တွေ့သမျှကူးချ.၃၂.

in #esteem6 years ago

အခန်း.၄.၂.
ကျောင်းဆင်း၍ အိမ်ပြန်ရောက်သည်တွင် ရန် ဘယ်လိုမှ
စိတ်ကို တင်းမထားနိုင်..အဝတ်အစားပင် မလဲအားပဲ ဖိုး
ကိုစာနှင့် အတူပါလာသော ဒိုင်ယာရီစာရွက်လေးများကို
နောက်ထပ်တခေါက် ထုတ်ယူဖတ်မိသည်...
ဒိုင်ယာရီ စာရွက်လေးများက လင်းလင်း၏ ဒိုင်ယာရီ စာ
အုပ်ထဲမှ မစိုးစိုးအောင် ဖြုတ်ယူ ထည့်ပေးလိုက်သောစာ
ရွက်ကလေးများပင်...
ဖိုးကိုက ထိုစာရွက်ကလေးများနှင့်ပတ်သက်ပီး သူ့ စာထဲ
တွင် ရေးသားထားသည်...
ဒီစာနဲ့အတူ မင်းသိသင့်သိထိုက်တဲ့ ဒါမှမဟုတ်
မင်းကို အသိပေးရရင် ကောင်းမယ်ဆိုတဲ့ အတွေး
နဲ့ ငါစာရေးလိုက်တာ..ဒီစာနဲ့အတူ မင်းသိသင့်
တဲ့ ဒိုင်ယာရီ စာရွက်လေးတွေကိုလည်း ငါထည့်
ပေးလိုက်တယ်..အားလုံးကို ခြုံပီး မင်းစဉ်းစားနိုင်
အောင်ပေါ့ကွာ...။
ဒီစာရွက်လေးတွေ ဘယ်လိုရလာတယ်ဆိုတာမင်း
သိချင်လိမ့်မယ်လို့  ငါထင်တယ်..ဒီလိုကွာ... လင်း
လင်းနဲ့ ငါတွေ့ပီးနောက်ပိုင်း ငါ့စိတ်ထဲ သိပ်မ
ကောင်းဘူး..ဒါနဲ့ နည်းနည်းပါးပါး အားပေးစရာရှိ
ရင်လည်း အားပေးရအောင်ဆိုပီးသူ့ အိမ်ကို သွား
တယ်..ငါသွားတော့ လင်းလင်း မရှိဘူး သူ့ အစ်မ
မစိုးစိုးအောင်နဲ့ပဲတွေ့တယ်..မစိုးစိုးအောင် ပြော
ပြလို့  လင်းလင်းအခြေအနေကို ပြည့်ပြည့်စုံစုံသိ
လာရတယ် ။
အဲ့သည်လိုပြောရင်းနဲ့ မစိုးစိုးအောင်က မင်းအ
ကြောင်းမေးလာတယ်..မင်းကို ဆက်သွယ်လို့ ရ
မလားပေါ့..ငါက လည်းရပါတယ်လို့ ပြောလိုက်
တယ်..အဲဒါနဲ့ မစိုးစိုးအောင်က အခန်းထဲဝင်သွား
ပီး လင်းလင်းစာအုပ်ထဲက ဖြုတ်ယူလာတဲ့ဒိုင်ယာ
ရီစာရွက်တွေ ပေးလိုက်တာပဲ ။
မင်းဆီ ပို့ ပေးလိုက်ပါတဲ့..မင်းကို ဘယ်လို ဖြစ်စေ
ချင်တယ် ဘာညာတော့ သူမပြောချင်ဘူး ပြောပိုင်
ခွင့်လည်း မရှိပါဘူးတဲ့..ဒါပေမယ့် ဒါလေးတွေကို
ဖတ်ပီးရင်တော့ မင်းတခုခုတော့ လုပ်မှာပဲလို့  သူ
ထင်တယ်တဲ့ ။
လင်းလင်း အခြေအနေ မကောင်းဘူးကွာ ..ဘယ်
လောက်ထိ မကောင်းဘူးဖြစ်ရသလဲဆိုတော့.......
ရန် ဆက်ဖတ်ချင်စိတ် မရှိတော့သဖြင့် ဖိုးကို စာကို ပြန်ချ
ထားလိုက်သည်...
တခမ်းတနားမဟုတ်ပဲ ကုန်သွယ်ရေးထုတ် နေ့ စဉ်မှတ်
တမ်းစာအုပ်မှ စာရွက်လေးများတွင်စိတ်လွတ်လက်လွတ်
ရင်ဖွင့်ရေးထားဟန်တူသော လင်းလင်း၏ လက်ရေးလေး
များကို လှမ်းကြည့်မိသည်...
စာရွက်များပါ စာသားများက အစအဆုံး ပြည့်ပြည့်စုံစုံ မ
ဟုတ်..လိုရင်းကို သိသာရုံ လိုအပ်သလောက်သာစာမျက်
နှာများလောက်သာ ကွက်ဖြုတ်ပေးလိုက်တာ ဖြစ်မည်..
သို့ မဟုတ် နေ့စဉ်မှတ်တမ်းကဲ့သို့  တရက်ချင်း အဖြစ်အ
ပျက်များကို မှတ်တမ်းတင်ထားသည် မဟုတ်ပဲ ရင်ထဲက
ခံစားချက်များ သက်သာရုံ ကြုံရာစာမျက်နှာတွင် စချင်ရာ
နှင့်စ ဆုံးချင်ရာနှင့်ဆုံး စိတ်ဝေဒနာ အစဉ်အတိုင်း ရေး
ထားသော နေ့ စွဲကျော် မှတ်တမ်းများလည်း ဖြစ်နိုင်သည်
အပေါ်ဆုံးစာမျက်နှာထိပ်ဆုံးမှ ရေးထားသောစာကြောင်း
လေးကို ရင်နင့်နင့်နှင့် ပြန်ဖတ်လိုက်မိ၏ ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60991.61
ETH 2921.47
USDT 1.00
SBD 3.56