ချစ်​တဲ့သူအတွက်​နာကျင်​ရ အပိုင်း4

in #life6 years ago

ချစ်​တဲ့သူအတွက်​နာကျင်​ရ

အပိုင်း4

"နှိုင်း"
"ဘာတုန်း ခြူး"
"အ​ဒေါ်ကို ပြန်​မ​ပြောပါနဲ့​နော်​ "
"နင်​မငိုရင်​ ငါမ​ပြောဘူး"
"အင်းပါ နှိုင်း မငို​တော့ဘူး​နော်​"
နှိုင်းသည်​ ခြူးကို ကြည့်​ပြီး သနားမိသည်​။ ခြူးရယ်​ ကိုယ်​ချင်းစာပါဟာ ငါ​လဲ နင်​ကို အရမ်းချစ်​တာဘဲ နင်​ ​တစ်​ခြား​ကောင်​တစ်​​ယောက်​အတွက်​ ခံစား​နေရသလို ငါလဲ နင်​အတွက်​နဲ့ အရမ်းခံစား​နေရတယ်​ ငါ ဘယ်​မိန်းက​လေးမှ ရင်​မခုန်​ဘူးဘူး အခုနင်​ကျမှ ဘာလို့ ငါရင်​ခုန်​မိ​နေရတာလဲ ခြူးရယ်​ နှိုင်းရဲ့ စိတ်​ကူး​လေး​တွေ ​လေထဲလွှင့်​​နေသည်​။
လမ်းမကြီးက ​ဖြောင့်​ဖြူး​နေတဲ့အချိန်​မှာ ခြူးတစ်​​ယောက်​ ကား​လေးကို ခနရပ်​ခိုင်းလိုက်​သည်​။

.. "နှိုင်း"
"​ပြော​လေ ခြူး"
"ကား ခနရပ်ေ​ပးအုံးဟာ "
"ဘာလုပ်​မလို့လဲ ခြူး"
"ငါ ​လေ​ကောင်း​လေသန့်​ရူချင်​လို့ပါ "
"​အေးပါ ခြူး ငါလဲ နင်​စကား​ပြောစရာရှိတယ်​"
ခြူးသည်​။ ကား​ပေါ်ကဆင်းလိုက်​ပြီး ကား​လေးရဲ့ ​ဘေးမှာ ​လေ​ကောင်း​လေသန့်​ရူး​နေသည်​။ နှိုင်းတစ်​​ယောက်​ ခြူးရဲ့ ​​ဘေးမှာ မက်​တပ်​ရပ်​ ​နေလိုက်​သည်​။

   "ခြူး ငါ​ပြောစရာရှိတယ်​"

"​ပြော​လေ နှိုင်း"
ခြူးသည်​။နှိုင်းကို ကြည့်​ပြီး ​ပြော​နေသည်​။ နှိုင်းက ဟိုဘက်​လှည့်​​နေသည်​။ ခြူး ဘာမှပြန်​မ​ပြောဘဲ နှိုင်းကို ​သေချာကြည့်​​နေသည်​။

  "နှိုင်း ​ပြော​လေ"

"​အင်း ခြူး ငါတို့က မိဘချင်းသ​ဘောတူထားတာ နင်​ငါကို မချစ်​ဘူးဆိုတာလဲ ငါသိတယ်​ ခြူး အဲ​တော့ ငါမိဘ​တွေကိုလဲ လက်​ထပ်​ပွဲကို ဖျက်​ခိုင်းလိုက်​မယ်​ ငါလဲ နိုင်​ငံခြားမှာ ဘဲ​နေ​တော့မယ်​ ငါအရမ်းချစ်​ရတဲ့ နင်​ တစ်​ခြားတစ်​​ယောက်​အတွက်​ ခံစား​နေရတာကို ငါမကြည်​ရက်​ဘူး ဟုတ်​ပြီလား "
"နှိုင်း နင်​​ပြော​တော့ အရမ်းလွယ်​တာဘဲ နင်​နဲ့ငါနဲ့ ​စေ့စပ်​ထားတယ်​ဆိုတာမှန်​တယ်​ နင်​နိုင်​ငံခြားသွားရင်​ ငါဘာလိုက်​ရမှာ​ပေါ့ နှိုင်းရဲ့"
"နင်​မလိုက်​ရပါဘူး ငါရ​အောင်​​ပြောမယ်​ အခု​တော့ ငါတို့ သူငယ်​ချင်းလို​နေရ​အောင်​​နော်​ ခြူး ​နောက်​ပြီး နင်​မ​မေ့ထားပါနဲ့ နင်​က​ရောဂါသည်​ နင်​​ရောဂါ ပြန်​ထလာရင်​ နင်​မလွယ်​ဘူး ငါ​ပြောတာ နားလည်​လား ခြူး"
"အင်းပါ ငါနားလည်​ပါတယ်​ "
ခြူးနဲ နှိုင်းနဲ့ စကား​ပြော​နေတုန်း ခြူး ph​လေးလာ​နေတာကို နှိုင်း မြင်​ရသည်​။ နှိုင်း လက်​ညိုး​လေးထိုးပြီး ခြူးကို ​ပြောလိုက်​သည်​။

