သေခြင်းတရားကိုနှိုးဆဆွသူများ ၁

in #knowledge6 years ago

FB_IMG_1529026099156.jpg
သူငယ်ချင်းမိန်းကလေးတစ်ယောက် ယောက်ျားရပြီးလိုခုနစ်ရက်မပြည့်သေးဘူးယောက်ျားဆုံးသွားတယ်ကြားလ်ု့စုံစမ်းကြည့်တော့ ယဉ်တိုက်မှု သူတို့ဖြည်းဖြည်းလေးစီးလာတဲ့ဆိုင်ကယ်ကို အိပ်ဇောဖွင့်ပြီးအတင်းနင်းကန်မောင်းလာတဲ့ဆိုင်ကယ်တစ်စီးကဝင်တိုက်သွားတာတဲ့
ဖြစ်ရလေ ရက်စက်လိုက်ကြတာ
ကိုယ့်ရဲ့မဆင်ခြင်မှုကြောင့်သူတစ်ပါးဒုက္ခရောက်သွားပြီလေ
အဲ့ဒီအကြောင်းယောက်ျားကိုပြောမိတော့
ဆိုင်မှာဈေးလာလာဝယ်တဲ့တစ်ယောက်လဲ သူများကိုဆိုင်ကယ်တိုက်ထားတာပွဲချင်းပြီးဆုံးသွားတာတဲ့ သူပြောမှပိုအံ့သြရတယ် အဲ့ဒီကလေးကအလွန်ဆုံးရှိလှ၁၇ -၁၈လောက်ပဲပေါ့ ဒီအရွယ်လေးမှာသူတစ်ပါးအသက်ကိုသေစေခဲ့ပြီးထောင်ထဲဝင်ခဲ့ပြီးပြီပေါ့
သူ့အနေနဲ့နောင်တရသင်ပေမဲ့အခုထိဆိုင်ကယ်ကိုတလကြမ်းမောင်းနေတုန်းပါပဲ
သြော် သံဝေဂတရားမှမရှိပဲကိုး
အဲ့ဒါထားလိုက်ပါအုံးလေ
ပြီးခဲ့တဲ့နှစ်ကသားအဖတစ်စုညဖက်မုန့်ဝယ်ထွက်ကြတော့ ဆေးကြောင်နေတဲ့ဆိုင်ကယ်တစ်စီးဟာအတင်းအော်ဟစ်ပြီးဝင်တိုက်ပစ်တာပွဲချင်းပြီးပါလေရော
သေတဲ့သူဟာကလေးနှစ်ယောက်နဲ့မုဆိုးမတစ်ယောက်ကိုထားပြီးလောကကြီးကနေဗြုန်းခနဲထွက်ခွာသွားရပြီ တိုက်မှာစိုးလို့
လမ်းဘေးအုပ်ခုံနားမှာလေးကပ်ပြီးတိမနေရှာတာကိုတိုက်ဖြစ်အောင်တိုက်သွားပါသတဲ့
ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာပတတ်ဝန်းကျင်ကလူတွေပြောကြတာက
ငါတို့ဆိုင်ကယ်စီးမှဦးထုတ်ဆောင်းရုံနဲ့မလုံလေလာက်တော့ဘူး
လမ်းဘေးလျှောာက်ရင်လဲဘောကာတတပ်ပြီးလျှောက်ရမယ် တဲ့
ဟုတ်တယ်လေ သေတဲ့လူကဘောကွဲပြီးသေသွားတော့သူတို့တွေးတာာလဲမှန်နေပြန်ရော
ယဉ်မောင်းတဲ့အချိန်တတိုင်းငါ့ကြောင့်သူများဒုက္ခမရောက်စေရဘူးဆိုတဲ့စိးတ်ကလေးထားပြီးစီးကြမောင်းကြရင်ဒီလိုကိစ္စတွေလျော့နည်းသွားမှာသေချာပါတယ်
အဓိကကတော့ကိုယ်ချင်းစစာစိတ်ရှိပေးဖို့ပါ

အပိုင်း ၂ဆက်ဖတ်ရန်>>
#pjotoo credit

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62121.36
ETH 3004.20
USDT 1.00
SBD 3.71