တွေ့သမျှကူးချ.၃၄.

in #esteem6 years ago

အခန်း.၄.၄.၁.
ပြောလေရန်...နင်သတ္တိမရှိရင် ငါပြောမယ်လေ.. နင်ချစ်နေတယ်ဆိုတဲ့ကောင်မလေးက ဘယ်သူဆိုတာ´´ လင်းလင်းမျက်နှာက တကယ်သာ စိမ်ခေါ်လိုက်ပါက တ ကယ်ဖွင့်ပြောတော့မည်မှာ ကျိန်းသေသလောက်ရှိသည် ဒီလိုတော့ ရန် အဖြစ်မခံချင်..ပြောချင်းပြောလျှင်ဒီစကား ကို သူကသာ စပြောရမည်ဖြစ်၏..ထို့ အတွက်ကြောင့် လင်းလင်းကို သူ အရှုံးပေးမှ ဖြစ်တော့မည်ဟု နားလည် လိုက်သည်..မီးရောင် ဖြာကျနေသော အိမ်ရှေ့သရက်ပင် ကိုင်းများကြားမှနေ၍ အမှောင်ထုထဲကို တချက်လှမ်း၍ ကြည့်လိုက်ပီး...မပြောပါနဲ့တော့ လင်းလင်းရာ...ငါချစ်နေတယ်
ဆိုတာ နင်သိနေတဲ့ မိန်းကလေးပါပဲ..အဲ့ဒီ မိန်းကလေး
ကလည်း နင်ပါ´´
လင်းလင်းက ကျေနပ်စွာပြုံးသည်...
ဒါဖြင့် နင် ငါ့ကို ချစ်တယ်ပေါ့´´ ရန် လေးလေးနက်နက် ခေါင်းညိတ်သည်...ဟုတ်တယ် လင်းလင်း...ငါ နင့်ကို ချစ်နေတာ
ကြာပါပီ´´
ဒါများ ရန်ရယ်...ဖွင့်ပြောလိုက်တော့ကော ဘာ ဖြစ်သွားမှာမို့ လဲ...နင့်ကို ကိုက်စားမှာ မို့ လို့ လား´´ ရန် ဖြည်းညင်းစွာ ခေါင်းခါသည်...ကိုက်တော့ မစားဘူးပေါ့ လင်းလင်းရယ်...ဒါပေ
မယ့် နင်က ဘယ်လိုသဘောထားမယ်မှန်း မသိတာရယ်
ပြောမိကာမှ နင်နဲ့ငါ့ကြားက ခင်မင်မှုလေး ပျက်သွားမှာ
စိုးတာရယ်..နောက်တခုက ငါကလည်း ဆယ်တန်း ဆိုတဲ့
အခက်အခဲလေးကို ကျော်ပီးမှ ချစ်သူရယ်လို့  ဘဝမှာ ရှိ
ချင်တယ်..နင့်ကိုလည်း ဒီလိုပဲ ဖြစ်စေချင်တယ်...အဲ့ဒါ
ကြောင့် အချိန်တန်မှ ပြောမယ်ဆိုပီး မျိုသိပ်ထားခဲ့တာ´´
လင်းလင်းက ရယ်သည်...
ဖြစ်မှ ဖြစ်ရတယ် ရန်ရယ်...နင်ကလည်း စိုးရိမ် စရာမရှိတာကို စိုးရိမ်နေသေးတယ်...ငါကကော နင်က လွဲပီး ဘယ်သူ့ ကိုသွား သံယောဇဉ် ရှိရဦးမလည်းလို့ ... အေးလေ..နင့်သဘောပါ နင် အခုငါ့ကို ဖွင့်ပြောတာလား ဒါမှမဟုတ် နင်ပြောသလို ဆယ်တန်းအောင်ပီးမှ ဖွင့်ပြော မှာလား ရန်´´အမှန်တိုင်း ပြောရရင်တော့ နင့်သဘောလည်း
ငါသိပီ..ငါ့သဘောလည်း နင်သိနေပီပဲလေ..အဲ့တော့ မ
ထူးတော့ပါဘူးဟာ...တခုပဲ ဒီကြားထဲနင်စိတ်ပြောင်းသွား
နိုင်လား လင်းလင်း´´
ဘာကိုလဲ´´ငါကလွဲလို့  ဒီ့ပြင် ဘယ်သူ့ ကိုမှ သံယောဇဉ် မ
ရှိနိုင်ဘူး ဆိုတာလေ´´
အောင်မယ်...နင်က ငါ့ကို အထင်သေးလို့  ဒီ မေးခွန်းမေးတာပေါ့လေ..ဟုတ်လား ရန်´´မဟုတ်ပါဘူးဟာ...ပြောလက်စနဲ့ သေချာ
အောင် ငါကမေးလိုက်တာပါ´´
``ဒီကြားထဲ မဟုတ်ဖူး နင်တသက်လုံး စိတ်မ
ပြောင်းရင် ငါလည်း ဘယ်တော့မှ မပြောင်းဘူး ရန်..အဲ့
ဒါ နင်ခေါင်းထဲ မြဲမြဲမှတ်ထား..ငါက ဆိုးရင်ဆိုးမယ်..ဒါပေ
မယ့် သစ္စာရှိတယ်´´
*******

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60793.50
ETH 2910.51
USDT 1.00
SBD 3.59