   "ခြူး နင်​ ph လာ​နေတယ်​"

"ဟုတ်​လား နှိုင်း"
"ခြူး ph ကိုင်​လိုက်​မိသည်​။ခြူး ​ဘေးနားက နှိုင်းကို သတိမထားမိဘဲ ခြူး ph​ပြော​နေသည်​။

  "ဟဲလို "

"ခြူး လား ​မောင်​ ဘာကွာ"
"အင်း ​ပြော​လေ ​မောင်​"
"​မောင်​မလာနိုင်​တာ ​မောင်​ကိုခွင့်​လွှတ်​​နော်​ ​မောင်​ ကားပျက်​​နေလို့ အဲဒါ​ကြောင့်​ပါ ​မောင်​လာ​တော့ ခြူးက ပြန်​သွားပြီ​လေ အဲဒါ​ကြောင့်​ ​မောင်​ကို စိတ်​မစိုးနဲ့​နော်​"
"စိတ်​မစိုးပါဘူး ​မောင်​ရယ်​ ဟုတ်​ပြီလား"
"အင်းပါ ခြူး ​မောင်​ ခြူး ကို အရမ်းချစ်​တယ်​"
"ခြူးလဲ ​မောင်​ ကို အရမ်းချစ်​ပါတယ်​"
နှိုင်းတစ်​​ယောက်​ မကြားသင့်​တာ​တွေ ကြား​နေရမှာဆိုးသဖြင့်​ ကား​ပေါ်ကို သွားထိုင်​​နေသည်​။ ​ခြူးက​တော့ ​ကားလမ်း​ဘေးမှာ ​နေ​သွေးစက်​ နဲ့  ph ​ပြော​နေသည်​။ ခြူး မျက်​နှာ​လေးက​တော့ ပြုံးရွှင်​ ​နေတာပါဘဲ ​ နှိုင်း တစ်​​ယောက်​ ကား​ပေါ်က ခြူးမျက်​နှာ​လေး ပြုံးရွှင်​ ​နေရ​တာ မြင်​​တော့ နှိုင်းအရမ်း​ပျော်​မိတယ်​ နှိုင်း ခြူးကို ကြည့်​ပြီး ကား​လေး ​ပေါ်မှာ အိပ်​​ပျော်​သွားခဲ့တယ်​"

     "နှိုင်း နှိုင်း "

"ဟင်​ ခြူး ပြီးပြီလား အိမ်​ပြန်​မယ်​​လေ"
"အင်း နှိုင်း"
"ခြူး မင်းနဲ့ ငါနဲ့ မသိသလို​နေရ​အောင်​​နော်​ "
"ဘာလို့လဲ နှိုင်း"
"ဘာမှ မဖြစ်​ဘူး ခြူး ငါတို့က အစကတည်းက မသိဘူး​လေ အခုလဲ မင်းအ​ဒေါ်က ​ခေါ်ခိုင်းလို့. ​ခေါ်တာ​လေ မင်းနဲ့ငါနဲ့ သိမှမသိတာ အဲဒါ​ကြောင့်​ မသိသလို ​နေမယ်​ ဟုတ်​ပြီလား "
"အင်းပါ နှိုင်း"
နှိုင်းသည်​ ။ခြူးကို အိမ်​ပြန်​လိုက်​ပို့ပြီး နှိုင်း သူအိမ်​ကိုပြန်​လာသည်​။ နှိုင်းပြန်​လာ​တော့ေ​မမေ အိပ်​​နေပါပြီ နှိုင်းလဲ အခန်းထဲ ဝင်​ပြီး ပတ်​လတ်​လန်​ ​နေလိုက်​သည်​။ နှိုင်း ဒီအတိုင်းဆို အရမ်းခံစား​နေရသည်​။ နှိုင်း ခြူး တို့နဲ့ မပတ်​သတ်​မိ​အောင်​​နေမယ်​လို့​ ​တွေးပြီး အိပ်​​ပျော်​သွားသည်​။ မနက်​​ရောက်​​တော့ နှိုင်း အ​မေ နှိုင်းကို လာနိုးသည်​။

    "သား နှိုင်း ထ​တော့​လေ အလုပ်​​နောက်​ကျ​နေပြီ"

"ဟုတ်​ ​မေ​မေ"
နှိုင်းတစ်​​ယောက်​ သူအ​မေနိုး​တော့ အိပ်​ရာထပြီး ​ရေချိုး ပြီး ​အောက်​ထပ်​သို့ ဆင်းလာသည်​။ ​အောက်​ထပ်​​ရောက်​​တော့ အ​မေဖြစ်​သူက ​ထမင်းဝိုင်းမှာ ​စောင့်​​နေသည်​။

