ဆရာဝန်​ဘဝ

in #life6 years ago

ဆရာဝန်​အင်​အားနဲ့လူနာအင်​အားမမျှလို့ ဆရာဝန်​​တွေလည်းမယဉ်​​ကျေးနိုင်​တာမဆိုင်​ဘူး
လို့ ​ပြောပြီး ဝိုင်းရီကြတာ ​တွေ့လို ရင်​ဘတ်​ထဲ မ​ကောင်းလွန်းလို့ ပြီး လူ​တွေကလည်း ဆရာဝန်​​တွေကိုပဲ ဆဲတတ်​ကြလွန်းလို့ဒီစာကို​ရေးပါတယ်​။ workload နဲ့ လူတစ်​​ယောက်​ရဲ့ mood..။ဒါဟာ သက်​ဆိုင်​ပါတယ်​။ တကယ်​ဆရာဝန်​ဖြစ်​ တကယ်​လုပ်​ဖူးမှ ဒါကိုကိုယ်​​တွေ့သိမှာပါ။ ဆရာဝန်​မဟုတ်​တဲ့သူ ဘယ်​လိုမှနားမလည်​နိုင်​ပါဘူး။

ဥပမာ​ပြောပါမယ်​။ ကျွန်​မကိုယ်​ပိုင်​​ဆေးခန်းမှာ တ​နေ့လည်​လုံးမှ လူနာ အ​ယောက်​ ၂၀ထက်​ ကျွန်​မပိုမကြည့်​ ဘူး။ ဒါ​ကြောင့်​ workload နဲတယ်​။ တ​ယောက်​ချင်းကို နာရီဝက်​စီအချိန်​​ပေးပြီး ပုံ​လေးဆွဲပြ ရှင်းပြပြီး ​အေး​အေး​ဆေး​ဆေး ​ဆွေး​နွေးတိုင်​ပင်​နိုင်​တယ်​။ လူနာကိုစိတ်​ချမ်းသာ​အောင်​ထားနိုင်​ ​ပြောနိုင်​တယ်​။ ကြည့်​ခလဲပိုယူတယ်​မထင်​နဲ့ အထူးကုထဲကိုယ်​​ဈေးအနည်းဆုံး။ ချိုသာတဲ့ဆရာဝန်​ဘဝခံယူနိုင်​တယ်​။ workloadနည်းတာကိုး။
ဒါ​ပေမယ့်​ က​လေး​ဆေးရုံရဲ့ တမနက်​ခင်းမှာ လူနာ သုံးရာ​ကျော်​ ​လေးရာ လာတယ်​။ တစ်​ရာ​ကျော်​ ​ဆေးရုံတက်​တယ်​။ ကျန်​လူနာ ပြင်​ပလူနာအ​နေနဲ့ကု​ပေးရတယ်​။ အဲဒီတမနက်​ခင်း​လေးမှာ ဒီက​လေးပိစိ​လေး​တွေ ​အော်​ဟစ်​ငိုယို​နေတဲ့ လူနာရာ​ပေါင်းများစွာအသံ​တွေကြား စိတ်​ပူလို့ပြာယာခတ်​​နေတဲ့မိဘ​တွေကို dealလုပ်​ရတာ​တွေကြား ဒီ​ပေါက်​စ​လေး​တွေကို ​သွေးမရမက​ဖောက် ​အ​ကြောမရမကရှာ.. နှာ​ခေါင်းပိုက်​ထည့်​ ..​အောက်​ဆီဂျင်​​ပေး မျိုးစုံ အလျင်​မီ​အောင်​လုပ်​​နေရတာ​တွေကြား... ရှိပြီးသားတင်​ထားတဲ့လူနာ ရာချီရယ်​ ​နောက်​ထပ်​ထပ်​တက်​တဲ့ လူနာတစ်ရာ​ကျော်​ရယ်​ကို ဆရာဝန်​ဘယ်​နှ​ယောက်​ပဲရှိတဲ့အင်​အားနဲ့ ဘယ်​လို​တွေလုပ်​​နေရလဲ ဆိုတာ ..အဲဒီအချိန်​မှာ ပြုံးပြုံး​လေး စိတ်​ရှည်​ရှည်​ထက်​ လိုရင်းကိုနားလည်​​အောင်​အမြန်​သာ​ပြောကြရတာ လျာရှည်​ချိန်​မရဘူး ..ကျွန်​မလိုလျာရရှည်​ပြုံးချို​နေကြည့်​ စကား​ပြော​နေတုန်း တဖက်​မှာ က​လေးဆယ်​​ယောက်​​လောက်​အသက်​ငင်​​နေပြီ။ အဲဒီ stress levelကို ဆရာဝန်​မဟုတ်​ပဲလုံးဝမသိနိုင်​ဘူး။ ဆရာဝန်​ချင်း​တောင်​ တ​ယောက်​နဲ့တ​ယောက်​ fieldချင်းမတူရင်​ ​ဆေးရုံမတူရင်​ အဲဒီ​နေ့မှာကြုံရတဲ့ situationမတူရင်​ ဆက်​ဆံပုံမတူနိုင်​ဘူး။

