တွေ့သမျှကူးချ.၃၅.

in #esteem6 years ago

အခန်း.၄.၄.၂.
ရန်က ရယ်၍...
ငါ့ဘက်က ပြောင်းဖို့ ဆိုတာကတော့ မဖြစ်နိုင် ဘူး လင်းလင်း..ငါက တဖက်မှာ ဒါဆို ဒါပဲ ရှိတတ်တဲ့ ကောင်..နင်လည်း သိပီးသားဖြစ်မှာပါ..ငါ့ဘက်က တော့ ရှင်းရှင်းလေးပါ´´ လင်းလင်းက ပြုံးရင်းနှင့်...ငါလည်း ဒီပြင်ဟာတွေ ပြောင်းရင်ပြောင်းမှာပါ
ဟာ..အဲ့ဒါကတော့ မပြောင်းပါဘူး..စိတ်ချပါ´´
ဒါဆို ငါနင့်ကို ဆယ်တန်းအောင်စာရင်း ထွက် တဲ့နေ့  နှစ်ယောက်စလုံး အောင်တဲ့ခါ ကျမှ ပြောမယ် လင်းလင်း..အဲ့ဒီနေ့ ကျမှ နင်နဲ့ငါ ရည်းစားဖြစ်တာပေါ့ ဒီကြားထဲမှာ သူငယ်ချင်းအဖြစ်ပဲ ယာယီနေကြမယ်လေ မကောင်းဘူးလား´´ကောင်းပါတယ်..ဒါကတော့ နင့်သဘောပေါ့
ငါက ဒီနှစ်ကျောင်းမဖွင့်ခင်ကတည်းက နင့်ကို ကတိပေး
ပီးသားပဲဟာ´´
ဘာကတိလဲ´´နင် လုပ်သလို လိုက်လုပ်မယ်လို့  နင့်စကားနား
ထောင်မယ် နင့်ကို ဘာမှ ပြန်မငြင်းပါဘူးလို့ လေ´´
သြော်..နင်က သေချာမှတ်သားထားသားပဲ လင်းလင်း´´သိပ်မှတ်မိတာပေါ့ ဒိုင်ယာရီနဲ့ကို သေချာရေး
တာ..ဒီနေ့ပြောတဲ့အကြောင်းလည်း ပြန်ရေးထားဦးမှာ
ပဲ..ဘာတဲ့ ခုနကပြောထားတာ မေ့သွားလို့ ...ယာယီသူ
ငယ်ချင်းနော်´´
အင်း... ဟုတ်တယ် ယာယီသူငယ်ချင်း ဒါပေ မယ့် တခုတော့ရှိတယ် လင်းလင်း တရက်တလေတော့ လည်း အဆင်သင့်ရင် အစမ်းခန့် ရည်းစားနဲ့အလုပ်သင် ချစ်သူလောက်တော့ နေချင်နေကြတပေါ့လေဟာ နော်´´အောင်မာ...အဲ့နေ့ ကျ နင်က ဘာလုပ်မှာမို့ 
လို့ လဲ´´
ရန်က အသံထွက်သည်ထိ ရယ်၍...
မဟုတ်ပါဘူးဟာ..နင်ကလည်း တလွဲတွေ လျောက်မတွေးပါနဲ့နည်းနည်းပါးပါးဟိုနားဒီနားလျှောက် လည်မယ်လို့ ပြောတာပါ´´ဟင်း...လူတကိုယ်လုံး အကြံကြီးပဲ အလကား
လူဆိုး မလည်မရှုပ်..မလည်သလိုနဲ့ မွှတ်နေအောင်ရှုပ်
တဲ့ ကောင်စုတ်´´
မျက်စောင်း အပြုံးနှင့်မူ နွဲ့သော အမူအယာဖြင့်လင်းလင်း
ကပြောသည်...
သစ်ကိုင်းကြားမှ ကွက်ကြား ဖြာကျနေသော လရောင်
အောက်မှာ တကိုယ်လုံး အရည်ပျော်မသွားအောင် ရန်
မနည်း ထိန်းထားလိုက်ရသည် ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60845.74
ETH 2912.93
USDT 1.00
SBD 3.67