Mother's sunset.

in #introduceyourself6 years ago (edited)

"မေမေ"

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
အရွယ်ကတည်းကနေ လူလားမြှောက်အောင်
ကျွေးမွေးစောင့်ရှောက်လာခဲ့ကြတဲ့ အဖေနဲ့အမေ့ကို ကန်တော့ပါ၏။
"""""""""""""""""""""""""""""""""""""""""""""""""""

လောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ရင် အဆိုးအကောင်း အနိမ့်အမြင့်တွေနဲ့ ဒွန်တွဲနေစမြဲပါ

ကျွန်တော်အူဝဲမအော်ခင် အမေ့ဝမ်းတွင်း သန္ဓေတည်ကတည်းက အဖေနဲ့အမေရုန်းကန်ရှာဖွေခဲ့ကြတယ် သားသမီးတွေ လူလားမြောက်အောင် ၊ လူပုံလယ်ကြားမှာလူတမ်းစေ့နေနိုင်အောင် နေစရိတ် ၊ စားစရိတ် ၊ ကျောင်းစရိတ်အပြင် ကျွန်တော်တို့ညီကိုမောင်နှမတွေ မိုက်မဲဖြုန်းတည်းသမျှအားလုံးကို နေပူပူမှာ
ခြေပူခံပြီး မိုးရွာလဲမနားနိုင်
နေပူလဲချွေးသုတ်လို့အပြုံးမပျက်ဘဲ ရှာဖွေကျွေးမွေးခဲ့တဲ့ အမေ့ပုံရိပ်လေးတွေ
ပြန်တွေးမိတိုင်း မျက်ရည်ဝဲမိတယ်....
image
ကိုယ့်မှာရှိတုန်းကတော့ ကြိုက်သလောက်စား ကြိုက်တာယူသွား ဘယ်အမျိုးတွေဘဲလာလာ တစ်ခါမှမငြိုင်ငြင်ခဲ့ဘူးတဲ့ အဖေနဲ့အမေ
အမျိုးအရင်းခေါက်ခေါက်ထဲကနေ စီးပွားလုယူသွားလို့ ကိုယ့်မှာမရှိတော့တဲ့အခါ ဘယ်အမျိုးကမှ မကူညီခဲ့တဲ့အပြင် ဝိုင်းပြီးပစ်ပယ်ခဲ့ကြတယ်
ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ
အပစ်မမြင်ဘဲ နားလည်ခွင့်လွတ်ပေးခဲ့တဲ့ အမေ....

လောကဓံက ဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း
ဘဝဆိုတဲ့ မျဉ်ကြောင်းပေါ်မှာ
ဘယ်စောင်း ညာတိမ်းရင်း
ကိုယ်သာအငတ်ခံပြီး သားသမီးတွေကို ထ္မင်းဝအောင် ရှာဖွေကျွေးမွေးခဲ့တဲ့ အမေ....

စီးပွားရေးကျသွားလို့ အဖေ့မှာအရက်သမားလုံးလုံး ဖြစ်သွားရှာပေမယ့် သားသမီးတွေအတွက် မိန်းမသားတန်မဲ့ မနိုင်ဝန်ထမ်ုးပြီးတော့
တစ်ခါမှမညီးညူ ခဲ့ဖူးတဲ့ အမေ....

အရင်တစ်ချိန်က အတိတ်မှာ ဘယ်လောက်ဘဲ ရှိခဲ့ရှိခဲ့ အဆင်မပြေတဲ့တော့ ပစ္စုပန်ကာလမှာ
သားငယ်ဖြစ်သူ ကျွန်တော့်ညီငယ်လေးကို
သန္ဓေသား ဝမ်းမှာလွယ် သားဆိပ်တက်ပြီး သေမလိုဖြစ်နေတာတောင်မှ သားသမီးတွေ
မငတ်ဖို့အရေး ရုန်းကန်ရှာဖွေကျွေးခဲ့တဲ့အမေ....

စီးပွားရေးတွေကျလို့ အရက်သမားဖြစ်သွားရှာတဲ့ အဖေမှာ
အမေ့ကို ပြဿ နာမရှိ ပြဿ ရှာပြီး နိုပ်စက်ပြန်တော့ ဘယ်တော့မှလည်း အဖေ့အပေါ်မှာ ငြိုငြင်မှု့မရှိခဲ့ဘဲ
အပြုံးမပျက်ခဲ့တဲ့အမေ....

သာသမီးတွေအရွယ်ရောက်လာတော့လည်း ကောင်းတဲ့သားသမီးရှိသလို ဆိုးတဲ့သားသမီးလည်းရှိပြန်တော့ သားသမီးဆိုးတွေရဲ့ဒဏ်ကို
မေတ္တာတစ်စက်လေးမျှ လျှော့ကျမသွားဘဲ
ကျေကျေနပ်နပ်ကြီးနဲ့ ခါးစီးခံခဲ့ရရှာတဲ့ အမေ....

