Cloud Storage ဆိုတာဘာလဲ ☁☁ ?

in #it5 years ago

FB_IMG_1548079906486.jpgလူ​တော်​​တော်​များများက ကိုယ့်​ရဲ့စမတ်​ဖုန်း​တွေထဲမှာ အ​ရေးကြီးအချက်​အလတ်​​တွေကိုအလွယ်​တကူ သိမ်းဆည်းကြပါတယ်​။ ဒီလိုအ​ရေးကြီးတဲ့အချက်​အလတ်​​တွေကို ဖုန်း​တွေထဲမှာ သိမ်းဆည်းထားတာအပြင်​ အခြားတစ်​​နေရာမှာလည်း Backup ပြုလုပ်​ထားသင့်​ပါတယ်​။

စမတ်​ဖုန်း​တွေဟာ ​နေရာတကာကို အလွယ်​တကူယူ​ဆောင်​သွားနိုင်​​ပေမယ့်​ အ​ကြောင်းတစ်​ခုခု​ကြောင့်​ ​ပျက်​စီး၊ ​ပျောက်​ဆုံးတဲ့အခါမှာ ကိုယ့်​ရဲ့ အ​ရေးကြီးအချက်​အလက်​တွေကို ဆုံးရှုံးရတတ်​ပါတယ်​။

ဒီလိုဆုံးရှုံးမှု​တွေမဖြစ်​ရ​လေ​အောင်​ အလွယ်​တကူ သိမ်းဆည်းလို့ရပြီး ပြန်​လည်ရယူနိုင်​တဲ့ Cloud Storage ​တွေကိုလည်း အသုံးပြုကြည့်ဖို့အကြံပေးချင်ပါတယ်။

Cloud Storage ဆိုတာကတော့ Online ​ပေါ်မှာ ကိုယ့်ရဲ့အချက်​အလတ်​​တွေကိုသိမ်းဆည်းလို့ရတဲ့​နေရာတစ်​ခုဖြစ်​ပါတယ်​။

ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ နဲ့ အခြားဒေတာတွေကို Cloud Storage မှာသိမ်းဆည်းမယ်ဆိုရင် Wifi (သို့) အင်တာနက် ရှိယုံနဲ့ အလွယ်တကူ သိမ်းဆည်းနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ့်​ရဲ့ဒေတာ​တွေကို Cloud Storage ​တွေထဲမှာသိမ်းဆည်းထားမယ်​ဆိုရင်​ ဘယ်နေရာကိုပဲရောက်နေပါစေ အင်တာနက်လိုင်းရှိယုံနဲ့ အချိန်​မ​ရွေး ပြန်ပြီး Download ရယူနိုင်​မှာပဲဖြစ်​ပါတယ်​။

ဒါ့အပြင်​ Security ပိုင်းအတွက်လည်း ​​Cloud Storage ​တွေမှာသိမ်းဆည်းမယ်ဆိုရင်​ Username နဲ့ Password ​တွေလိုအပ်​တာ​ကြောင့်​ ကိုယ့်​ရဲ့ဒေတာ​​တွေကို ကိုယ်​ကလွဲပြီးအခြားသူက အလွယ်​တကူဝင်​​ရောက်​ကြည့်​လို့ရမှာမဟုတ်​ပါဘူး။

Cloud Storage ​တွေရဲ့အားနည်းချက်​က​တော့ Free အသုံးပြုမယ်​ဆိုရင်​ Storage ပမာဏကို အကန့်​အသတ်​နဲ့ပဲ အသုံးပြုနိုင်မယ့်အချက်ဖြစ်ပါတယ်။

တစ်​ချို့​သော Cloud Storage ​တွေက 5GB Free ​ပေးထားတာ​တွေရှိသလို၊ တစ်​ချို့​တွေက 15GB အထိ Free ​ပေးတာ​တွေလဲရှိပါတယ်​။ သူတို့ကန့်​သတ်​ထားတဲ့ပမာဏထက်​ ပိုပြီးတော့အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ပိုက်​ဆံနဲ့ဝယ်​ယူပြီးအသုံးပြုလို့ရပါတယ်​။

