တွေ့သမျှကူးချ.၃၁.

in #esteem6 years ago

အခန်း.၄.၁.
တွေးလှချည်လား ကိုရန်..တွေးစရာ ကိစ္စကသေး သေးကွေးကွေး မဟုတ်ဘူး ထင်တယ်´´ ဆိုင်မှာ ထိုင်ကတည်းက အတွေးတို့ က အတိတ်သို့  လွင့် သွားသည်မှာ အဘယ်မျှ ကြာသွားသည်မသိ..ခိုင်ခိုင့် အ သံကြားမှ အသိပြန်ဝင်လာသည်..ပထမဆုံး သတိထားမိ သည်က စားပွဲပေါ်မှ အရာမယွင်းသေးသော မိမိ၏ ကြံ ရည် ဖန်ခွက်... ရန်က အရှက်ပြေ တချက်ရယ်ရင်း...ဟုတ်တယ်ဗျာ...ကျွန်တော်တွေးတာ နည်းနည်း
များသွားတယ် မခိုင်..ကြံရည်သောက်ပီးနေတာ ကြာပီ
လား´´
ခိုင်ခိုင်က ပြုံးသည်...
သိပ်တော့ မကြာသေးပါဘူး ကိုရန်..အေးအေး လေးသောက်ချင်လို့  ရေခဲအရည်ပျော်အောင်စောင့်ပီး သောက်တဲ့ ကြံရည်တခွက် ကုန်လောက်ပါပဲ´´ဟာ...´´
ရန့် စိတ်ထဲ အတော်အားနာသွား ရသည်..အတူတူလာ
သော နှစ်ယောက်မှာ တယောက်က ငူငူကြီး ထိုင်နေပါက
ကျန်တယောက်အတွက် ဘယ်လောက် ပျင်းရိငြီးငွေ့ဖို့ 
ကောင်းမည်ကို ကိုယ်ချင်းစာမိသည်...
အေးဗျာ...မခိုင်ကို ကျနော် တောင်းပန်ပါတယ် စိတ်ထဲကသိကအောက်မဖြစ်ပါနဲ့..ကျွန်တော့် ခေါင်းထဲ မှာ တွေးစရာတွေက မခိုင်ပြောသလိုပဲ သေးသေးလေး မဟုတ်ဖူး ဖြစ်နေလို့ ပါ´´ မခိုင်က ရယ်ရင်း...ရပါတယ် ကိုရန်ရဲ့..အားနာစရာမလိုပါဘူး ကိုရန်
တွေးရမယ့်ကိစ္စဆို တွေးမှ ဖြစ်မှာပေါ့..တယောက်ထည်း
ဝေခွဲရ ဆုံးဖြတ်ရ ခက်နေရင်လည်း ခိုင့်ကို တိုင်ပင်လို့ ရ
ပါတယ်..ခိုင် ကူပီး စဉ်းစားပေးမယ်လေ´´
ရန် ခေါင်းညိတ်သည်...
ဝေခွဲဆုံးဖြတ်လို့  မရဘူး ဖြစ်နေတာကတော့ သေချာတယ် မခိုင်..ကျွန်တော် တကယ် ဘာလုပ်ရမှန်း လဲမသိဘူးဖြစ်နေတာ အမှန်ပဲ..ဒါပေမယ့်...´´ဒါပေမယ့် ပြသနာက ခိုင့်ကို ဖွင့်မပြောချင်တဲ့
ကိုယ်ရေးကိုယ်တာပြသနာ ဆိုပါတော့´´
ခိုင်ခိုင့် ကြားဖြတ် အထောက်စကားကို ရန်က ခေါင်းခါပြ
ရင်း...
အဲ့လို မဟုတ်ဖူး မခိုင်..ကိစ္စကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စပါပဲ..ဒါပေမယ့် မခိုင်ကို ဖွင့်မပြောပြချင် လောက်အောင် ဖုံးဖိထားရမယ့် ပြသနာမျိုး မဟုတ်ပါဘူး နောက်ပီး မခိုင် မသိအောင်လည်း ကျွန်တော့်ဘက်က ဘာမှ ဖုံးဖုံးဖိဖိ လုပ်မထားချင်ပါဘူး..တိုင်တော့ တိုင်ပင် မယ် မခိုင်..ဒီတည လောက်တော့ ကျွန်တော် ပြန်စဉ်းစား လိုက်ဦးမယ်..စဉ်းစားပီးလို့  တိုင်ပင်ဖို့  လိုအပ်တယ် ဆို ရင် မနက်ဖန်ကျ အချိန်တခုယူပီး မခိုင်နဲ့ တိုင်ပင်ပါ့မယ်´ဟုတ်ပါပီ...ကိုရန် ကြိုက်သလိုသာ လုပ်ပါ ခိုင်
ကတော့ မတိုက်တွန်းရဲပါဘူး..ကိုရန် ပြောချင်တဲ့ အချိန်
ကျမှသာပြော..ခုတော့ သွားကြမလား´´
ရန် ခေါင်းညိတ်သည်...
``သွားမယ်လေ မခိုင်..ခဏ လေးနော် ကြံရည်
လေး သောက်လိုက်ဦးမယ်´´
ပြောပြောဆိုဆို ရေခဲများ လုံးဝ အရည်ပျော် နေပြီဖြစ်
သော ကြံရည်ခွက်ကို ရန် တဆက်ထည်း ကောက်မော့
သောက်လိုက်ပီး နှစ်ယောက်အတူ ကျောင်းဘက်ဆီသို့ 
ပြန်လျှောက်လာ ခဲ့ကြသည် ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60986.03
ETH 2921.26
USDT 1.00
SBD 3.57