ဟိုဘက်အိမ်ဈေးတက်မလား

in #life6 years ago

@bobokyaw.jpg
ဈေးတက်မလား ဈေးကျမလား မသိရသေးသလို ဈေးကော ပေါက်မလား မသိရသေးဘူးပေါ့ လူအချို့ကတော့ အဲ့ဒီအိမ်က
စကတည်းက စကန်ဖြစ်နေပါပြီလို့ ဆိုကြတယ် အဲ့ဒီဆိုဒ်က အတုကြီး မလုပ်ကြနဲ့လို့လည်း တားကြတယ်
အခင်းအကျင်းကတော့ အလှကြီးမဟုတ်ပေမယ့် စတီးမစ်နဲ့ တူညီနေလို့ သဘောကျမိတာတော့အမှန်ဘဲ
ဈေးကွက်ကို ဘယ်လိုတင်ပြီး ဘယ်လို ဖြတ်သန်းမယ်ဆိုတာတွေတော့ လေ့လာအားနည်းလို့ မသိပါဘူး
ကိုယ်ကတော့ ရိုးရိုးလေးဘဲတွေးပါတယ် စတီးမစ်နဲ့တူတယ် စတီးမစ်လုပ်သလိုဘဲ လုပ်လိုက်ရင်ရပြီ
စတီးမစ်အစပိုင်းတုန်းကလည်း လက်ရှိ ဈေးအောက်ကို တော်တော်များများ နည်းပါးစွာနဲ့ စတင်ခဲ့တယ်လို့ဆိုတယ်
အဲ့ဒီအချိန်တုန်းက စတင်လုပ်ကိုင်သူတွေ စတင်ရင်းနှီးသူတွေက အခုချိန် ချမ်းသာ အဆင်ပြေနေပြီမဟုတ်လား
အချို့ဆိုရင် ငွေထုတ် ပိုက်ပြီး စတီးမစ်ကနေတောင် ထွက်ခွါသွားကြပြီလေ
အခုဒီဆိုဒ်လေးမှာ ကိုယ်တွေက အစပိုင်းကို မှီတယ် အစပိုင်းကို သိတယ် မြင်တယ် ဒီတော့ ဘာလုပ်နေမည်လဲ
ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပါဘူး မဟုတ်လည်း ဟိုယောင်ယောင် ဒီယောင်ယောင် ဟိုပြုတ်ကျ ဒီပြုတ်ကျတွေ လိုက်မွှေနေတာဘဲလေ
ဒါလေးလည်း လုပ်ထားလိုက်တော့ မမှားပါဘူး ဘာခက်တာမှတ်လို့ စတီးမစ်လို ပို့စ်တင် ဘုတ်ပေး ဒါနဲ့ ပါဝါစုရတာလေ
သိပ်အားမစိုက်ရပါဘူး။ စတီးမစ်လောက်လည်း စည်းကမ်း မတင်းကျပ်သေးဘူး လုပ်ရတာ အရမ်းလွယ်တယ်
ပါဝါကလည်း တက်တာ အရမ်းမြန်တယ် ဒါနဲ့ဘဲ အဲ့ဒီဆိုဒ်လေးကို လုပ်ဖြစ်တယ်ပေါ့ အပျော်လို့ဆိုရင်လည်းရပါတယ်
စိတ်ထဲမှာတော့ မျှော်လင့်ချက် ထားမိတာပါဘဲ
တစ်ခုရှိတာက အချို့ ဆြာကြီးတွေက လှုပ်ကိုမလှုပ်တော့ နဲနဲ သံသယဖြစ်မိတယ် ဒါကြီးက တကယ်ဘဲ အင်ကြီးလားပေါ့
အရင်ကတော့ အဲ့သလို တွေးပါတယ် အခုကိုယ်ကလည်း လုပ်လက်စနဲ့ ဖြစ်နေပြန် လုပ်နေတဲ့သူတွေကို လည်း လေ့လာကြည့်မိတာ
လည်းပါတယ်။ သူ့နည်း သူ့ဟန်နဲ့တော့ အိုကေတယ်လို့ မြင်တာပါဘဲ
အခုချိန်ထိတော့ အခြေအနေက အကောင်းဘက်ကို တော်တော်လေး သွားနေတယ် ရှေ့အလားအလာကလည်း တော်တော် ကို