ဒီလောက်ဆိုရင်တော့ Cloud Storge တွေရဲ့အကြောင်းကိုအနည်းငယ်တော့ နားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အသုံးပြုလို့အဆင်ပြေစေမယ့် Cloud Storage အချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁. Google Drive
Google Drive app က​တော့ Google ကတရားဝင်​ဖြန့်​ချီထားတဲ့ Online Storage app တစ်​ခုဖြစ်​ပါတယ်​။ 2012 ခုနှစ်​မှာစတင်​မိတ်​ဆက်​ခဲ့တဲ့ Google Drive ဟာ စတင်​တည်​​ထောင်​ချိန်​မှ အခုအချိန်​အထိ သုံးစွဲသူ ၁ ဘီလီယံ အထိရှိလာခဲ့ပြီဖြစ်​ပါတယ်​။ Google Drive မှာ File အမျိုးအစား​ပေါင်း ၄၇ မျိုး​လောက်​ထိသိမ်းဆည်းလို့ရပါတယ်​။ အဲ့တာအပြင်​ကို 16 megapixels ဆိုဒ်​ ဓာတ်​ပုံများနှင့်​ 1080p HD Video များကို Original အရည်​အ​သွေးအတိုင်းသိမ်းဆည်းထားနိုင်​ပါတယ်​။ Google Drive က စတင်​အသုံးပြုမယ်​ဆိုရင်​ 15GB အထိ Free အသုံးပြုလို့ရပါတယ်​။ 15GB ဆိုတဲ့ပမာဏက Online Storage ​တွေထဲမှာ Free ​ပေးတဲ့ပမာဏအများဆုံးလဲဖြစ်​ပါတယ်​။ သူ့ကိုအသုံးပြုမယ်​ဆိုရင်​ Gmail Account ​တော့လိုအပ်​ပါတယ်​။ Gmail အ​ကောင့်​တစ်​ခုဖွင့်​တာနဲ့ Google Drive ကိုပါတစ်​ခါတည်းအသုံးပြုလို့ရမှာဖြစ်​ပါတယ်​။ သင်​ထားချင်​တဲ့ User Name, Password တို့ကိုစိတ်​ကြိုက်​သက်​မှတ်​နိုင်​ပြီး အလွယ်​တကူပဲအ​ကောင့်​ဖွင့်​ပြီးသိမ်းဆည်းနိုင်​မှာဖြစ်​ပါတယ်​။ လက်​ရှိမှာ Google Drive ကိုမြန်​မာနိုင်​ငံရဲ့ Playstore မှာမရှိ​သေး​ပေမယ့်​ အသုံးပြုချင်​တယ်​ဆိုရင်​​တော့ uptown, apkpure တို့က​နေအလွယ်​တကူ​ဒေါင်းလုပ်​ဆွဲပြီးအသုံးပြုလို့ရပါတယ်​။ ဒါ​ပေမယ့်​ အခုလက်​ရှိ စမတ်​ဖုန်း​တော်​​တော်​များများ မှာ​တော့ Google Drive က၀ယ်​ယူကတည်းက ပါဝင်​​နေပြီဖြစ်​ပါတယ်​။

၂.Drop Box
Drop Box app က​တော့ Email တို့ Gmail တို့အသုံးများတဲ့သူ​တွေနဲ့အရမ်းမစိမ်းပါဘူး။ Drop Box ကို ၂၀၀၉ ခုနှစ်​မှာစတင်​မိတ်​ဆက်​ခဲ့ပြီး ၂၀၁၆ ခုနှစ်​အထိ အသုံးပြုသူဟာ 500 မီလီယမ်​အထိရှိလာခဲ့ပါတယ်​။ Email, Gmail ပို့တဲ့အခါ File Size ကြီးတဲ့အခါ Drop Box မှာ အရင်​ upload လုပ်​ပြီးမှ Drop Box link ကိုပြန်​Share ကြတာမျိုး​တွေရှိပါတယ်​။ Drop Box ကိုစတင်​အသုံးပြုမယ်​ဆိုရင်​ 2GB Free ရမှာဖြစ်​ပါတယ်​။ Drop Box မှာ​တော့ သူ​ပေးထားတဲ့ 2GB ပမာဏထက်​ပိုပြီးအသုံးပြုချင်​တယ်​ဆိုရင်​ ရက်​၃၀ အတွင်း 1TB အထိအစမ်းသို​လှောင်​ခွင့်​ပြုထားပါတယ်​။ သူ့ကိုအသုံးပြုမယ်​ဆိုရင်​ Gmail Account ​တော့လိုအပ်​ပါတယ်​။
User Name, Password တို့ကိုစိတ်​ကြိုက်​ထားနိုင်​ပြီး အ​ကောင့်​ဖွင့်​ရတာလဲလွယ်​ကူလျင်​မြန်​ပါတယ်​။ မြန်​မာနိုင်​ငံ Playstore မှာအလွယ်​တကူ​ဒေါင်းလုပ်​ဆွဲနိုင်​တာ​ပေမယ့်​ မြန်​မာနိုင်​ငံမှာအသုံးပြုသူနည်းပါး​နေဆဲဖြစ်​ပါတယ်​။