အနီးစပ်​နိုင်​ဆုံး ဥပမာ​လေးပဲ​ပေးမယ်​ ကိုယ့်​အိမ်​မှာ က​လေး​ပေါက်​စ ၅​ယောက်​​လောက်​ရယ်​ အဖိုးအဖွား နှစ်​​ယောက်​ရယ်​ တပြိုင်​နက်​ ​နေမ​ကောင်း ငိုယိုဂျီကျပြီး ကိုယ်​တ​ယောက်​ထဲ သူတို့ကို ပြုစုကြည့်​ လိုက်​ပါ။ ​ပြုံးပြုံးရွှင်​ရွှင်​​လေး လုပ်​နိုင်​ပါ့​မလား.. ဆိုတာ။ ငြူစူတာမဟုတ်​ဘူး​နော်​.. ချစ်​လို့လုပ်​​ပေး​နေရင်းက stress levelဘယ်​​လောက်​တက်​ ဘယ်​​လောက်​ပင်​ပန်းလာမယ်​ စကားလုံး​တွေဘယ်​လိုဖြစ်​လာမယ်​ဆိုတာ. မျက်​နှာအ​နေအထားဘယ်​လိုဖြစ်​လာမယ်​ဆိုတာ. ဒါလဲ က​လေးအ​မေစစ်​စစ်​​တွေပဲသိနိုင်​တဲ့အရာ။

လူကြီး​ဆေးရုံမှာလဲဒီလိုပဲ။ ပြည်​​တွေ နှပ်​​တွေ ​သွေး​တွေ အရိအရွဲ​တွေ ဖုတ်​လှိုက်​ဖုတ်​​လှိုက်​​တွေ နံ​စော်​​နေတာ​တွေ ကြားထဲတ​နေကုန်​ ​ချွေးဒီးဒီကျ လုပ်​​နေရတာ။ ကိုယ့်​အလုပ်​ပဲဟုတ်​တယ်​။ ဒါ​ပေမယ့်​ ဆရာဝန်​အင်​အားနဲ့ လူနာအ​ရေအတွက်​မျှ​နေမှ ဆရာဝန်​​တွေလည်း ကြာကြာအသက်​ရှင်​မယ်​။ နိုင်​ငံခြားကဆရာဝန်​ လူနာအချိုးရယ်​ မြန်​မာပြည်​က ဆရာဝန်​လူနာအချိုးရယ်​ နှိုင်းယှဉ်​ကြည့်​လိုက်​။ မနိုင်​ဝန်​ကို ဖြစ်​​အောင်​ထမ်း​နေကြရတာကြာလှပြီ။ လစာက​တော့ထည့်​မ​ပြောနဲ့။ အဲ့လစာကိုလှည့်​ကြည့်​ထည့်​တွက်​တတ်​ရင်​ ဆရာဝန်​​တောင်​မလုပ်​ဘူး။ ဒါ ဆရာဝန်​ လူနာအချိုးမညီမှုဟာ ဆရာဝန်​​တွေရဲ့ stress levelနဲ့ mood​ပေါ်မှာ influenceအလွန်​ရှိတယ်​ဆိုတာ ရှင်းပြတာ။ workload များတဲ့​နေရာ များ​နေတဲ့အချိန်​မှာ ဒီဆရာဝန် ​ဘယ်​လိုမှပြုံးပြချိုသာချိန်​မရှိဘူး။ ဒီဆရာဝန်​ပဲ workloadနည်းတဲ့အချိန်​ နည်းတဲ့​ဆေးရုံwardဆို ပြုံးရွှင်​ချိုသာစွာ လူနာ​တွေကိုဆက်​ဆံတာ​တွေ့ရလိမ့်​မယ်​။ ပိုက်​ဆံနဲ့မဆိုင်​ဘူး။ stress levelနဲ့ဆိုင်​တယ်​။

