အချစ်အကြောင်းများ မသိခဲ့ဘူး

in #life6 years ago

@bobokyaw.jpg
မင်္ဂလာပါလို့ နှုတ်မဆက်ရတာတောင် အတော်ကို ကြာလို့သွားခဲ့ရပါလေသည်။ မင်္ဂလာပါဟု နွေးထွေးစွာနဲ့ နှုတ်ဆက်နိုင်ရန်
ခွန်အားမဲ့နေခဲ့သည်မှာ လည်း ကြာလို့နေခဲ့ပါပြီ။

ဟုတ်ကဲ့ အခုဘဲ တစ်ဖန်ပြန်လည်နှုတ်ဆက်လိုက်ပါသည်။

အားလုံး...........မင်္ဂလာပါခင်ဗျာ

မိတ်ဆွေတစ်ယောက်ရဲ့ အချစ်အကြောင်းရေးဖွဲ့တာလေးဖတ်မိရင်းကအနေ အချစ်အကြောင်းကို ရေးချင်မိပါတယ်
ဒါပေမယ့် အချစ်ဆိုတာကလည်း အပြောလွယ် အလုပ်ခက်လေသော အရာတစ်ခုဖြစ်လို့နေပါတယ်။ ကိုယ်တိုင်က
အချစ်အကြောင်းကို သေချာတိပ မသိပါဘဲ အချစ်အကြောင်းကို ရေးဖွဲ့လို့က အမှီးအမောက်မတည့်မှာလည်းစိတ်ပူမိပါတယ် သို့သော်...... ရှိစေတော့ ခံစားမိတဲ့ ရှုဒေါင့်တစ်ခုကနေ စမ်းလို့ရေးကြည့်
ရအောင်ပါ။
အချစ်ဆိုတာ တကယ်ကို နုးညံ့သိမ်မွေ့သောသဘောရှိလိမ့်မယ်လို့ အများလက်ခံထားကြပါတယ်။ အချစ်ဆိုတာ ဆန်းကြယ်သောအရာလို့လည်း ဆိုကြပြန်တယ်။ ဘယ်လိုဆန်းကြယ်တာလည်းကတော့ ကိုယ်တွေ့ကြုံမှသိလိမ့်မယ်လေ
အခုမချစ်လည်း နောင်ကိုချစ်နိုင်တယ်။ အခုချစ်နေလည်း များမကြာခင် မချစ်တော့တာဖြစ်လာနိုင်တယ်။ အပေါ်ယံကြည့်
ရင်တော့ မချစ်သူလိုဘဲ ဒါပေမယ့်အတွင်းစိတ်မျာတော့ ချစ်လို့နေတယ်။ အပေါ်ယံသဘောမှာ ချစ်နေတယ် ထင်ရပေမယ့်
တကယ့်အတွင်းသဘောမှာတော့ အချစ်ကို ဘာမှန်းမသိတဲ့သူတွေ အများကြီးမှအများကြီး ။ အချစ်ဆိုတာ အဲ့ဒီ
လိုဆန်းကြယ်မှုတွေနဲ့ပြည့်နှက်လို့နေပါတယ်

ကျားမ သဘာဝ ချစ်ကြတယ်။ ဘယ်လိုချစ်သလဲ မမေးနဲ့နော် စတီးမစ်ပေါ်မှာ ဆယ့်လေးနှစ်အထက်တွေချည့်ဘဲ ဆိုတာ
အားလုံးသိတယ်။ မောင်နှမတွေချစ်ကြတယ်။ သားအမိ သားအဖ အဖေအမေတွေအချစ်လည်း ချစ်တာပါဘဲ။မိတ်ဆွေ
တွေအပေါ်ချစ်ကြတယ်။ အိမ်မှာမွေးထားတဲ့ သတ်ဝါလေးတွေကိုလည်းချစ်ကြပြန်တယ်။ နေထိုင်ရာရပ်ကွက်လေးကို
ချစ်တယ် ကိုယ့်ရဲ့ မွေးရပ်မြေကိုချစ်တယ်။ ကိုယ့်နိုင်ငံကိုချစ်တယ်။ ကိုယ့်လူမျိုးကိုချစ်တယ်။ ကိုယ့်အသင်းအဖွဲ့ကိုချစ်တယ်
အချစ်တွေက ခေါင်းစဉ်သာပြောင်းသွားတာပါ အခြေခံသဘောကတော့ အတူတူပါဘဲ။ အဲ့ဒါကတော့ ကိုယ်နဲ့ပါတ်သက်သောအရာ နီးစပ်သောအရာ လို့နောက်ဆုံးမှာသွားတွေ့ရမှာဖြစ်ပါတယ်။ အချစ်ဘယ်ကလာသလဲ
တစ်ချို့မေးကြတယ်။ ဘယ်ကမှလာတာမဟုတ်ပါဘူး မိမိထံက ဖြစ်ပေါ်လာသောအရာလို့သာဆိုနိုင်ပါတယ်။

