ရာထူး၊ ဂုဏ်ပကာသနတွေ မရှိတော့ရင်...

in #feeling6 years ago (edited)

-လူတွေဟာ ရာထူး၊ ဂုဏ်ပကာသနတွေကို ကြောက်ကြတယ်၊ ကိုးကွယ်ကြတယ်...။ အဲ့ဒါတွေ မရှိရင်တော့ မင်းကို ဘယ်သူမှ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ မဟုတ်ဘူး...။

-ဥပမာအနေနဲ့ ထင်ရှားအောင် ပြောရရင် မင်းအထက် အရာရှိတစ်ယောက်နဲ့ မင်းလက်အောက်ငယ်သားနဲ့ မေးခွန်းတစ်ခုထဲ တစ်ပြိုင်နက်ထဲမေးမယ် ဆိုရင်း မင်းဘယ်သူ့ကို အရင်ဖြေမလဲ...။ မညာပါနဲ့...။ ကျွန်တော်တို့ဟာ အထက်အရာရှိကိုဘဲ အရင်ဦးစားပေးမိမှာဘဲ ဟုတ်တယ်မှတ်လား...။😄😄

-ကဲအဲ့ဒါဆို ကျွန်တော်တို့ ဘဝမှာ ရာထူး၊ ဂုဏ်ပကာသန ကင်းမဲစွာနဲ့ ရှိနေနိုင်တာ ဘယ်သူတွေများပါလိမ့်...။ ????

-ကျွန်တော်တို့ မိဘ၂ပါးပါ...။ သူတို့ဟာ ကျွန်တော်တို့အတွက် ဘာမှမရှိဘဲ အကောင်းဆုံးတွေ ပေးဆပ်သူတွေပါဘဲ...။ ဆွေးမျိုးသားချင်း တချို့လည်း မင်းကို နွေးထွေးကောင်းနွေးထွေးနိုင်ပေမဲ့ အနည်းအကျဉ်းမျှသာ...။

-ဘဝမှာ မင်းကို ဂုဏ်ပကာသနတွေ ကင်းမဲစွာနဲ့ ဆက်ဆံပေးနိုင်တာ မင်းမိဘတွေ အပြင် တစ်ယောက်ယောက်ကများ ကောင်းပေးနိုင်မယ်ဆို ဒါဟာ မင်းရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်လဲ ဖြစ်လာနိုင်ပါတယ်...။ အဲ့လို လူမျိုး ဆိုရင်တော့ မင်းလက်မလွှတ်လိုက်ပါနဲ့...။

-နိဂုံးချုပ်ပြောရရင်တော့ ကျွန်တော်တို့ လူ့ဘဝကြီးဟာ ဂုဏ်ပကာသနတွေ၊ ရာထူး၊ ရာခံတွေနဲ့ဘဲ ကိုယ့်ကို တင့်တယ်အောင် တန်ဆာဆင်နေကြတာပါ...။ အဲ့ဒါတွေ မရှိတော့တဲ့ တစ်နေ့ မင်းနားမှာ
အရင်လို အဖက်လုပ်ကြမယ့်သူတွေ ရှိပါ့ဦးမလားဟင်...????
P71020-113519-01.jpeg

Sort:  

Screenshot_2017-11-22-11-44-38-875_com.facebook.katana.png
အာ့bro တင်​ထားတာလား

ဟုတ်ပါတယ် ကျွန်တော်ပါဘဲ

ရှိနိုင်ဦးမယ်ထင်ပါတယ်လေ ကိုယ်က ခုထဲက ဂုဏ်ဆိုလို့ အကြွှေး တစ်ခုသာ ချစ်သာတာဟာ

ဖြစ်ရလေ...

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 62981.24
ETH 3034.31
USDT 1.00
SBD 3.75