ဟာသအတိုအထွာ ရယ်​​မောစရာ (၂၀)

in #funny6 years ago

ဟာသအတိုအထွာ ရယ်​​မောစရာ (၂၀)

တစ်ခုခုေ​တာ့ ဖြတ်​ခိုင်းမှပဲ

မိမိကိုယ်​ကို အရမ်းအစိုးရိမ်​လွန်​တတ်​သူတစ်​​ယောက်​ ​ဆေးခန်းသို့ လာပြစဉ်​ ...

ဆရာဝန်​ ။ ။ "ခင်​ဗျား ​ဆေးခန်းကို နှစ်​ရက်​ခြား တစ်​ခါ​လောက်​ လာ​နေသလိုပဲ​နော်​"

လူနာ ။ ။ "ဟုတ်​ကဲ့ ဆရာ ... ကာကွယ်​ခြင်းက ကုသခြင်းထက်​ ပို ထိ​ရောက်​တယ်​ဆိုလို့ပါ"

ဆရာဝန်​ ။ ။ "ဒါ​ပေမဲ့ ကျွန်​​တော်​စမ်းသပ်​ရသ​လောက်​​ ခင်​ဗျားမှာ ဘာ​ရောဂါမှ မရှိဘဲ"

လူနာ ။ ။ "ဟုတ်​ရဲ့လား ဆရာရယ်​ ​သေချာစစ်​ကြည့်​ပါဦး တစ်​ခုခု​တော့ ရှိ​နေမှာပါ ... ကျွန်​​တော်​နဲ့ ရွယ်​တူ သူငယ်​ချင်း​တောင်​ အရက်​​ကြောင့်​ အသည်း​ခြောက်​​နေတယ်​တဲ့ ... သူ့ဆရာဝန်​က​တောင်​ သူ့ကို အရက်​​ဖြတ်​ခိုင်းလိုက်​တယ်​"

ဆရာဝန်​ ။ ။ "ကဲ ဒါဆို ခင်​ဗျားလည်း အရက်​ဖြတ်​လိုက်​ပါ"

လူနာ ။ ။ "ကျွန်​​တော်​မှ အရက်​မ​သောက်​တတ်​ဘဲဆရာ"

ဆရာဝန်​ ။ ။ "ဒါဆို ​ဆေးလိပ်​ဖြတ်​"

လူနာ ။ ။ "ကျွန်​တော်​ နဂိုထဲက ​ဆေးလိပ်​လည်း မ​သောက်​ဘူး​လေ ဆရာရဲ့"

ဆရာဝန်​ ။ ။ "ဒါဖြင့်​ဗျာ ... ခင်​ဗျား အာလူးစားလား"

လူနာ ။ ။ "ဟုတ်​ကဲ့ ဆရာ ... စားပါတယ်​"

ဆရာဝန်​ ။ ။ "အဲ့ဒါဖြင့်​ အာလူးစားတာရပ်​ ... အာလူးဖြတ်​ဗျာ"

မှတ်​ချက်​ ။ ။ 'ရယ်​​သောသူ အသက်​ရှည်​ပါသည်​' 😄😄

image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61906.25
ETH 2905.39
USDT 1.00
SBD 3.64