in #knowledge8 years ago

ပညာချင်းဖလှယ်ရာကနေ ငွေကြေးစနစ်တီထွင်ပြီးတဲ့အချိန်အလယ်၊ သည်နေ့ကွန်ပျူတာပေါ်ကနေ စီးပွားရေးကို လုပ်ဆောင်နေတာကအဆုံး သူ့ခေတ်နဲ့သူ့နည်းပညာတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ နည်းနည်းစဥ်းစားရာကနေ များများစဉ်းစားပြီး လုပ်ကြရတဲ့ခေတ်ကို ရောက်လာပါတယ်။ များများစဉ်းစားကြတဲ့အထဲမှာ ဘယ်လောက်အထိ မဟာဗျူဟာကျကျစဉ်းစားပြီး စီးပွားရေးမှာ လက်ဦးခြေဦးမှုရယူသွားကြတယ်ဆိုတာ…၊အဲ့ဒီနည်းပညာတွေကို ဘယ်လောက်အထိ အသုံးချသွားနိုင်တယ်၊ တီထွင်နိုင်တယ်ဆိုတာပေါ်မှာ မူတည်နေပါတယ်။

ပညာရပ် တစ်ခုဆိုတာ မလိုအပ်ဘဲ ပေါ်မလာပါဘူး။ အခုကာလက အသိတိုးလာတဲ့ကာလ ဖြစ်ပြီး အခြေခံစီးပွားရေးမှာလည်း More requirement ဆိုတဲ့ အသိတွေကို ပိုမိုလိုအပ်စွာ တောင်းဆိုမှုတွေရှိလာနေပြီဖြစ်လို့ ဟိုတုန်းကလို မိရိုးဖလာ ရောင်းတာ၊ ဝယ်တာလောက်နဲ့တော့ မလုံလောက်တော့ပါဘူး။ကုန်စုံဆိုင်လေး၊ ကွမ်းယာဆိုင်လေး ကြီးလာရင်တောင်မှ စာရင်းဇယား မှတ်ရတာတို့၊ပစ္စည်းအတက်အကျ သတိထားရတာတို့တွေကို လုပ်လာရပါတယ်။ တစ်လံကွာမှာနောက်တစ်ဆိုင်ထပ်တိုးလာပြီဆိုတာနဲ့ ယှဉ်ပြိုင်ရတဲ့သဘောတွေ ပါလာပါပြီ။ အတွေးအခေါ်၊ အယူအဆ အားလုံး ပြောင်းလဲပြီဆိုတာနဲ့ ယှဉ်ပြိုင်ရတဲ့သဘောတွေ ပါလာပါပြီ။အတွေးအခေါ်၊ အယူအဆအားလုံးပြောင်းလဲနိုင်ပါမှဒီနေ့ အသိအခြေခံ၊ ပရိယာယ်များတဲံ စီးပွားရေးလောကမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အဆုံးအဖြတ်မှားလို့ပဲဖြစ်ဖြစ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို မလုပ်နိုင်လို့ပဲဖြစ်ဖြစ် ပြိုလဲသွားတဲ့ လုပ်ငန်းကြီးတွေ နေ့စဉ်နဲ့အမျှတွေ့နေ့ရမှာပါ။ ရှေ့တန်းရောက်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ ခေတ်ကို မျက်ခြည်ပြတ်မခံဘဲ ပညာတတ်လူငယ်တွေအစားထိုးမွေးမြူပြီး အနာဂတ်စီးပွားရေးအတွက် အပြင်းအထန်ပြင်ဆင်နေကြတာကို ကြည့်ရင် ယှဉ်ပြိုင်မှုဘယ်လောက်ပြင်းထန်မယ်ဆိုတာ သိသာနေပါတယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 64148.08
ETH 1863.19
USDT 1.00
SBD 0.38