လူနာရှင်​ဟာသူ့အပူနဲ့သူ ဆို​တော့ ဒီဆရာဝန်​​ငေါက်​တယ်​ ​ဖေ့ဘွတ်​​ပေါ်တင်​ပလိုက်​မယ်​ ​စောင်​ဆရာဝန်​​တွေဘယ်​လိုဆိုပြီး ဖြစ်​တယ်​။ အဲ့ဆရာဝန်​မက သူ့သမီး​လေးဆိုရင်​​ရော အဲ့သူ့သမီး​လေးက ညကတညလုံး dutyဆင်းပြီးမအိပ်​ရ​သေးတဲ့အပြင်​ မနက်​​စောမှာ ရင်​ခွဲရုံထဲအ​လောင်းခွဲတာပါလုပ်​.. မျက်​တွင်း​ဟောက်​ပက်​နံ​စော်​နဲ့ မနက်​စာမစားရ​သေးပဲ.. လူနာတပြုံကြီးဆက်​ကြည့်​​နေရတာကို သိရင်​​ရော.. ငါ့သမီး​လေးသနားလှချည့်​ ဒီ​စောင်​လူနာ​တွေက ဘာညာ ဆို ​လေသံက​ပြောင်းသွားမှာ..
ကိုယ့်​သားသမီးကိုးဗျ။ ကိုယ့်​သားသမီးလဲမဟုတ်​ ကိုယ်​လဲဆရာဝန်​မလုပ်​ဘူး​တော့ ကိုယ်​ချင်းတစက်​​လေးမှမစာ နာနာသာဆဲ​ပေါ့ဗျာ။ အဲ့ ​စောင်​ဆရာဝန်​​တွေ အစိုးရအလုပ်​ကထွက်​တဲ့​နေ့ဟာ သူတို့ဘဝကြီး ငြိမ်းချမ်း​ရေးစရတဲ့​နေ့
လူလိုသူလို စ ​နေရတဲ့​နေ့ပဲဗျ။ သူတို့မှာ လစာကမ​လောက်​လို့ ည​နေလဲ​ဆေးခန်း​ပြေးထိုင်​။ ​ပိုက်​ဆံ​သောက်​​သောက်​လဲရတဲ့ ​ဆေးခန်းကြီး​တွေ ​ပြေးမမြင်​နဲ့။အဲတာ ​လက်​ချိုး​ရေလို့ရတဲ့အ​ရေအတွက်​ ရှိတဲ့ဆရာဝန်​ကြီး​တွေ ​သေခါနီးအသက်​ရွယ်​ကျမှရတာ။ ​ချွေးတလုံးလုံးရှင်​တို့ဆဲ​နေတဲ့ ​စောင်​ဆရာဝန်​​လေး​တွေဟာဖြင့်​ ​ဝေးလံသီ​ခေါင်​ ရပ်​ကွက်​က​ဆေးခန်း​လေးမှာ bus car တိုးစီးပြီး ညထိ​ဆေးခန်းဆက်​ထိုင်​ရတယ်​။ ဘယ်ေ​လာက်​ပင်​ပန်းပင်​ပန်း။ လခက​လောက်​မှမ​လောက်​တာကိုး။ ည​နေခင်းရဲ့ ​လေ​ပြေညင်းဆိုတာ သူတို့ခံစားဖို့မထိုက်​တန်​တဲ့အရာလိုပဲ။ ဒီ​ဆေူခန်းထဲပဲည​မှောင်​သွားရတာ။ ဘယ်​သူမှ ​ဆေးခန်းဆက်​မထိုင်​ချင်​ဘူး။ အဲ့အချိန်​မှာ အရမ်းပင်​ပန်း​နေပြီ။ နိုင်​ငံခြားကဆရာဝန်​​တွေလို အိမ်​ပြန်​ပြီး ဇိမ်​နဲ့နှပ်​ချင်​ပြီ။ မဖြစ်​လို့ထိုင်​ရတာဗျ။ အိမ်​ကပါးစပ်​​ပေါက်​​တွေစားဖို့ ​မဖြစ်​လွန်းလို့ ထိုင်​ရတာ။ လူပဲ စက်​ရုပ်​မဟုတ်​ဘူး။နားချင်​တာ​ပေါ့။

