တန်ဖိုး

in #life6 years ago

ဆင်းရဲသွားတဲ့လူက
ပိုက်ဆံရဲ့တန်ဖိုးကို ပိုနားလည်တယ်

မိဘမဲ့တဲ့လူက
မိဘရဲ့တန်ဖိုးကို ပိုနားလည်တယ်

နာမကျန်းဖြစ်တဲ့လူက
ကျန်းမာခြင်းရဲ့တန်ဖိုးကို ပိုနားလည်တယ်

ဗရမ်းဗတာ အုပ်ချုပ်မှု
အောက်မှာ နေရတဲ့လူက
ခေါင်းဆောင်ကောင်းတယောက်ရဲ့
တန်ဖိုးကို ပိုနားလည်တယ်

အချစ်စစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့မယ် ဆိုရင်
ဆုံးရှုံးလိုက်ရသူက
အချစ်စစ်ရဲ့ တန်ဖိုးကို ပိုနားလည်တယ်

တကယ်ဆို . . .
ဆုံးရှုံးလိုက်ရမှ
တန်ဖိုးကို ပိုနားလည်မယ့် အစား
ပိုင်ဆိုင်ခွင့်လေးရတုန်း တန်ဖိုးထားမယ်ဆို
ပိုပြီး မကောင်းဘူးလား . . .

ဒါကြောင့် ..သူငယ်ချင်း
အချိန်မလွန်ခင် တန်ဖိုးထားနိုင်ကြပါစေ . . .

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62737.73
ETH 2925.66
USDT 1.00
SBD 3.50