Kirin 710

in #huawei6 years ago

Huawei ကနေ သူ့ရဲ့ Nova Series စမတ်ဖုန်းတွေကို အဆင့်မြှင့်တင်မှုတွေပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် Nova ဖုန်းကိုတော့ Huawei Nova 3 လို့ နာမည်ပေးထားပြီးတော့ Hauwei ရဲ့ CPU အသစ်ဖြစ်တဲ့ Kirin 710 Processor ကို အသုံးပြုလာမှာပါ။
IMG_20180628_074203.jpg
အခု Kirin 710 CPU ဟာ လက်ရှိ Huawei Nova 2i နဲ့ Nova 3e စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ Kirin 659 CPU ထက် စွမ်းဆောင်ရည် ၂ ဆ ရှိမှာဖြစ်ပြီးတော့ လက်ရှိ Mid Range ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး Processor ဖြစ်နေတယ်လို့ ပြောလို့ရမယ့် Qualcomm Snapdragon 710 CPU နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Huawei Nova 3 ရဲ့ ဒီဇိုင်းပိုင်းကတော့ အရှေ့ကထွက်ရှိထားတဲ့ Nova 3e စမတ်ဖုန်းနဲ့ တူညီမှာဖြစ်ပြီးတော့ 5.84″ 19:9 Display ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။ RAM နဲ့ Storage ကတော့ 4/64GB ဒါမှမဟုတ် 6/128GB ပါဝင်လာမှာဖြစ်ပါတယ်။
IMG_20180628_074214.jpg
Huawei Nova 3 ရဲ့ အခု Kirin 710 Processor အသစ်က တကယ်သာ Qualcomm Snapdragon 710 လိုမျိုး စွမ်းဆောင်ရည်ရှိလာမယ်ဆိုရင် အခု Nova 3 စမတ်ဖုန်းက Mi 8 SE စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မှီလာမှာပဲဖြစ်ပါတယ်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62804.06
ETH 2964.09
USDT 1.00
SBD 3.60