ဒါကို ဒီ workloadကို ခုထိမမြင်​ပဲ ဝိုင်းရီကြတာ ရင်​နာလို့​ရေးတယ်​ဗျာ။ ငထွားခါးဝင်​နာတာ ဆိုချင်​ဆို။ ကိုယ်​​တွေက တ​နေ့ လူနာ ၁၅​ယောက်​ပဲ ဇိမ်​​လေးနဲ့ကြည့်​။ ချိုချိုသာသာဆရာဝန်​အဖြစ်​ခံယူ ကိုယ့်​ကိုယ်​ပိုင်​အလုပ်​​လေးလုပ်​​နေတဲ့သူ။ ဒါ​ပေသည့်​ အသက်​ထွက်​​အောင်​လုပ်​​နေရတဲ့သူ​တွေကို အဲဒီဘဝကလာတာမို့စာနာတယ်​။
လျပ်​စစ်​မီးမရှိ စားစရာမရှိလို့အရွက်​ခူးစား တဲအိမ်​စုတ်​​လေးထဲ​နေခဲ့ပြီး တ​နေ့ ​မြွေ​ပွေး​မြွေ​ဟောက်​ ဆယ်​​ကောင်​​လောက်​ မကိုက်​​အောင်​​ကျော်​ခွသွား ညကြီးဆွဲကြိုးချ​သေတဲ့အ​လောင်းခွဲစိတ်​ ကိုယ်​တိုင်​ငှက်​ဖျားဖြစ်
ေ​ဆးရုံတက်​နဲ့ ပြည့်​သူ့ဆရာဝန်​ဆိုတဲ့ဘဝမှာ ​ပျော်​​ပျော်​ကြီး ဆယ်​နှစ်​​ကျော်​​နေခဲ့သူဗျ။အဲလိုဘဝမှာ ​နေဆဲ ဆရာဝန်​​တွေကို ရင်​ဘတ်​ကြီးထဲက စာနာတယ်​။
ကိုယ်​သာ ​ဆေးရုံခနခနတက်​ခဲ့ရပြီး ကျန်းမာ​ရေးမ​ကောင်း သားသမီး​မွေးပြီး က​လေး​ရှေ့​ရေးအတွက်​ နှစ်​​ယောက်​လုံး ဝန်​ထမ်းဘဝမှာ ရှင်​တို့ဆဲ​လေ့ရှိတဲ့ ​စောင်​ဆရာဝန်​ပဲဆက်​လုပ်​ရင်​ တာဝန်​ကျရာသွား လခ​လေးနှစ်​သိန်း​ကျော်​နဲ့ သား​လေး မိကွဲ ဖကွဲ လူတန်း​စေ့မ​နေနိုင်​မှာ သိမြင်​ပြီး တ​ယောက်​ထဲထွက်​ခွင့်​ရလို့ ထွက်​လာတာ။

