ဟာသအတိုအထွာ ရယ်​​မောစရာ (၂၁)

in #funny6 years ago

ဟာသအတိုအထွာ ရယ်​​မောစရာ (၂၁)

ဆရာပင်​ပန်းမှာစိုးလို့

ခွဲစိတ်​ပြီးခါက လူနာတစ်​ဦးနှင့်​ ဆရာဝန်​ ​စမ်းသပ်​ခန်းတွင်​ ရှိ​နေကြစဉ်​ _

ဆရာဝန်​ ။ ။ "ဘယ်​လိုလဲ ​နေရထိုင်​ရ သက်​သာရဲ့လားဗျ"

လူနာ ။ ။ "ဟာ အရမ်းအဆင်​​ပြေပါတယ်​ဆရာ ... တစ်​ခါတ​လေ နည်းနည်းနာတာ​လေးကလွဲလို့​ပေါ့"

ဆရာဝန်​ ။ ။ "​တော်​​တော်​နာလား ... ခွဲထားတဲ့​နေရာကလား"

လူနာ ။ ။ "ရပါတယ်​ ဆရာ နာ​ပေမဲ့ သည်းခံနိုင်​ပါတယ်​"

ဆရာဝန်​ ။ ။ "အဆင်​မ​ပြေဘဲနဲ့​တော့ ကြိတ်​ခံမ​နေနဲ့​နော်​"

လူနာ ။ ။ "ဟုတ်​ကဲ့ပါဆရာ ... ကျွန်​​တော်​ကို မ​ပြေလည်​မှန်းသိလို့ အခမဲ့ ခွဲစိတ်​​ပေးတာနဲ့တင်​ ​ကျေးဇူးတင်​လှပါပြီ"

ဆရာဝန်​ ။ ။ "ခင်​ဗျားက အဲ့လို​ပြော​တော့ ကျွန်​​တော်​ ပိုအ​နေရခက်​လာတယ်​ဗျ"

လူနာ ။ ။ "ဘာလို့လဲဆရာ"

ဆရာဝန်​ ။ ။ "ဒီလိုပါ ... ခင်​ဗျားရဲ့ ချုပ်​ရိုး​တွေကို ပြန်​ဖွင့်​ရမယ်​ထင်​တယ်​ဗျ"

လူနာ ။ ။ "ဘာ​ကြောင့်​လဲဆရာ ... ကျွန်​​တော်​ သက်​သာ​နေပြီပဲကို"

ဆရာဝန်​ ။ ။ "ခင်​ဗျားကို ခွဲစိတ်​တုန်းက ဗိုက်​ထဲမှာ ကတ်​​ကြေးတစ်​လက်​ ကျန်​ခဲ့တယ်​ဗျ"

လူနာ ။ ။ "​အော်​ ... ဆရာရယ်​၊ ဘာများလဲလို့ ... အဲ့ဒီ ကတ်​​ကြေး​လောက်​အတွက်​နဲ့​တော့ ပြန်​ဖွင့်​မ​နေပါနဲ့​တော့ ဆရာရယ်​ ကတ်​​ကြေးအသစ်​ ကျွန်​​တော်​ ပြန်​ဝယ်​​ပေးပါ့မယ်​၊ ဒီ​လောက်​​တော့ ကျွန်​​တော်​ တတ်​နိုင်​ပါတယ်​ဆရာ"

မှတ်​ချက်​ ။ ။ 'ရယ်​​သောသူ အသက်​ရှည်​ပါသည်​' 😄😄

image

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65999.51
ETH 3019.75
USDT 1.00
SBD 3.71