ရှူးဖိနပ်သမိုင်း

in #esteemapp6 years ago

image

ရှူးဖိနပ်သမိုင်း

အာဏာရှင်ကြီးသေတော့ သူ့မြေးတော်လေးကို ရှူးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ်။

မသေခင်မှာသွားတာက

“မြေးလေး ဒီရှူးဖိနပ်ကို တစ်သက်လုံး ဝတ်ထား”

“ဘာကြောင့်များလဲ အဘိုးရယ်”

အဲဒီအချိန်မှာ အာဏာရှင်ကြီးက ဘေးမှာ ဒူးတုပ်ပြီး ခစားနေတဲ့ ပညာရှိကို

“အမတ်ကြီး မြေးတော်လေးကို ရှူးဖိနပ် ဝတ်ရမယ့်အကြောင်းရှင်း”

“မှန်လှပါ”

“ရှူးဖိနပ်ကို သားရေနဲ့ ချုပ်ပါတယ်ဘုရား။ သားရေပေါ်အိပ် သားရေနားစားတတ်တဲ့ ဇာတိကို ဂုဏ်ယူပြီး ဖော်ကျူးရာ ရောက်ပါတယ်ဘုရား။ အမျိုးဂုဏ်ကို စောင့်ထိန်းပြီး သားရေဝတ်တာပါဘုရား”

image

“အောင်မယ် ပညာရှိဘိုးဘိုး … ဒါကျုပ်တို့ မင်းမျိုး မင်းနွယ်ကို စော်ကားတာပဲ”

“မဟုတ်ရပါဘုရား … သားရေကို သိုးဆောင်းစကားနဲ့ ဘယ်လိုခေါ်သလဲဘုရား”

“အလို … ဘိုးဘိုးရယ် ဒီလောက်တော့ သိပါတယ် လယ်သာ (leather) ပေါ့”

“မှန်ပါ့ လယ်သာဆိုတော့ ပြောင်းပြန်ကောက်ရင် လာသယ်ပါဘုရား … ဒါကြောင့် လယ်သာကို စီးနေသမျှ လာသယ်နေသလို အကုန်ရပါလိမ့်မယ်ဘုရား။ ယတြာပါဘုရား။ ရတာအကုန် လာသယ်မယ့်သူတွေလို့ အတိတ်ဆောင်ပါတယ်ဘုရား”

“ဟုတ်ပါပြီ … သားရေပေါ်အိပ် သားရေနားစားဆိုတာကိုရှင်း”

“မှန်လှပါ သားရေပေါ်အိပ် သားရေနားစားတာ ခွေးမဟုတ်ပါ”

“အလို အဆန်းပါလား”

“မှန်ပါ … အရှင့် ဘေးလောင်းတော် ဘိုးလောင်းတော် မဟာဇမ္ဗူရာဇ်မင်းလက်ထက်က ခွေးရာဇာကိုနိုင်ပြီး တိုင်းပြည်အုပ်ချုပ်နိုင်ခဲ့လို့ အထိမ်းအမှတ်နဲ့ ခွေးသားရေကိုခင်းအိပ်ကာ အရှင်မင်းကြီးမျိုးဆက်ဟာ သားရေပေါ် အိပ် သားရေနားစားရင်း ကြီးပြင်းပြီး အစဉ်အဆက် အုပ်ချုပ် မင်းလုပ်နိုင်ခဲ့တာပါဘုရား။ ဒါကြောင့် သားရေကို မပစ်ပယ်ကောင်းပါ”

“ဒါနဲ့ ရှူးဖိနပ် ဘာပတ်သက်လဲ”

“မှန်လှပါ မြေးတော်လေး …. ရှူးဖိနပ်ကို သားရေနဲ့ ချုပ်ရပါတယ်။ ရှူးဖိနပ်ဝတ်တော့ ခြေထောက်ကို လုံအောင် ဖုံးပေးပါတယ်”

“အဲဒီတော့ ဘာဖြစ်သလဲ”

“ခြေထောက်ကို လုံအောင် ရှူးဖိနပ်ကဖုံးထားတော့ အရှင်မင်းကြီးတို့ တစ်မျိုးလုံး နူပြီးတော့ ခြေတိုနေတာ လူမသိတော့ဘူးပေါ့။ ဒါကြောင့် အနူမျိုးဆိုတာ လူမသိအောင် ရှူးဖိနပ်ဖုံးပြီး တစ်သက်လုံး နေသင့်ကြောင်းပါ”

“သြော် … ဟုတ်ပေသား”

“သိပြီလား မြေးတော်လေး … အဘိုးလည်း နူနေတာ လူမသိအောင် ရှူးဖိနပ်ဖုံးထားတာ နှစ်ပေါင်း ၆၀ ကျော်ကြာပြီကွာ။ မြေးတို့ကလည်း တို့အမျိုး မနူကြောင်း ခြေထောက်ဟောင်းလောင်းမနေကြနဲ့။ ဒီနေ့ကစပြီး အမတ်ကြီး အကြံပေးတဲ့အတိုင်း ရှူးဖိနပ်စီးစေ”

“သင့်မြတ်လှကြောင်းပါ ဘိုးဘိုး”

တင်ညွန့်

photo ; facebook

image

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69624.90
ETH 3615.21
USDT 1.00
SBD 3.73