   "​မေ​မေ"

"​ပြော​လေ သား"
"သား​လေ ခြူးကို လက်​မထပ်​ချင်​ဘူး"
"ဘာလို့လဲ သား"
"သား အမှန်​တိုင်း​ပြောမယ်​​နော်​ ​မေ​မေ သားကို စိတ်​မစိုးပါနဲ့ ခြူးမှာ သူအရမ်းချစ်​ရတဲ့ ချစ်​သူရှိတယ်​ ​မေ​မေ သားသူကိုချစ်​တဲ့ဆိုတာ မှန်​တယ်​ သူ​ပျော်​ရွှင်​ရင်​.သားလဲ ​ပျော်​ရွှင်​တယ်​ သားအရမ်းချစ်​တဲ့သူ ​​ပျော်​ရွှင်​ချင်​​တယ်​ ​မေ​မေ"
"သားရယ်​ မိဘ​တွေက ​ကောင်း​စေချင်​ လို့ စီစဉ်​တာ​လေ"
"​မေ​မေရယ်​ သား ဆန္ဒာ ကို ဒီတစ်​ခါ​လေး လိုက်​​လျော့​ပေးပါ​နော်​ ​ သူကလွဲရင်​ တစ်​ခြားသူ ကျွန်​​တော်​ယူမယ်​ဗျာ"
"သားတကယ်​​ပြောတာ​နော်​"
"တကယ်​​ပြောတာပါ ​မေ​မေ"
နှိုင်းသည်​။ သူအ​မေရင်​ခွင်​​လေးထဲ ဝင်​ပြီး က​လေးတစ်​​ယောက်​လို သူအ​မေရင်​ခွင်​​လေးထဲ ​နေ​နေသည်​။ နှိုင်းခန​နေ​တော့ အလုပ်​သွားသည်​။ လမ်းတစ်​ဝက်​မှာ မထင်​မှတ်​တဲ့ ခြူးနဲ့ ​တွေ့​ရသည်​။ ခြူး အ​အေးဆိုင်​ကို ကြည့်​ပြီး ငို​နေသည်​။ ဘာလို့ ငိုတာလဲဆိုတာ နှိုင်းမသိဘဲ ကား​လေးရပ်​​နေသည်​။

  "ခြူး ခြူး"

ခြူးသည်​။ဘာမှမ​ပြောဘဲ နှိုင်းမြင်​​တော့ နှိုင်းရဲ့ ရင်​ခွင်​​လေးထဲ တိုးပြီး ငို​နေသည်​။ နှိုင်း က ခြူး​ခေါင်း​လေးကို ကြည့်​ပြီး အံသြ​နေသည်​။ ခြူး လူမှားတာလား သူချစ်​သူဆိုပြီး ငါကိုဖက်​ပြီး ငို​နေတာလား နှိုင်း စဉ်းစား​နေသည်​။ ခြူးခန​နေ​တော့ နှိုင်းရင်​ခွင်​​လေးထဲက ရုံးထွက်​လိုက်​သည်​။

 "နှိုင်း "

"​ပြောပါ ခြူး ဘာ​ကြောင့်​ ငိုတာလဲ"
"ဟိုမှာ​လေ ​ပြော​တော့ငါကိုချစ်​တယ်​လို့​ပြောတာ အခုကြည့်​ပါဦး ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ တွဲ​နေတာ အဲ​ကောင်​မ​လေးက တစ်​ခြားသူမဟုတ်​ဘူး ငါအရမ်းချစ်​ရတဲ့ ငါသူငယ်​ချင်း မိုးမိုး "
"ဘယ်​လို ခြူး နင်​သူငယ်​ချင်း ဟုတ်​လား "
"ဟုတ်​တယ်​ နှိုင်း ငါကိုယ်​ကို ငါအရမ်းအံသြမိတယ်​ ငါကို ပီပီရိရိ လိမ်​ကျတယ်​ ငါဒီ​နေ့မနက်​ မိုးမိုးလာ မ​ခေါ်လို့ ငါ Taxi ငှါးပြီး လာတာ လမ်းမှာ သူတို့နဲ့တူလို့်​ ကြည့်​လိုက်​တာ သူတို့ပါဘဲ ငါကိုလိမ်​တယ်​"
"ခြူး မငိုနဲ့​တော့​နော်​ ​ကျောင်းသွားမှာမို့လား နှိုင်းလိုက်​ပို့​ပေးမယ်​ ဟုတ်​ပြီလား "
"​ကျောင်းမသွား​တော့ဘူး နှိုင်း "
"အဲဒါဆို ဘယ်​သွားမှာလဲ"
"မသိဘူး နှိုင်း"

Sort:  

You have been defended with a 11.38% upvote!
I was summoned by @luckylay.

Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @babylay! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 60837.81
ETH 2874.77
USDT 1.00
SBD 3.62