တွေ့သမျှကူးချ.၂၉.

in #esteem6 years ago

အခန်း.၃.၁၀.
ထို့ ပြင် မဟုတ်၍ မဟုတ်ကြောင်း ငြင်းသည်ကိုပင် လင်း
လင်းကဟုတ်လို့  ငြင်းတာပေါ့´´ဟု ထပ်တွန်တက်နေ သေးသဖြင့် ရန်က ဒေါပွပွဖြင့်...မဆိုင်တာတွေ လျှောက်ပြောမနေနဲ့ လင်းလင်း
နင်ပြောနေတာ လုံးဝ အဓိပ္ပာယ်မရှိလို့  ငြင်းနေတာ ငါက
ဘာကိစ္စ မစိုးစိုးအောင်ကို ကြိုက်ရမှာလည်း´´
လင်းလင်း မျက်လွှာကို လှန်၍ ရန့် ကို အကဲခတ်သလို
ကြည့်သည်...
နင် တကယ်မကြိုက်ဖူးပေါ့..ဟုတ်လား´´သြော်...မကြိုက်ပါဘူး ဆိုမှ ´´
ဘုရားစူး...´´ အကုန် စူး ဟာ...´´
ဒါဖြင့် နင်ကြိုက်နေတာ သက်သက်ဆွေ လား´´ နောက်တယောက်ပြောင်းသွားပြန်သည်..ဘယ့်နှယ် မဆီ မဆိုင်တွေ လျှောက်မေးပီး လျှောက်ပြောနေမှန်းမသိ... တယောက်မဟုတ်တာ သေချာသွားပြန်တော့ နောက် တယောက် ထပ်တိုးလာသည်...ဟာ...လာပြန်ပီ လင်းလင်းရာ..မဟုတ်ပါဘူး...
အဲ့ဒါလည်း ငါနဲ့မဆိုင်ဘူး´´
ဒီလိုဆို ခင်မေလင်းလား´´မဟုတ်ဘူး အဲ့ဒါလည်း လုံးဝ မဟုတ်ဖူး´´
မညာနဲ့နော် ရန်..ငါဖြစ်နိုင်တဲ့သူတွေ အကုန် စဉ်းစားပီးပီ..ငါပြောလို့ မှန်ရင် မှန်တယ်လို့  ဝန်ခံ´´မဟုတ်ဖူး လင်းလင်း နင်ဘာတွေမှ လျှောက်စဉ်း
စားမနေနဲ့ အချိန်တန်ရင် နင့်ကို ငါသေချာပြောပြမယ်
နင်ထင်နေတာတွေ တယောက်မှ မဟုတ်ဖူး..ငါသိတယ်
နင် မဟုတ်က ဟုတ်ကတွေပဲ လျှောက်ပြောမှာ´´
မရဘူး ငါကတော့ အဲ့ဒါသိမှ ကျေနပ်မှာ နင်အဲ့ဒီ စကားပြောကတည်းက ငါ လုံးဝ မကျေနပ်တာ...အဲ့ဒီ ကိစ္စ ငါစဉ်းစားနေတာ သုံးရက်လောက်ရှိပီ´´ဟူး...´´ခနဲ ရန် လေပူတချက် မှုတ်ထုတ်၏...
အတော်ခက်သည့် အနေအထားနှင့် တကယ့် အကျဉ်းအ
ကျပ်ကြားထဲ ရောက်နေခြင်းပင်...
စောစောက ဦးနှောက်ချာချာလည်အောင် တွက်ထားရ
သည့် သင်္ချာပုစ္ဆာများထက် အဆပေါင်းသန်းနှင့်ချီမည့်
ပြသနာနှင့် ရင်ဆိုင်တွေ့နေရသည့်အတွက် ရန် စိတ်ကျပ်
နေရသည်..လင်းလင်းက ဆက်၍...
ငါကတော့ ငါမသိရမချင်း မေးမှာပဲ ရန် ငါစဉ်းစား ထားတဲ့ ထဲမှာ နောက်ထပ် ဆယ်ယောက်လောက်ရှိသေး တယ်..ယဉ်ယဉ်ဦး..သော်သော်ဝင်း..ခင်မေမြင့်..လဲ့လဲ့ခင် မေမြသူ..ယုယု..မမနိုင်.....´´ မြတ်စွာဘုရားဟု စိတ်ထဲတမိသည်..လင်းလင်း ပြောသွား သည့် စာရင်းထဲမှာ ကျောင်းသူ သူငယ်ချင်းကောင်မလေး တွေကော အရပ်ထဲက သူငယ်ချင်းတွေကောနှင့် သူ့  အမ အကြီးဆုံးပါ ချမ်းသာမပေး..ရန် နှင့် သိသည့် မိန်းကလေး ရှိသမျှ ကုန်တော့မည်..သို့ သော် လင်းလင်းကမရပ်သေးအဲ..နောက်တယောက် ရှိသေးတယ်´´
အင်း...ပြောပါဦး ဘယ်သူလဲ´´ဆရာမ ဒေါ်လှလှသွယ်´´
အောင်မယ်လေး...သေတော့မှာပဲ လင်းလင်း.. နင်လုပ်တာနဲ့ ငါတော့ ငရဲတွေကြီးတော့မှာပဲ..အဲ့ဒါ ဆရာမဟ..အနန္တော အနန္တ ဂိုဏ်းဝင် စာသင်ပေးတဲ့ ဆရာ..မိုးကြိုးတော့ ပစ်ခံထိတော့မှာပဲ နင်လုပ်တာနဲ့´´အို...မဆိုင်ပါဘူး..အနန္တော အနန္တမကလို့  ဘာ
ဖြစ်ဖြစ် ဖြစ်နိုင်တာတော့ အကုန်ထည့်ရပြောရမှာပဲ´´
ဆရာမက ဒီနှစ်မှ ကျောင်းသို့ ရောက်လာခြင်း ဖြစ်သည်
ကျောင်းဆင်းကာစမို့  အတော်ငယ်သေးသည်..သူမိုလို့ 
ပေါက်ပေါက်ရှာရှာ တွေးတတ်သည်..အတော်ကြောက်စ
ရာကောင်သည့် လင်းလင်း ဖြစ်သည် ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60895.62
ETH 2917.92
USDT 1.00
SBD 3.58