ကျန်းမာရေး ဗျို့ (@aggamun)

in #life5 years ago


အာရောဂျံ ပရမံ လာဘံ

ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး ဖြစ်သည်ဆိုသည်မှာ မှန်လှသည်။ ကျန်းမာနေခြင်း ရဲ့ တန်ဖိုးကို မကျန်းမာသူက ပိုသိ သည်။ လူသား တစ်ဦး အတွက် ကျန်းမာရေး ဟာ အလွန် အရေးကြီးလှသည်။ မကျန်းမာလျှင် မည်သည့် အလုပ်မျှ အားရပါးရ လုပ်ကိုင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

ကျန်းမာရေး မှာလည်း စိတ်ကျန်းမာရေး နှင့် ကိုယ်ကျန်းမာရေး ဟူ၍ ခွဲပြောရပေမည်။ ကိုယ် မကျန်းမာလျှင် စိတ်က ပါလိုက်၍ မကျန်းမမာ ဖြစ်တတ်သည်။ စိတ် မကျန်းမာပါက လည်း ကိုယ်က ကျန်းမာရေး ချူချာလွန်း ပြန်သည်။ ထို့ကြောင့် ကိုယ် စိတ်နှစ်ပါးလုံး ကျန်းမာ ဖို့ အလွန် အရေး ကြီးသည်။

အခု အခါ ပွင့်လင်းရာသီ သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထိုကြောင့် နေ့ အပူရှိန်များ မြင့်တက်လာ နိုင်သည်။ ကမ္ဘာကြီးကလည်း မကျန်းမာသဖြင့် ကမ္ဘာကြီးကို မှီခိုနေထိုင်သော ကျွန်တော်တို့ လူသား များ အနေဖြင့် ရာသီဥတု ဒဏ်ကို ယခင် အချိန်များထက် ပို ခံစားရနိုင်သည်။ ထို့ကြောင့် မိတ်ဆွေများ အသွားအလာ အနေအထိုင် အစားအသောက် များ ဆင်ခြင်နိုင်ဖို့ သတိပေးပါရစေဗျာ။

အထူးသဖြင့် အပူအအေး မျှတဖို့ ကို သတိထား လုပ်ဆောင်သင့် ပါသည်။ အခန့်မသင့် လျှင် ရေသောက်တာလေး ကိုပင် အသက်တစ်ချောင်း ပေးလိုက်ရနိုင်သည်။ တခါတရံ မိမိ ကိုယ်ကိုယ် စောင့်ရှောက်ခြင်းသည် မိမိ မိသားစုကိုပါ စောင့်ရှောက် နေသလို ဖြစ်နိုင်ပါသည်။ မိသားစု ကလည်း အရေးကြီးလှသည် မဟုတ်ပါလား။


So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play drugwars : https://staging.drugwars.io/#!/ref/@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun

To play Magicdice : https://magic-dice.com/?ref=aggamun

To play moonSTEEM : https://www.moonsteem.com/?ref=aggamun

Using share2steem.io : http:// https://share2steem.io/?ref=aggamun

My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-17-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=102
Sort:  

အခုနှုတ်ခမ်းတွေကွဲနေပါပြီ

Posted using Partiko Android

ဟုတ်လား ဂရုစိုက်ပါ အဲဒါ အီဘိုလာပဲ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98