အချစ်ဆိုတာ သူချည့်သက်သက်ထားမယ်ဆိုရင် ဘာမှအသုံးမကျသလို ဘာမှလည်းဘေးဥပါဒ်မပေးတက်ပါဘူး။ ပိုတယ်
မထင်ပါနဲ့ အချစ်ကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ သမိုင်းတောင် မခြောက်သေးဘူး။ အခုထိ အချစ်အတွက်နဲ့ ရိုက်ပွဲ သက်ပွဲတွေ
ကြားနေရတုန်း။ အချစ်အတွက်နဲ့ အသေခံတာတွေ သေပစ်လိုက်တာတွေလည်း မနည်းဘူးရယ်။ ဟုတ်တယ် အချစ်ကို
ဒီအတိုင်းမထားဘဲ ငါဆိုတဲ့ အတ်တနဲ့ပေါင်းစပ်တဲ့အခါ။ မနာလိုခြင်း ၀န်တိုခြင်းတွေ အတက်အလက်ထွက်လို့လာပါ
တော့တယ်။ ဒါကိုဘဲ အချစ်လို့ခေါ်တယ်လို့ ဆိုချင်သူတွေလည်းမနည်းပါဘူး။ ချစ်ချင်တဲ့သူနဲ့ အချစ်ခံချင်တဲ့သူ ဘယ်သင်း
ကများမည်နည်း။ အချစ်မခံချင်တဲ့သူ အတော်ကိုနည်းမည်ထင်ပါတယ်။ အဲ့ဒီကစပြီး မပြီးဆုံးသော ပြသနာတွေကစတော့
တာပါဘဲ။ အချစ်မခံရတဲ့အခါ ဒီအတိုင်းရပ်မသွားဘူး။ လူလူချင်းဖြစ်တဲ့ ပြသနာတိုင်းဟာ နောက်ဆုံးအချက်တစ်ခုကိုကောက်ချက်ဆွဲတဲ့အခါ ဒါလေးကိုသွားတွေ့ရတယ်။ အဲ့ဒါကတော့ အချစ်မခံရလို့ ဖြစ်တဲ့ပြသနာ
တွေပါဘဲ။

မျှတစွာချစ်တက်ဖို့လည်းလိုအပ်တယ်ဆိုတာလေးကို အလန့်တကြား တွေ့လိုက်မိပါတယ်။ အချစ်သည်ကောင်းပါသည်။
ချစ်တာလည်းကောင်းပါသည်။ အချစ်ခံရခြင်းသည် အလွန်ကောင်းပါသည်။ မျှတစွာချစ်တက်ခြင်းသည် အကောင်းဆုံးဖြစ်
ပါလေသည်။မျှတစွာချစ်နိုင်ကြပါစေ ချစ်တက်ကြပါစေ ။
@bobokyaw

Sort:  

အချစ်မခံချင်တဲ့သူဘယ်ရှိပါ့မလဲဗျာ…ဒါပေမယ့်အချစ်ကြောင့်ပြသနာဖြစ်တာတွေကတော့မကောင်းပါဘူးလေ………အော်အချစ် တယ်ခက်တဲ့အချစ်ပါလာနော်…

ခက်တာတော့ မပြောနဲ့ဟေ့
အချစ်ကြောင့် တိုင်တွေပါတ်နေကြတာပေါ့ကွာ

You got a 1.72% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter.

This post has received a 1.86 % upvote from @booster thanks to: @bobokyaw.

ကျေးဇူးတင်ပါသည် ဘုတ်စတားရေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01