အားရစရာကောင်းနေတယ် သတင်းတွေကလည်း အတော်ကို မွှေးလာတာတွေ့ရတယ်
အရင်က အီးအမ်အန်တီအီး လုပ်ဖြစ်သေးတယ် အဲ့တုန်းကလည်း အတော်ကို မျှော်မိတာပေါ့ နောက်ပိုင်း အယ်ရာတွေ များလာတာ
တွေ့တယ် အရလွယ်လွန်းနေတာတွေ့တယ် ဖေါင်းပွမှုက ကြောက်စရာကောင်းအောင် များလာတယ် အဲ့ဒီမှာ စိတ်ပျက်စပြုလာတာ
ပါဘဲ ဘယ်အရာဖြစ်ဖြစ် ပေါများလွန်းရင်တော့ တန်ဖိုးက အလိုလို မဲ့လာတက်တာ နည်းလာတက်တာ သဘာဝဘဲမဟုတ်လား
အခုဒီမှာတော့ အဲ့ဒီလောက် အလွယ်မရဘူး ဘာလို့လဲဆိုတော့ စတီးမစ်နဲ့ အလုံုးစုံတူညီနေလို့ဘဲ ကို့ရို့ကားယားသွားမလုပ်နဲ့
အခြေအနေမကောင်းရင် ဒေါင်းဘုတ်ကျွေးမဲ့ သူတွေကလဲအသင့် ဒါတောင် စက်ရုပ်မတင်သေးဘူးနော် စောင့်ကြည့်သူတွေနဲ့တင်
နားကားသွားနိုင်တယ် ပါဝါကလည်း အားရစရာကောင်းပါတယ် ပါဝါအထွက်နှုန်းကလည်း အတော်များတယ်
အရင်က အဲ့သလို ပါဝါ အထွက်နှုန်းများတာကို သိပ်မကြိုက်ဘူး နောက်တစ်ခုတွေးမိတာက ဒီလိုပါဝါ များအောင်လုပ်ပေးထားတာ
အကြောင်းမဲ့တော့မဟုတ်ပါဘူး
သူတို့လိုအပ်တဲ့ ပါဝါတွေ မြန်မြန် ပျံ့ပွားအောင် လုပ်ဆောင်ထားတာပါ သက်မှတ်ချက်ပြည့်သွားတာနဲ့ ဈေးစကိုင်တော့မယ်လေ
နောက်တစ်ချက်က ဈေးမပွင့်သေးပေမဲ့ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖွင့်သူတွေ ရှိနေတယ် 0.05 လောက် ပေါက်နေတယ်လေ
ဒါက အောက်ဈေးပါ။ အမှန်တကယ် ဈေးပေါက်လာနိုင်တာက တစ်ဒေါ်လာ ၀န်းကျင်လောက်ထိ ရှိနေတယ်လို့ သုံးသပ်သူတွေ
ရှိနေပြီ အမှန်တကယ်လည်း ဖြစ်နိုင်တယ်။ အဲ့သလိုသာဖြစ်ရင်တော့ လုပ်ရကျိုးနပ်ပြီလေ။
အနည်းဆုံး ဒေါ်လာဝက်လောက်တော့ မှန်းထားတယ် ဆြာကြီးတွေ မှန်းနေတာတော့ စတီးမစ်နဲ့ သိပ်မကွာဘူးလို့ ဆိုသူတွေလည်း
ရှိနေတယ် အခြေအနေ သတင်းကတော့ အတော်အားရစရာပါဘဲ
@bobokyaw

Sort:  

ဈေးတက်ပါစေတော့ ကြိတ်ဆုတောင်းနေတယ်ဗျာ
လုပ်ထားတာလေး အဆင်မပြေဖြစ်မှာစိုးလို့

ဆုတောင်းပြည့်ပါစေလို့ ပြန်ဆုတောင်းပေးရမလိုတောင်ဖြစ်နေပါပြီ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86