တွေ့သမျှကူးချ.၃၆.

in #esteem6 years ago

အခန်း.၄.၅.
ဟိုမှာ ကြည့်စမ်းပါဦး လင်းလင်း ..ရှုခင်းတွေက မ လှဘူးလား´´အေးဟယ်...လှလိုက်တာနော်´´
ရန်က လေးဘီးကားနောက်ခန်းမှနေ အပြင်သို့  ညွှန်ပြ
ရင်း မေးသည်..လင်းလင်း ဒီတော့မှ ရွှင်ရွှင်လန်းလန်းဖြစ်
လာသည်...
ရန်က ပြုံးရင်း...
အဲ့ဒါကြောင့် ငါပြောတာပေါ့ လင်းလင်း မြို့ထဲက ရှုပ်ရှုပ်ရှက်ရှက်တွေကြား သွားမယ့်အစား ဒီဘက်လာတာ ပို စိတ်ချမ်းသာစရာ ကောင်းပါတယ်လို့ ´´ လင်းလင်းက အပြုံးတဝက်ဖြင့် မဲ့သည်..ဘာမှတော့ ပြန် မပြော..မကြာခင် ကားလေးသည် ကျိုက္ကလို့ ဘုရား ကုန်း မြင့်ဘက် ချိုးကွေ့ပီး တက်လာသည်... ရန်က နောက်ခန်းမှနေ ခေါင်းထွက်ပီး...ရပီ ကားဆရာရေ...ဒီမှာပဲ ရပ်ပေးပါတော့´´
ကားဆရာက သူ့ ကားကို စိန်ပန်းပင်ရိပ် အောက်၌ ထိုးရပ်
ပေးသည်... imagehttps://goo.gl/images/mjLtw1
ကဲ...ဆင်းကြစို့  လင်းလင်း ´´ နှစ်ယောက်သား ကားပေါ်မှ ဆင်းပီးကြသောအခါ ရန်က ကားခရှင်းပေးပီး ကားကိုပြန်လွှတ်လိုက်သည် လင်းလင်း က ရပ်နေရာမှ ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လျှောက်ကြည့် နေသည်... ရှုခင်း မြင်ကွင်းကတော့ တကယ်လှသော အရပ်ဖြစ်သည် ကားလမ်းမ ၏ ဟိုဘက်သို့  လှမ်းကြည့်လျှင် လမ်းဘေး ကုန်းမြင့်လေးပေါ်တွင် ဖွင့်ထားသော ရှုခင်းသာလက်ဖက် ရည်ဆိုင်ကလေးက ချစ်စရာ ကောင်းလှသည်... သူ့  မလှမ်းမကမ်းမှ မြေနီလမ်းလေးက ဟိုးအောက်ဘက် ရွာကလေးဆီထိ ဆင်းသွားပုံကလည်း လမ်းနံဘေး နှစ် ဖက်မှ ယူကလစ်ပင်တန်းနှင့်အပြိုင် လှပနေသည်... ရွာလေး၏ ဟိုဖက်မှာတော့ လယ်ကွင်းပြင်ကြီး အမြင်တ ဆုံးကျယ်ပြန်သောလယ်ကွင်းပြင်ကြီးကမိုးကုတ်စက်ဝိုင်း ထိတိုင် ခင်းပြန့် နေသည်... လမ်း၏ ဒီမှာဘက်တွင်လည်း လမ်းအစပ်မှ ဘုရားရင်ပြင် ခြေရင်းထိ မြေနီကုန်းမြင့်လေးက ပြေပြေတက်သွားသည် လမ်း၏ ဟိုဖက်ဒီဖက်တွင် ဘုရားဖြူလေးများနှင့် စိန်ပန်း နီနီပင်လေးများရှိနေပုံက ကဗျာတပုဒ်သီကုံးထားသကဲ့ သို့ အလား ညီညွတ်လှပနေ၏... သို့ သော် လင်းလင်းကတော့ ခုထိ အာရုံတွင်ညိကပ်ပုံမရ သေး..ကြည်ကြည်လင်လင်မရှိသေး... ရန်က ပြုံးရင်း...ဘာလဲ လင်းလင်း...မြို့ထဲ သွားရရင် ပိုပျော်မယ်
လို့ ထင်နေတုန်းပဲလား´´
အစမ်းခန့် ချစ်သူဘဝတွင် ပထမဦးဆုံး လည်ပတ်သော
ခရီးက ကြည်နူးစရာကောင်းသော်လည်း ပြေပြေပြစ်ပြစ်
ကြီးတော့မဖြစ်ခဲ့...
ဒုတိယ အစမ်းနောက်ဆုံးနေ့ 
လင်းလင်းတို့ အိမ်ဝရန်တာတွင် ယာယီသူငယ်ချင်းများ
အဖြစ် ကူးပြောင်းသည့်နေ့ ကတည်းက စိတ်ကူးသည် ထို
နေ့ ကျမှ အကောင်အထည်ဖော်ဖြစ်တော့သည်...
သို့ သော်ထွက်လာကတည်းက ပြသနာလေးကရှိသည် ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60918.56
ETH 2919.11
USDT 1.00
SBD 3.56