လက်​ရှိလုပ်​​နေဆဲဆရာဝန်​​တွေရဲ့ဘဝကို တခန​လေး တမနက်​​လေးပဲ အရမ်းအလုပ်​များတဲ့ wardထဲသွားထိုင်​ကြည့်​​ပေးပါလား။ ကြည့်​တဲ့အခါ ကိုယ့်​သားသမီး​လေးလို့မြင်​ပြီးခံစားကြည့်​​ပေးပါလား။သူ​ပြေးလွှား​နေတဲ့ မြင်​ကွင်းကို..။ ဒါ​ပေမယ့်​ ကြည့်​လဲလုပ်​။ အဲ့​ဆေးရုံနံဆိုတာကြီးကို တမနက်​လုံးခံရလို့ ​အော့အန်​​နေမစိုးလို့။ ​စောင်​ဆရာဝန်​​တွေက​တော့ ရှု​ပေါ့။ တ​နေ့လုံးအဲ့အနံရှု​နေရ​ပြီး ပြုံးပြုံး​လေး​နေ​ပေါ့။ ​နေနိုင်​တယ်​။ အဲလို အနိဌာရုံထဲ ဘဝ​ပေးထားချင်​လွန်းလို့ ဆရာဝန်​ဆိုတာလုပ်​တာ။ ငယ်​ကတည်းကသူများလိုမကစားရ ကြီးလာ​တော့ သူများလို​လျောက်​မလည်​ပဲ ဒီ​စောင်​စာ​တွေကျက်​ခဲ့ရတာ​လေ.. ရှင်​တို့​စောင်​ဆရာဝန်​​တွေလို့ အဆဲခံဖို့ လူငယ်​ဘဝ ​ပျော်​ရွှင်​မှုအားလုံး ဒီစာ​တွေထဲ နစ်​မြှုပ်​ပစ်​ခဲ့ရတာ။ ဒါ​ပေမယ့်​ ဝန်​နဲ့ အားမျှ​နေမှ စက်​ဖြစ်​ဖြစ်​ လူဖြစ်​ဖြစ်​ ကြာရှည်​ခံနိုင်​မယ်​။ မဟုတ်​ရင်​ breakdownဖြစ်​မှာပဲ။ Physical trauma.. mental trauma ကြာရင်​ရလာမှာပဲ။

ဒါကိုမြင်​​အောင်​ကြည့်​​ပေးကြပါ။ ကိုယ့်​သားသမီး​တွေလိုမြင်​​ပေးကြပါ။ ဆရာဝန်​ လူနာအချိုးမျှ​အောင်​​တော့ လုပ်​​ပေးကြပါ လို့​ပြောချင်​တာပဲ။ မကြိုက်​လဲ မတတ်​နိုင်​ဘူး။ အဲဒီ အခန်းထဲက ရီသံဟာ ရင်​ဘတ်​ထဲခုထိနာကျင်​ခံစားရတုန်း။ ကျွန်​မ ဘယ်​သူ့ကိုမှ ထိခိုက်​မ​ရေးဘူး။ ဘယ်​သူ့ကိုမှ မ​စော်​ကားဘူး။ ဘယ်​နိုင်​ငံ​ရေးထဲမှ ဝင်​မပါဘူး။ ဝင်​မမန့်​ဘူး။ ကျွန်​မနဲ့သက်​ဆိုင်​တဲ့ ပညာ​ရေး ကျန်းမာ​ရေး​တွေပဲ ကျွန်​မအာရုံထားတာပါ။
ဒါ​ပေမယ့်​ ကျွန်​မဟာ ဆင်းရဲစုတ်​ပြတ်​​နေတဲ့ ပြည်​သူ့ဆရာဝန်​ဘဝမှာ
ပျော်​​ပျော်​ကြီး​နေခဲ့ဖူးသူမို့ ဘဝတူဆရာဝန်​​တွေဘဝကို အရမ်းနားလည်​တယ်​။ ကိုယ်​တိုင်​က ​ကျန်းမာ​ရေးမ​ကောင်းလို့ ​ဆေးရုံ​ပေါင်းစုံတက်​ဖူးသူမို့ လူနာ​တွေဘက်​ကလည်း ခံစားတတ်​တယ်​။ လူနာ​တွေရဲ့ခံစားချက်​ကိုလည်း​သိတယ်​။ ​နေမ​ကောင်းရင်​ အားငယ်​တယ်​။ ကြင်​နာတာခံချင်​တယ်​။ ဒါသဘာဝပဲ။

