ဒူးရင်းသီး (DURIAN ) (JACKFRUIT )

in #hfs8 years ago

ဒူးရင်းသီး (DURIAN ) (JACKFRUIT )

index.jpg

ဒူးရင်းသီးကို အာရျနိုင်ငံများမှာ (King of Fruits) သစ်သီးများရဲ့ ဘုရင်အဖြစ် လူကြိုက်များ ကျော်ကြားလှပါတယ်။ `ဒူရီ´ဆိုတဲ့ စကားလုံးဟာ မလေးဘာသာစကားဖြစ်ပြီး ဆူးချွန်(သို့)ဆူးလို့
အဓိပ္ပါယ်ရပါတယ်။
ဒူးရင်းသီးရဲ့ မူလဇာတိကတော့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူးနိုင်းနိုင်ငံများ ဖြစ်ပါတယ်။ ဒူးရင်းသီးမှာ ဒိုင်မီးသိုင်းထရိုင်သိုင်အိုလိန်း Dimethyl Prithyolene ခေါ် အော်ဂင်နိုဆာလဖာကွန်ပေါင်း ပါဝင်တဲ့အတွက် သူ့ရဲ့မွှေးရနံ့ဟာ အလွန်ပြင်ထန်ရခြင်း ဖြစ်ပါတယ်။
ဒူးရင်းသီးဟာ စားပြီးတာနဲ့ လူ့ခန္ဓာကိုယ်ကို ပူနွေးလာစေပြီး ချွေးထွက်လွယ်စေပါတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒူးရင်းသီးဟာ အပူစာဖြစ်တဲ့အတွက် ဒူးရင်းသီးစားရင် မင်းဂွတ်သီးလို လူကို အေးမြသွားစေတဲ့ အအေးစာနဲ့ တွဲဖက်စားခြင်းဖြင့် အာဟာရဓာတ်များစွာ ဖြစ်ထွန်းစေတယ်။
ဒူးရင်းသီးစားရင် ဖြေဆေး Antidote အနေနဲ့ မင်းကွတ်သီးကို စားပေးရမယ်လို့ ဆိုပါတယ်။ ဒူးရင်းသီးဟာ အပူစာဖြစ်တဲ့အတွက် အများကြီးစားရင် လည်ချောင်းနာတယ်လို့ ဆိုပါတယ်။
ဒူးရင်းသီးမှာ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်သလို၊ ထိပ်တန်းဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါရှိပါတယ်။ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ် များစွာပါရှိတယ်။
ကာမဆန္ဒကိုဖြစ်ထွန်းစေတယ်လို့ ဆိုပါတယ်။ နူးညံ့အ၇သာရှိလှတဲ့ ဒူးရင်းသီးအသားလေးတွေကို ခြေပြီး ရေခဲအောင်ထားကာ အိုက်(စ်)ခရင်း(မ်) လုပ်စားလေ့ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာတော့ အလှူပွဲတွေမှာ အချိုပွဲအဖြစ် အသီးသက်သက်ကိုလည်းကောင်း၊ ဒူးမလိုင်အဖြစ်လည်းကောင်း၊ ဒူးရင်းရေခဲမုန့် ၊ ဒူးရင်းသီးနနွင်းမကင်း၊ စသည်တို့တွင် ဒူးရင်းသီးကို ထည့်သွင်းပြုလုပ်ကာ တည်ခင်းကျွေးမွေးလေ့ ရှိပါတယ်။

index.jpg

myint oo

photo from google

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.105
BTC 65120.31
ETH 1941.58
USDT 1.00
SBD 0.37