IOS 12 Update

in #ios126 years ago

ဆန်းသစ်ပြောင်းလဲမှုများစွာပါဝင်လာတဲ့ iOS 12 ကို Apple ကြေညာ "

Apple ဟာ WWDC ပွဲမှာ iOS 12 ကို ကြေညာလာပါတယ်။ Apple ဟာ ယခုနှစ်အတွင်းမှာပဲ iOS 12 သစ်ကို iPhone များအတွက် ထုတ်လွှင့်ပေးသွားပါမယ်။ iOS 12 ကို လက်ရှိ iOS 11 ရရှိထားတဲ့ iPhone အားလုံးမှာ အသုံးပြုနိုင်ပါမယ်။ ဒါကြောင့် iPhone 5s မှ iPhone X မော်ဒယ်အထိ iOS 12 Update ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 2013 ခုနှစ်နောက်ပိုင်း iPad များလည်း ရရှိကြမှာ ဖြစ်ပါတယ်။ Apple ဟာ iOS 12 မှာ စွမ်းဆောင်ရည်ပိုင်းကို အဓိကထား အာရုံစိုက်လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ iOS 12 က iOS 11 ထက် App ဖွင့်ရာမှာ 40 ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပါမယ်။ ဒါ့အပြင် ကင်မရာကလည်း 70 ရာခိုင်နှုန်း မြန်ဆန်လာမှာဖြစ်ပြီး Keyboard ကလည်း 50 ရာခိုင်နှုန်း မြန်ဆန်လာပါမယ်။ Apple ဟာ iOS 12 မှာ ARKit 2 သစ်ကိုလည်း ထည့်သွင်းလာပါတယ်။ 3D Graphics-USDZ အတွက် ဖိုင်ဖောမက်သစ်လည်း ပါဝင်ပါတယ်။ iOS App အားလုံး USD Z ဖိုင်ကို ဖတ်နိုင်ပါမယ်။ Adobe လည်း ပါဝင်လာမှာဖြစ်ပြီး USD Z က Creative Cloud မှာလည်း သုံးနိုင်ပါမယ်။ ARKit သစ်က အသုံးပြုသူများအနေဖြင့် တစ်နေရာတည်းမှာ ဂိမ်းကစားနိုင်မယ့် စနစ်သစ်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ LEGO အပါအ၀င် ကုမ္ပဏီအမြောက်အမြားတို့ဟာ App များ ဖန်တီးဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ iOS 12 မှာ ဓာတ်ပုံရှာဖွေရ လွယ်ကူအောင်လည်း လုပ်ဆောင်ထားပါတယ်။ လုပ်ဆောင်မှု၊ ပွဲ၊ နေရာ၊ ပစ္စည်း စတဲ့အရာများနှင့် လွယ်ကူစွာ ရှာဖွေနိုင်ပါမယ်။

Photo App မှာ For You Tab စနစ် ပါဝင်လာပါတယ်။ Effects သုံးဖို့ Suggestions ပေးနိုင်သလို ဘယ်ပုံကို Share သင့်တယ်ဆိုတာကို ပြောကြားပေးပါမယ်။ Siri မှာ စနစ်သစ် ပါဝင်လာပါတယ်။ Siri လုပ်ဆောင်မှုများအတွက် Shotcut များ ပါဝင်လာပါမယ်။ ဒါ့အပြင် Siri ကို ကိုယ့်မေ့သွားနိုင်တဲ့အရာများကို သတိပေးခိုင်းလို့ ရပါတယ်။ ဒါ့အပြင် ကိုယ့်တွေ့မယ့်လူဆီသို့ မက်ဆေ့ခ်ျပို့ခိုင်းတာကိုလည်း လုပ်လို့ရပါတယ်။ News App မှာ Browse စနစ်သစ်ပါဝင်လာပြီး ကိုယ်ဖတ်လို့အပိုင်းကို ရွေးချယ်ဖတ်နိုင်ပါမယ်။ News ထဲမှာ Stocks ကိုလည်း ထည့်သွင်းပေးထားပါတယ်။ iPad မှာလည်း ဒါကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Voice Memos ကို iPad မှာလည်း သုံးနိုင်တော့မှာဖြစ်ပြီး iClouds မှာ သုံးထားနိုင်ပါမယ်။ iBooks ကိုလည်း ဒီဇိုင်းအပြောင်းအလဲ လုပ်ထားပါတယ်။ Audio Book သုံးလာနိုင်မှာဖြစ်ပြီး Apple Books လို့ အမည်ပေးထားပါတယ်။ Car Play ကလည်း Thirty-party Navigation App များကို ထောက်ပံ့လာပါတယ်။

Do Not Disturb စနစ်က ပိုပြီးတော့ ထူးခြားလာပါတယ်။ DND Bed Time ပါဝင်လာပါတယ်။ DND ကလည်း အသုံးပြုရတာပိုပြီးတော့ လွယ်ကူလာပါတယ်။ iOS 12 မှာ ထူးခြားတာကတော့ Weekly Report တင်ပြပေးပါမယ်။ ဖုန်းကို ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာ ပြောကြားပေးမှာ ဖြစ်ပါတယ်။ App တွေ ဘယ်လောက်သုံးခဲ့တယ်ဆိုတာ ပြောကြားပေးမှာ ဖြစ်ပါတယ်။ အသုံးဝင်လာတာကတော့ App အသုံးပြုမှုကို ကန့်သတ်ထားနိုင်တာ ဖြစ်ပါတယ်။ ဥပမာ အချိန်များစွာစားသုံးနေတဲ့ Facebook App လိုမျိုး App ကို အချိန်ကန့်သတ်ပြီး သုံးနိုင်ပါတယ်။ အချိန်ပြည့်သွားတဲ့အခါ iOS က ရပ်တန့်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Messages App မှာ Animojis သစ် 4 မျိုး ထည့်သွင်းလာပါတယ်။ Coala ၊ Ghost ၊ T-Rex နှင့် Tiger တို့ ဖြစ်ပါတယ်။ iOS 12 မှာ နောက်ထပ်ထူးခြားလာတာကတော့ Group FaceTime ဖြစ်ပါတယ်။ လူ 32 ဦးနှင့် တစ်ပြိုင်နက်တည်း စကားပြောလာနိုင်ပါမယ်။ ဒါ့အပြင် ကိုယ့်မျက်နှာနေရာမှာ Animoji/Memojis တို့နှင့် အစားထိုးနိုင်ပါသေးတယ်။34560776_1738060089615143_4517063357706010624_n.jpg

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66149.24
ETH 3015.59
USDT 1.00
SBD 3.73