၃. pCloud
ဆွစ်​ဇာလန်​အ​ခြေစိုက်​ pCloud ဟာ ၂၀၁၃ ခုနှစ်​မှာစတင်​တည်​​ထောင်​ခဲ့တာပဲဖြစ်​ပါတယ်​။ pCloud ကိုစတင်​အသုံးပြုမယ်​ဆိုရင်​​တော့ 10GB Free ရမှာဖြ​စ်​ပြီး ကန့်​သတ်​ထားတဲ့ပမာဏထက်​ပိုမိုအသုံးပြုချင်​တယ်​ဆိုရင်​​တော့ ၀ယ်​ယူပြီးအသုံးပြုရမှာဖြစ်​ပါတယ်​။ pCloud ကိုလက်​ရှိမှာ အသုံးပြုသူ ၈ မီလီယံ​ကျော်​ရှိ​နေပြီး နိုင်​ငံ​ပေါင်း ၁၉၂ နိုင်​ငံမှာအသုံးပြု​နေတာဖြစ်​ပါတယ်​။ သူ့ကိုအသုံးပြုမယ်​ဆိုရင်​ Gmail Account အပြင်​ Facebook Account နဲ့ပါ ချိတ်​ဆက်​ပြီးအသုံးပြုနိုင်​ပါတယ်​။ သင်​ထားချင်​တဲ့ User Name, Password တို့ကိုစိတ်​ကြိုက်​သက်​မှတ်​နိုင်​ပြီး အလွယ်​တကူပဲအ​ကောင့်​ဖွင့်​ပြီးသိမ်းဆည်းနိုင်​မှာဖြစ်​ပါတယ်​။ လက်​ရှိမှာ pCloud ကိုမြန်​မာနိုင်​ငံရဲ့ Playstore မှာမရှိ​သေးတာ​ကြောင့်​ မြန်​မာနိုင်​ငံမှာ အသုံးပြုသူကနည်းပါး​နေပြီး အသုံးပြုချင်​တယ်​ဆိုရင်​ uptown, apkpure တို့မှာအလွယ်​တကူ​ဒေါင်းလုပ်​ဆွဲနိုင်​ပါတယ်​။

၎.OneDrive
Microsoft ကုမ္ပဏီက​နေ OneDrive ကို ၂၀၀၇ ခုနှစ်​မှာစတင်​မိတ်​ဆက်​ခဲ့ပြီး စတင်​တည်​​ထောင်​ချိန်​က SkyDrive နာမည်​နဲ့စတင်​ခဲ့တာဖြစ်​ပါတယ်​။ ​နောက်​ပိုင်းမှာ OneDrive လို​အမည်​​ပြောင်းလဲခဲ့ပြီး အရင်​က 3GB Free ​ပေးခဲ့ရာမှာ ၂၀၁၈ ဂျူလိုင်​လမှာ 5GB Free အထိသို​လှောင်​ခွင့်​​ပေးခဲ့ပါတယ်​။ ကန့်​သတ်​ထားတဲ့ ပမာဏထက်​ပိုပြီး သို​လှောင်​ချင်​တယ်​ဆိုရင်​​တော့ ၀ယ်​ယူပြီးအသုံးပြုရမှာဖြစ်​ပါတယ်​။ OneDrive အ​ကောင့်​ကိုစတင်​ဖွင့်​မယ်​ဆိုရင်​ Microsoft Account (သို့) Gmail Account တစ်​ခုခုလိုအပ်​မှာပဲဖြစ်​ပါတယ်​။ OneDrive က ဖိုင်​အမျိုးအစား ၄၄ မျိုးခန့်​သို​လှောင်​နိုင်​ပြီး OneDrive ကိုအသုံးပြုသူ​တော်​​တော်​များများက PC Version အသုံးပြုသူ​တွေဖြစ်ပါတယ်​။ လက်​ရှိမှာ OneDrive ကိုမြန်​မာနိုင်​ငံရဲ့ Playstore မှာမရှိ​သေးတာ​ကြောင့်​ မြန်​မာနိုင်​ငံမှာ အသုံးပြုသူကနည်းပါး​နေ​ပြီး အသုံးပြုချင်​တယ်​ဆိုရင်​​တော့ uptown, apkpure တို့မှာအလွယ်​တကူ​ဒေါင်းလုပ်​ဆွဲပြီးအသုံးပြုနိုင်​ပါတယ်​။

