမ္မာသည် ဤအပိုင်းကာလဖြင့် ပျော်ရွှင်စရာလေးများ ပေးသကဲ့သို့  စိတ်ထိခိုက်စရာ
လွမ်းစရာလေးများကိုလည်း ပေးခဲ့၏...
******* image.jpg
ရန်...ဒီနှစ် ကျောင်းဖွင့်ရင် နင်ဘာလုပ်လုပ် ငါ့ ကို အသိပေးနော်..နင်တယောက်ထည်း ဘာမှမလုပ်နဲ့´´ ထုံးစံအတိုင်း ညနေဘက် တိုက်ခန်းအောက်ဆင်းပီးလမ်း လျှောက်လာရင်း လင်းလင်းကပြောသည်..ရန်က လင်း လင်းစကားကို ရုတ်တရက် နားမလည်သဖြင့်...ဘာကိုပြောတာလည်း လင်းလင်း..ဘယ်လို
ဟာတွေ အသိပေးရမှာလည်း´´
ဘာပဲဖြစ်ဖြစ် အသိပေးဟာ...ငါ စိတ်ကူးထား တာက ဒီနှစ်တနှစ်လုံး နင်လုပ်သလို ငါလိုက်လုပ်မယ်လို့  စဉ်းစားထားလို့ ..ကျူရှင်တက်ရင်လည်း နင်တက်တဲ့ကျူ ရှင်ပဲ ငါလိုက်တက်မယ်..စာကျက်ရင်လည်း နင်ကျက်သ လိုပဲ ငါ လိုက်ကျက်မယ်..ငါ့ အိမ်ကိုပြောကြည့်ဦးမယ်.. နင်နဲ့ငါ အတူတူ စာကျက်လို့ ရရင် သိပ်ကောင်းမှာပဲ´´ ရန်က ရယ်သည်..တခါမှ ဒီလောက် အချိုးမကျခဲ့ဖူးသော လင်းလင်းကို ကြည့်၍...အဲ့ဒါဆို နင် ငါ့စကားလဲ နားထောင်မှ ဖြစ်မယ်
လင်းလင်း တော်ကြာ ငါ ဒီချိန် စာကြည့်ချင်တယ်ဆို နင်
က ဟိုအချိန်ကြည့်မယ် ငြင်းနေရရင် ဘာမှ အလုပ်ဖြစ်
မှာ မဟုတ်ဖူး´´
လင်းလင်းက မျက်စောင်းထိုး၍...
အမလေး...သူလုပ်သလို လုပ်ပါမယ်လို့ ပြော ကာမှ သူက ပိုကဲနေသေးတယ်..အေး..ပီးရော နားထောင် မယ်..နင့်ကို ဘာမှ ပြန်မငြင်းဘူး..ကျေနပ်တယ် မဟုတ် လား´´အင်း´´
ဒါပေမယ့် တခုရှိတယ် ရန်ရဲ့´´ ကောင်းမိ ကောင်းလျက်ကနေ ထဖြစ်ပြန်သဖြင့် ရန်က လှမ်းကြည့်ရင်း...ဘာတခု ရှိပြန်တာလည်း ဒေါ်လင်းလင်း နင့်
ဟာက ခြွင်းချက်တွေ ရှိနေသေးတာလား´´
ခြွင်းချက် မဟုတ်ပါဘူးဟာ..ငါ တခုပဲစိုးရိမ် တာ..နင်နဲ့ငါ စာအတူတူကျက်ပေမယ့် ငါက နင့်လို တ လျှောက်လုံး ကြိုးစားလာတာ မဟုတ်တော့ နင်ရသလို ငါက စာမရရင် နင် စိတ်မရှည်ပဲ ငါ့ကို စိတ်ဆိုးချင် ဆိုးနေ မှာ´´ ရန်က ရယ်၍ ခေါင်းကုတ်ရင်း...ဘာများလည်းလို့  လင်းလင်းရာ..တသက်
လုံး နင့်ကို ငါ ဘယ်တုန်းက စိတ်ဆိုးဖူးခဲ့လို့ လည်း..အဲ့
လိုသာ စိတ်မရှည်ရရင် နင်နဲ့ငါနဲ့ ငယ်ငယ်လေးတည်း
က ပေါင်းလို့  ရခဲ့မှာတောင် မဟုတ်ဖူး´´
မတူဘူးလေ ရန်ရဲ့..ခုက နင်လည်း အရမ်း ကြိုးစားပီး စာကျက်ရမှာလေ..နင် စိတ်ဆိုးချင် ဆိုးမှာပေါ့´ရော်...ခက်ပါလား လင်းလင်းရာ...ကဲ ငါ
ကတိပေးတယ်..နင်နဲ့ ပတ်သက်လို့  ဘာပဲဖြစ်ဖြစ် ငါ့
ဘက်က စိတ်ဆိုးတယ်ဆိုတာ မရှိစေရဘူး..အရေးကြီး
တာ နင်တကယ်ကြိုးစားဖို့ ပဲ..နင်ကြိုးစားရဲ့သားနဲ့ ကံမ
ပေးလို့  ဒီနှစ်ကျရင် ငါအတူတူ အကျခံမယ် ရှင်းပလား´´ image.jpg
တကယ်...´´ တကယ်ပြောတာပေါ့...ဟ´´
``ဟာ...ငါ အရမ်းဝမ်းသာ သွားပီ ရန်ရာ..
နင် စိတ်ချ..ဒီနှစ် ငါလုံးဝ မဆိုးတော့ဘူး..ငါလည်း အဲ့ဒီ
ကတိ ပေးတယ်´´
ရန် ခေါင်းညိတ်သည်...
ခုတော့လည်း ဘာမှ မပြောရ မဆိုရပဲနှင့် ဖြစ်ချင်တာတွေ
ဖြစ်လာပါလားဟု စိတ်ထဲမှာ ကြည်နူးကျေနပ်သွားရ၏ ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60986.03
ETH 2921.26
USDT 1.00
SBD 3.57