တွေးမိတာလေးတွေ (@aggamun)

in #life5 years ago


ပေးလာ အောင် လုပ်မလား။ တောင်း ယူမလား။

တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ steemit နဲ့ ပတ်သတ်ပြီး စဉ်းစားမိတာလေး ပါ။ ကျွန်တော်က steemit အကြောင်း ဂဃနဏ မသိတော့ မှားယွင်း စဉ်းစားမိတာလည်း ပါနိုင်ပါတယ်။ ကျွန်တော်သိတာ မှားနေရင်လည်း အမှန်ပြင်ပေး ကြပါဦး။

Steemit မှာ ကောင်းကောင်း စီးမြောနိုင်ဖို့ ကျွန်တော် သိသလောက် နည်းလမ်း နှစ်မျိုး ခွဲလိုက်ပါ့မယ်။ ပထမ နည်းလမ်းက နာမည်ကျော် quality post ဖန်တီးပြီး ဗုတ်ကြီးကြီး ရအောင် လုပ်ဖို့ ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လည်း steemit ကို ဒီကိစ္စ သိပြီးတော့မှ ရောက် လာတာပါ။ ဒီနည်း လမ်းမှာလည်း အားနည်းချက် အားသာချက်တွေရှိပါတယ်။ ဒီနည်းလမ်းကို သုံးမယ်ဆို မိတ်ဆွေ အတတ်ပညာ အသိပညာ တစ်ခုခုကို အဆင့်တစ်ခုရောက်အောင် သိနေဖို့လိုပါတယ်။ အထူးသဖြင့် crypto နဲ့ ပတ်သတ်ရင် ပိုကောင်းပါတယ်။

ဒါဆိုရင် မိတ်ဆွေ ဗုတ်ကြီးကြီး ရဖို့ မျှော်လင့်နိုင်ပါပြီ။ ဒီအတွက် ဘယ်လို community မှ အားကိုးစရာ မလိုပဲ။ တစ်ပတ် post တစ်ခုလောက် သေသေချာချာ ဖန်တီးရင် ပုံမှန်လေးနဲ့ အဆင်ပြေလောက်ပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချက်တွေတော့ ကျန်ပါသေးတယ်။ ဒါကို နောက်ဆုံး အပိုဒ်မှာ ပြောပြထားပါတယ်။ ပထမ နည်းလမ်း အဖြစ် ပေးတာ ယူမလား ဆိုတဲ့ နည်းပေါ့ဗျာ။

ဒုတိယနည်းလမ်းက ဗုတ် ရသမျှ နည်းလမ်းတွေ အကုန်သုံးပြီး steemit မှာ အားကုန် စိုက်ထုတ်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်း ကို အသုံးပြုမယ်ဆို info ကောင်းကောင်း သိဖို့ လိုပါလိမ့်မယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ပြန်ရမှာ ဖြစ်ပါတယ်။ နည်းလမ်း များစွာ ရှိပါတယ်။ ဗုတ်တွေ ကို ဝယ်မလား။ SP ကို အငှား ချမလား။ game ကစားမလား။ ကြိုးစားမှု တစ်ရက် ပျက်ရင် တစ်ရက် သိသာမှာ ဖြစ်ပါတယ်။

ဘာလုပ်လုပ် အခြေခံကက စလုပ်ရမှာ ဖြစ်ပါတယ်။ အခြေခိုင်မှ အနေ မယိုင်မှာ ဖြစ်ပါတယ်။ steemit မှာလည်း အခြေခံလေး နည်းနည်း ပါပါး လုပ်ထားသင့်ပါတယ်။ အဓိက ကတော့ STEEM များများ ရအောင် ရင်းနှီးနိုင်ရင် အကောင်းဆုံးပါပဲ။ မရင်းနိုင်ရင်တော့ community တစ်ခုခု နဲ့ join ထားသင့်ပါတယ်။ English ဘာသာ စကားကို ကျွမ်းကျင် ထား သင့်ပါတယ်။ follower တွေ များများ ရအောင် မိတ်ဖွဲ့ထားသင့်ပါတယ်။

ဒီလောက် ဆို မိတ်ဆွေ steemit မှာ ကောင်းကောင်း ရပ်တည်နိုင်မှာပါ။ ကျွန်တော်လည်း အစ က ဒီလောက်တောင် မသိဘဲ ဒီနေရာကို ဝင်လာလိုက်တာပါ။ ဈေးကျချိန် နဲ့တိုး ခဲ့တာတော့ ကျွန်တော် ရဲ့ ဇာတာပါ။ အခုတော့ မိတ်ဆွေ ဆရာများကြောင့် ကောင်းကောင်း တောင့်ထားနိုင်ပါပြီ။ အခုလောလောဆယ် ကျွန်တော်က ဗုတ်ကြီးကြီး ရအောင် တောင်းယူနေပါတယ်။ လာပေး အောင်လို့ လည်း ကြိုးစား သွားမှာ ဖြစ်ပါကြောင်း ……


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

Using share2steem.io : http:// https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/msu/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-18-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=104
Sort:  

ပြင်ဆင်နေပါပြီ

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64014.44
ETH 3064.06
USDT 1.00
SBD 3.86