၅.Amazon Drive
Amazon ဆိုတာနဲ့ Online Shopping လုပ်​တဲ့ကုမ္ပဏီလို့သိကြမှာပါ။ Amazon က Online Shopping အပြင်​ Online Cloud Storage ကို ၂၀၁၁ ခုနှစ်​မှာစတင်​မိတ်​ဆက်​ခဲ့ပါတယ်​။ Amazon Drive ရဲ့ထူးခြားချက်​က​တော့ သူ့ဟာ ကမ္ဘာ့နိုင်​ငံကြီး​တော်​​တော်​များများမှာ Server ​တွေကိုထားရှိထားပြီး အ​မေရိကန်​၊ က​နေဒါ၊ ဗြိတိန်​၊ ဂျာမနီ၊ ပြင်​သစ်​၊ အီတလီ၊ စပိန်​၊ ဂျပန်​၊ သြစ​တေးလျ၊ ဘရာဇီး၊ တရုတ်​ နိုင်​ငံ​တွေအလိုက်​ Free ​ပေးတဲ့ပမာဏကကွာခြားသွားပါတယ်​။ ပြင်​သစ်​၊ သြစ​တေးလျ၊ ဗြိတန်​၊ ဂျာမနီ၊ စပိန်​၊ အီတလီ၊ ဂျပန်​ နိုင်​ငံတို့မှာ Unlimited ဓာတ်​ပုံ​တွေ၊ ဗီဒီယို​တွေကို သိမ်းဆည်းခွင့်​ပြုထားပြီး၊ တရုတ်​၊ အ​မေရိကန်​၊ က​နေဒါ၊ ဘရာဇီး နိုင်​ငံ​တွေရဲ့ Server မှာ​တော့ 5GB Free Storage သတ်​မှတ်​​ပေးထားပါတယ်​​။ မြန်​မာနိုင်​ငံက တရုတ်​နိုင်​ငံရဲ့ Server မှာပါဝင်​တာ​ကြောင့်​ စတင်​အသုံးပြုချင်းမှာ 5GB Free Storage ရရှိမှာဖြစ်​ပါတယ်​။ ကန့်​သတ်​ထားတဲ့ ပမာဏထက်​ ပိုမိုသိမ်းဆည်းချင်​တယ်​ဆိုရင်​​တော့ ၀ယ်​ယူအသုံးပြုရမှာဖြစ်​ပါတယ်​။ Amazon အ​ကောင့်​ကိုစတင်​ဖွင့်​မယ်​ဆိုရင်​ Gmail Account တစ်​ခုလိုအပ်​မှာဖြစ်​ပြီး Username နဲ့ Password ကိုမိမိစိတ်​ကြိုက်​သတ်​မှတ်​နိုင်​မှာဖြစ်​ပါတယ်​။ လက်​ရှိမှာ Amazon Drive ကိုမြန်​မာနိုင်​ငံရဲ့ Playstore မှာမရှိ​သေးတာ​ကြောင့်​ မြန်​မာနိုင်​ငံမှာ အသုံးပြုသူကနည်းပါး​နေပြီး အသုံးပြုချင်​တယ်​ဆိုရင်​ uptown, apkpure တို့မှာအလွယ်​တကူ​ဒေါင်းလုပ်​ဆွဲပြီးအသုံးပြုနိုင်​ပါတယ်​။

#SUN_Mobile
#နည်းပညာနှင့်ဗဟုသုတများ

Sort:  

Hello @hninehtet! This is a friendly reminder that you have 3000 Partiko Points unclaimed in your Partiko account!

Partiko is a fast and beautiful mobile app for Steem, and it’s the most popular Steem mobile app out there! Download Partiko using the link below and login using SteemConnect to claim your 3000 Partiko points! You can easily convert them into Steem token!

https://partiko.app/referral/partiko

Congratulations @hninehtet! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62900.77
ETH 2949.76
USDT 1.00
SBD 3.59