အရမ်းမိုက်တဲ့ Agents of SHIELD

in #good-karma6 years ago

marvels-agents-of-s.h.i.e.l.d..jpg

Plot

Iron Man, Captain America တို့လို Avengers တွေက ကမ္ဘာ့ရန်တွေကို ရှေ့ကနေ တိုက်ခိုက်တွန်းလှန်နေသလိုပဲ SHIELD အဖွဲ့ဟာလည်း Nick Fury, Agent Coulson တို့ရဲ့ ဦးဆောင်မှုအောက်မှာ နောက်ကွယ်ကနေ ကျရောက်လာမဲ့ရန်တွေကို တွန်းလှန်ကြပုံပါ။

Review

Agents of SHIELD ဟာ MCU နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ Netflix Series တွေထက်ပိုပြီး နီးနီးကပ်ကပ်ကို ချိတ်ဆက်ထားတယ်။ အဲအတွက် plot ပိုင်းမှာ အရမ်းမိုက်တာတွေရှိသလို အဆင်မပြေတာတွေလည်းရှိတယ်။

ဘာမိုက်သလဲဆို MCU နဲ့ချိတ်ထားတဲ့အတွက် MCU ဇာတ်ကောင်တွေအကြောင်း၊ သူတို့နောက်ကွယ်ကအဖြစ်အပျက်တွေကို ရုပ်ရှင်မှာထက် အများကြီးနီးနီးကပ်ကပ်မြင်ရတယ်။ Captain America: Winter Soldier ရုပ်ရှင်မှာ SHIELD အဖွဲ့မှာ HYDRA အဖွဲ့ဝင်တွေဝင်ကြီးစိုးနေတဲ့အချက်က Agents of SHIELD မှာ အများကြီးသက်ရောက်မှုတွေရှိသလို အများကြီးမြင်ရမှာပေါ့။ အဲဒီ Hydra အဖွဲ့ဝင်တွေ SHIELD မှာ သစ္စာဖောက်တွေအဖြစ် ပေါ်ထွက်လာတဲ့အခန်းက ကျွန်တော့အမြင်မှာတော့ Series တစ်လျှောက်လုံးမှာ အကြမ်းဆုံးနဲ့ အကောင်းဆုံးအခိုက်အတန့်တွေထဲမှာ ပါပါတယ်။ ကိုယ်အယုံကြည်ရဆုံး ဇာတ်ကောင်တွေက Hydra တွေဖြစ်ကုန်တော့ ဘယ်ကောင်လာလာ မယုံတော့အောင်မျိုးထိဖြစ်ခဲ့တယ်။ အဲလိုပဲ Civil War တို့ Sokovian Accords တို့နဲ့ ရိုက်ခတ်မှုတွေကိုလည်း မြင်တွေ့ရတယ်။ အဲအပြင်ကိုမှ ရုပ်ရှင်ကြီးတွေမှာ သေချာပြမထားတဲ့ plot တွေကိုလည်း ဒီမှာမြင်ရလိမ့်မယ်။ ဥပမာ Avengers: Age of Ultron စစချင်း Loki ရဲ့ Scepter ကို Avengers တွေ ဘယ်လိုရှာတွေ့လို့ သွားရှာကြတာလဲ၊ ဇာတ်လမ်းအဆုံးမှာတွေ့ရတဲ့ Nick Fury ရဲ့ Helicarrier ကြီးကရော ဘယ်ကရောက်လာတာလဲ စသဖြင့်ပေါ့။ အဲအပြင် Season 4 မှာဆို Ghost Rider လည်းတွေ့ရမှာပါ။ Season 5 မှာဆိုလည်း Thanos နဲ့ ပတ်သက်တယ်ဆိုတာမျိုးလည်း မြင်ရလိမ့်မယ်။

