LG V35 ThinQ

in #lg6 years ago

LG က Dual Camera , Full Vision Display များပါတဲ့ V35 ThinQ ကို ကြေညာ”

LG က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက် ပါတယ်။ သူကတော့ V30S ThinQ ရဲ့ မျိုးဆက်သစ် V35 ThinQ ဖြစ်ပါ တယ်။ သူ့မှာ HDR 10 ကို ထောက်ပံ့တဲ့ ၆ လက်မ FullVision Display ထည့်သွင်းထားပါတယ်။ Snapdragon 84 , 6GB RAM များ ထည့်သွင်း ထားပါတယ်။ 64GB or 128GB Storage ရွေးချယ်နိုင်ပါတယ်။

ကင်မရာ အပိုင်းမှာ ယခင်မျိုးဆက်ထက် တိုးတက်လာပြီး LG G7 ThinQ ရဲ့ 16MP Dual Camera ကို သုံးထားပါတယ်။ V30 မှာ 16+13MP သာပါပါတယ်။ အရှေ့ဘက်မှာ 5MP အစား 8MP Camera ကို သုံးထား ပါတယ်။ ပင်မ ကင်မရာမှာ G7 မှာလို Super Bright Camera Mode ပါပါတယ်။ LG ရဲ့ Signature ဖြစ်တဲ့ Quad DAC အသံစွမ်းရည် ပါလာပါတယ်။

သူ့မှာ Band & Olufsen Headphones ကိုလည်း ထည့်ပေးထားပါတယ်။ IP68 စံနှုန်း ရှိပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး G7 ရဲ့ ဘက်ထရီထက် ၁၀ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ ကြိုးမဲ့ အားသွင်းစနစ် ပါသလို Quick Charge 3.0 လည်း ထည့်သွင်းထားပါတယ်။ IP68 စံနှုန်း ရှိပါတယ်။ သူ့မှာ Notch မပါပါဘူး။ ဒေါ်လာ ၉၀၀ သတ်မှတ်ထားပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇွန်လ ၈ ရက်နေ့မှာ ရောင်းချမှာပါ။33924069_860656220779782_4448151333291163648_n.jpg

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 64453.46
ETH 2971.59
USDT 1.00
SBD 3.59