ကိုယ်ဝန်ဆောင်စဉ်ကတည်းက
ချိုချဉ်ဖန်ခါး အစပ်များကို စားချင်ပေမယ့်လည်း ရင်သွေးရတနာ သားသမီးအတွက် မစားရက်နိုင် ရှောင်ခါရှားကာ ငါ့ရင်သွေးများ တစ်ခုခုဖြစ်သွားမလား
စိုးရိမ်ပူပန်တတ်ခဲ့တဲ့ မေမေ
ကိုးလလွယ်လို့ ဆယ်လဖွား
သင်္ချိုင်းဝကိုမျက်စောင်းထိုးကာ ခြေတဖက်ချလို့
အသက်နဲ့ရင်းကာ မွေးဖွားသန့်စင်
သားဘ၀ကို စတင်ထူထောင်ပေးခဲ့တဲ့မေမေ.....

အုဝဲလို့အော်ပြီး လူရယ်လို့ ဖြစ်ကာစ
ကလေးဘ၀မှာ ကျင်ကြီးကျင်ငယ် မသိတတ်တဲ့
မေမေ ပတ်ထားတဲ့ အနှီးထက်မှာ စွန့်ပစ်ခဲ့ပေမယ့်
သားသမီးတွေကိုချစ်တဲ့ဇောနဲ့ မရွံရှာတတ်ခဲ့တဲ့
မေမေ....

ဖေဖေ မေမေ ကိုကို မမ ခေါ်တတ်စေဖို့
စိတ်လက်ရှည်စွာ သင်ကြားပေးခဲ့တဲ့
သားရဲ့လက်ဦးဆရာ မေမေ
ကောင်းဆိုးနှစ်ဖြာ လူ့သံသရာကို
ရင်ဆိုင်ဖြတ်သန်း မမောပန်းအောင်
ညွှန်ကြားပြသ ဆုံးမခဲ့တဲ့မေမေ
ဘ၀တစ်လျှောက်လုံး အပြုံးမပျက်ဘဲ
သားကိုအားပေးနေခဲ့တဲ့မေမေ.....

အရာရာအတွက် သားသမီးများရှေ့ကရပ်တည်ခဲ့တာ
ဇရာတွေထောင်း ရာသီတွေပြောင်းပေမယ့်
မဟောင်းပဲချစ်ခဲ့တဲ့မေမေ....

အခုတော့ အခုတော့ အခုတော့....
ဒီဒဏ်တွေကို မခံနိုင်တော့လို့
သားတို့ကို နှုတ်မဆက်ဘဲ
ဒီလောကကြီးထဲကနေ
အပြီးအပိုင်ထွက်ခွာသွားပြီလား
မေမေရယ်....
image
အမေ့သား လူမိုက်မဟုတ်ပေမယ့်
သားလိမ္မာလည်း မဖြစ်ခဲ့တဲ့ကျွန်တော်
အမေမရှိတော့မှ
အမေ့ရဲ့တန်ဖိုးတွေကို နားလည်ခဲ့တာ
အခုချိန်မှာတော့ အသိနောက်ကျခဲ့ပြီ
သားကို ခွင့်မလွတ်ပါနဲ့

(အမေကိုချစ်တဲ့ သားသမီးများ
အမေ မသေခင် တန်ဖိုးထားနိုင်ကြပါစေ)

ဘဝတပါးသို့ကူပြောင်းသွားရှာသော မိခင်ကြီးအား
ရည်စူး၍ ရေးဖွဲ့ထားခြင်းဖြစ်သည်

အခုလို Steemitမှာ ကျွန်တော့်ရဲ့ ရင်တွင်းခံစားချက်များကို ရေးသားဖော်ပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ထိုက်သူများ နှင့် Steemitအဖွဲ့သား
ညီအစ်ကိုမောင်နှမများ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ....

ဆက်လျက်ကြိုးစားပါဦးမည်။
Writer @KoLinn
MSC - 160

Sort:  

Congratulations @kolinn, this post is the tenth most rewarded post (based on pending payouts) in the last 12 hours written by a Dust account holder (accounts that hold between 0 and 0.01 Mega Vests). The total number of posts by Dust account holders during this period was 6305 and the total pending payments to posts in this category was $1179.53. To see the full list of highest paid posts across all accounts categories, click here.

If you do not wish to receive these messages in future, please reply stop to this comment.

ကောင်းတယ်ဗျာ..ရင်ထဲထိတယိ

ဟုတ်ကဲ့ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

ရေးထားတာ​ကောင်းပါတယ်​ဆက်​ကြိုးစားပါ

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ

Congratulations @kolinn! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank you very much.

အရမ်းကောင်းပါတယ် ရင်ထဲအရမ်းခံစားရပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

စာလေးတွေဟာ အရမ်းခံစားရပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

အောင်မြင်ပါစေဗျာ

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ရင်​ထဲထိတယ်​ ​ဗျာ

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ခံစားရပါတယ်အစ်ကို

အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60345.08
ETH 2986.57
USDT 1.00
SBD 3.81