အဆင်မပြေတာကတော့ Shared universe တို့ရဲ့ ထုံးစံအတိုင်း အချိတ်အဆက်တွေ မမိတာ၊ continuity မရှိတာတွေပါ။ Plot အရ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ရန်တွေ၊ လူမျိုးပြုတ်လုနီးနီးဖြစ်တဲ့ ပြဿနာတွေကို SHIELD အဖွဲ့က ရင်ဆိုင်ဖြေရှင်းရတယ်။ အဲအချိန် တခြား Avengers တွေဘယ်ရောက်နေလဲဆိုတာမျိုးက ဇာတ်လမ်းတွဲဖြစ်နေလို့ မေးလို့မရမှန်း မေးစရာမလိုမှန်းသိပေမဲ့ မေးမိကြမှာပဲမလား။ အဲလိုမျိုး တခြား ရုပ်ရှင်တွေ ဇာတ်ကောင်တွေနဲ့ သွားချိတ်လို့ အဆင်မပြေတာတွေ ရှိတယ်။
ဒီ Shared universe တွေထည့်မတွက်ဘူးဆိုရင် AOS ဇာတ်လမ်းတွဲဟာ Marvel Fan တွေ၊ အထူးသဖြင့် MCU Fan တွေအတွက်တော့ တော်တော်လေးအဆင်ပြေပါလိမ့်မယ်။ အပေါ်မှာပြောခဲ့သလို ရုပ်ရှင်နောက်ကွယ်က တခြား ဇာတ်လမ်းတွေအပြင်ကိုမှ Kree တို့အကြောင်း၊ Inhumans တို့အကြောင်း၊ တခြား minor Marvel Character တွေအကြောင်း တော်တော်လေးတွေ့မြင်ရမှာပါ။ Series ဆိုတော့ ထုံးစံအတိုင်း သူ့ Episode နဲ့ကိုက်အောင် ဇာတ်လမ်းရှည်နေတာ၊ အချိန်ဆွဲပြီး ကြာနေတာမျိုးတာ့ နည်းနည်းပါတယ်။ AOS မှာ ကျွန်တော်သဘောမကျဆုံးအချက်ကတော့ အဖျားရှူးတတ်တာပဲ။ Series တစ်ခုလုံးရဲ့ ဇာတ်လမ်း (သို့မဟုတ်) ဇာတ်လမ်းအတိုလေးအတွက် ကောင်းကောင်းကြီး ဇာတ်အိမ်တွေတည်၊ villain ကိုတည်ဆောက်၊ နောက်ဆုံး ဇာတ်သိမ်းက တော်တော်ကိုခက်ခက်ခဲခဲနဲ့ ပွဲကြမ်းလိမ့်မယ်လို့ တွေးထင်အောင် လုပ်ပြီးရင် "အမ် ဒါပဲလားဟ" ဆိုပြီးပြီးသွားတာတွေများတယ်။ ကိုယ်က Season တစ်ခုလုံး ဇာတ်အိမ်ကို တည်ဆောက်လာခဲ့လို့ပဲ ဇာတ်သိမ်းအရမ်းကြမ်းတာ ကြည့်ချင်နေလို့လားတော့ မသိဘူးပေါ့။ But well… you get the idea. နောက်တစ်ခုက SHIELD အဖွဲ့ကြီးရဲ့ ခေါင်းဆောင်ဆိုတာကြီးက Mission ရှိတိုင်း ကိုယ်တိုင် သေနတ်ကိုင်ပြီး လိုက်လိုက်လာတာ အစပိုင်းမှာ သိပ်တော့ဘဝင်မကျဘူး။ တပည့်တွေ ဒီလောက်ပေါတာ သူ့လုပ်ပုံက General ကိုယ်တိုင် ရှေ့တန်းမှာ သေနတ်ဝင်ကိုင်နေသလိုဖြစ်နေတယ်။ ဒါပေမဲ့ ဇာတ်လမ်းပဲ။ သူကိုယ်တိုင် ဝင်မကြမ်း ဘယ်ရိုက်လို့ရမတုန်း eh?

AOS ထဲမှာ တော်တော်လေးသဘောကျတဲ့အခန်းလေးတွေက ရုပ်ရှင်တို့၊ အပြင်က celeb တို့ရဲ့ ref တွေ ထည့်ထည့်ပြောတတ်တာပဲ။ တခြားဂြိုလ်ရောက်နေတယ်လဲဆိုရော "ငါ Tatooine ရောက်နေတာပဲဟ" ဆိုပြီး ထအော်တာမျိုး၊ နောက်က alien ၂ ယောက်လိုက်သတ်နေတော့ "နောက်မှာ Bobba Fett လင်မယား လိုက်လာတယ်" ဆိုတာမျိုး။ အဆိုးဆုံးကတော့ Agent Coulson ပါပဲ။ ဆရာကြီးနေရာမှာနေပြီး တပည့်တွေထက်ကို ရုပ်တည်ကြီးနဲ့ ဖောက်နေတတ်တာ တော်တော်လေးမိုက်တယ်။

ရိုက်ကူးမှုပိုင်းမှာတော့ Season 1 က တော်တော်ကိုချာပါတယ်။ Costume design, visual effect အကုန်လုံးပါ။ အဝတ်အစား design က တော်တော်ကိုပိန်းတဲ့အထဲပါတယ်။ SHIELD ဆိုတဲ့ တကယ့် Elite တို့ရဲ့ Elite Organization နဲ့လုံးဝမဆိုင်ဘူး။ Season 2 မှာတော်တော်ကိုကောင်းလာတယ်။ အရမ်းပြောင်ပြောင်လက်လက်နဲ့ ရုပ်မပေါက်သလို Dark and realistic ဖြစ်တဲ့ဘက် ပြန်သွားခဲ့တယ်။ နောက်ပိုင်းတွေမှာ Visual effect တွေတော်တော်လေးကောင်းလာတယ်။
သရုပ်ဆောင်တွေကတော့ အရမ်းကြီးကောင်းတဲ့ဘက်မရောက်သလို အဆိုးဘက်တော့မရောက်ဘူး။ အားလုံးကတော့ မင်းသမီး Chloe ကို ကြွေကျမယ်ထင်တယ်။ Agent Coulson လည်း တော်တော်လေးကောင်းတယ်။ ကျွန်တော်မကြိုက်တာက Agent May နေရာက Ming-Na Wen ပဲ။ Martial Arts ပိုင်းမှာ တော်တော်လေးကောင်းတယ်ဆိုပေမဲ့ Acting က အမြဲ over ဖြစ်နေသလို။ ငါပဲကြမ်း ငါဘယ်သူမှဂရုမစိုက်ဘူးဆိုတာကြီး အမြဲလုပ်ပြနေသလိုဖြစ်နေတယ်။

AOS ဇာတ်လမ်းတွဲဟာ Perfect series ကြီးတော့မဟုတ်ဘူး။ ဒါပေမဲ့ Marvel Universe ကို တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်တွေ့နိုင်တယ်။ အရမ်းကြီးလေးလံ serious ကြီးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အချိန်ကုန်အောင်ကြည့်နိုင်တဲ့ ကားမျိုးပါ။ အခုလက်ရှိထိတော့ Season 5 အထိထွက်ထားတယ်။ ကျွန်တော့အတွက်ကတော့ Season 2 အကြိုက်ဆုံးပဲ။

Admin KPK DatShin: 4/5 IMDB: 7.5/10 Rotten Tomatoes: 95%

Ref : DATSHIN

Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Congratulations @zinkochan! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69747.29
ETH 3747.51
USDT 1.00
SBD 3.78