ဆရာဝန်​​တွေလဲ အ​မေကြီး​နေ​ကောင်းလား..ဒီ​နေ့မျက်​နှာ​လေးရွှင်​လာပြီ​နော်​..ဆိုတဲ့ ကြင်​နာစကား​လေးနဲ့ dutyစဝင်​တာပဲ..။ တဖြည်းဖြည်း ရာ​ထောင်​ချီတဲ့ workload​တွေ stress​တွေကြားမှာ စက်​ရုပ်​​တွေလိုဖြစ်​ကုန်​ရတာပါ။
လူနာ​သေလို့ မျက်​ရည်​ကျိတ်​ကျရတာ.. မျက်​ရည်​စက်​လက်​နဲ့ အလုပ်​​တွေဆက်​လုပ်​ရတာ.. သူ​သေ​တော့မယ်​ဆိုတာမသိတဲ့လူနာကို ကြင်​နာစွာ လက်​​လေးကိုင်​ရင်း တည​လုံး ​ဖေးမခဲ့တာ..အိမ်​​ရောက်​မှ ရင်​ကွဲစွာ ကြိတ်​ငိုရတာ ​တွေ... ဒါ ​တွေရှင်​တို့မသိပါဘူး။ အဲဒီစက်​ရုပ်​မျက်​နှာ ​ရဲ့ ရင်​ဘတ်​ထဲကနှလုံးသား​တွေ ရှင်​တို့မြင်​​အောင်​မကြည့်​ပါဘူး။ အသဲအသန်​လူနာတ​ယောက်​တက်​ရင်​ အိပ်​မက်​မှာ​တောင်​လူနာ​သွေးအန်​လို့ ​ဆေးရုံဝန်းထဲချက်​ချင်း​ပြေးကြည့်​တာ.. ဒါ​တွေကို ဆဲ​နေသူ​တွေ
ရှင်​တို့မသိပါဘူး။ မမြင်​ပါဘူး။

ဆရာဝန်​​တွေအ​နေနဲ့လည်း အားငယ်​​နေတဲ့လူနာ​တွေအ​ပေါ်အတတ်​နိုင်​ဆုံး ချိုသာ​ပေးကြပါလို့။ လူနာဆိုတာ အလကား​နေရင်းကို အားငယ်​​နေပြီး ကိုယ့်​ကိုအားကိုးချင်​ကြပါတယ်​။ ချိုသာစွာ​ပြောရင်​ အရာရာ​ ပို​ပြေလည်​ပါတယ်​ ဆိုတာ သိကြပြီးသားပါ ။ အရမ်းကိုပြိုင်းပြီး မချိုသာနိုင်​တဲ့အချိန်​ မ​အော်​မိ​အောင်​စိတ်​ကို relax လုပ်​​ပေးကြပါလို့။ အိမ်​သာထဲ တ​ယောက်​ထဲသွား​အော်​ပစ်
ပြီးမှ ပြုံးပြုံး​လေးပြန်​ထွက်​လာပြီး​ပြော.. ဟု​ဒေ😁
အါ့လိုပဲ လုပ်​ရ​တော့မှာဖဲ😁
မချိုသာနိုင်​တဲ့အခါလည်း လူနာ​တွေဘက်​ကနားလည်​​ပေးကြပါလို့။

အားလုံး​ပြေလည်​ဖို့ရာ ဆရာဝန်​လူနာအချိုးမျှ​အောင်​ systemကို​သေချာတည်​​ဆောက်​​ပေးကြပါလို့ ​တောင်းဆိုလိုတာပါ။ ကျွန်​မတို့လူနာ​တွေကို workload နိုင်​နိုင်​နင်းနင်းနဲ့ ကြင်​ကြင်​နာနာ​လေး​ပြောပြီး ကု​ပေးချင်​ပါတယ်​။ ဆရာဝန်​မ​လေးစကားကြားရတာ အဖွား​ရောဂါတဝက်​သက်​သာပါပြီဆိုတဲ့ စကား​လေး​တွေနဲ့ ပီတိဖြစ်​ချင်​ပါတယ်​။ အရာရာကိုမြင်​​အောင်​ကြည့်​​ပေးပါ။
တောင်းပန်​​နေတာပါ။ မမြင်​နိုင်​ဘူးဆိုရင်​လဲ ​လှောင်​​တော့မရီကြနဲ့ဗျာ။ ရင်​ဘတ်​ထဲကနာလို့ပါ။
image

Sort:  

Congratulations @eingengetoe! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Do not miss the last post from @steemitboard:

Valentine challenge - Love is in the air!

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @eingengetoe! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Valentine's day challenge - Give a badge to your beloved!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61750.97
ETH 2886.67
USDT 1.00
SBD 3.63